spot_img
Thursday, May 9, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးတော်လှန်ရေးသမားတို့ ၏ ဂုဏ်ရည်

    တော်လှန်ရေးသမားတို့ ၏ ဂုဏ်ရည်

    -

    နိုင်စိုင်း

    ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်တွင် ရွေးကောက်ပွဲရလာဒ်ပေါ် မကျေနပ်ခြင်း အတင်းအဓမ္မအာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ (EROs) နှင့် ပြည်သူ့ ကာကွယ်ရေးတပ်များ (PDFs) တို့ အပေါ် အကြမ်းဖက်သမားများ သောင်းကျန်းသူများဟု စွပ်စွဲပြီး ဥပဒေကို ချိုးဖောက်သူများအဖြစ် ၎င်းတို့ စစ်အုပ်စုပိုင် မီဒီယာများတွင်လည်းကောင်း၊ စကစ ပြောရေးဆိုခွင့်ရှိသူ ‘ဇော်မင်းထွန်း’ မှ အမြဲတစေ ပြောဆိုတတ်ပေသည်။

    သို့ရာတွင် ပြည်သူများ၏ အမြင်မှာကား စကစ စစ်ကောင်စီများနှင့် တော်လှန်ရေးသမားများအကြား မည်သူသည် အကြမ်းဖက်သမား ဖြစ်သည်၊ မည်သူသည် ပြည်သူဘက်တော်သား ဖြစ်သည်ကို ကောင်းမွန်စွာ သဘောပေါက်နားလည်ကြပေသည်။

    ၁၀၂၇ စစ်ဆင်ရေးမှ တော်လှန်ရေးသမားများ (Photo: RFA)

    ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် တိုက်ပွဲဝင်ခဲ့သည့် မြောက်ပိုင်းညီနောင် တိုင်းရင်းသားတော်လှန်ရေးများ (EROs) နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDFs) များ၏ ပြည်သူလူထုများနှင့် လက်နက်ချသည့် စကစ စစ်သားများအပေါ် ပြုမှုသည့်လုပ်ရပ်များသည် မီဒီယာတွင် ပေါ်ထွက်လာခဲ့သည်။ ထိုပြုမူလုပ်ရပ်များကို ပြည်သူလူထုများသော်လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့ အစည်းများမှ ချီးကျူး ဂုဏ်ပြုခဲ့ပေသည်။

    မြောက်ပိုင်းညီနောင် (၃) ပါတီ၏ လုပ်ရပ်ကို ကြည့်ကြပါစို့။

    (က) ပြည်သူလူထုနှင့် ဆက်ဆံသည့်အခါ စစ်သားများက အယင် လက်ဆွဲအလးပြုပြီး နှုတ်ဆက်ကာ မိမိတို့ တာဝန်အရ ဆက်လက်လုပ်ဆောင်သွားရသည်။ ကားများတွင် စကစ စစ်သားများ လက်နက်များ ပါလာမည်ကို စိုးရိမ်သဖြင့် ပြည်သူလူထုစီးနင်းသောကားများကို စစ်ဆေးရာတွင် ပြည်သူလူထုကို လေးလေးစားစား ဆက်ဆံသည်။ ပြည်သူသာမိ ပြည်သူသာ အဖ’ ပုံစံမျိုး ဖြစ်ပါသည်။ စကစ ဗမာ/မြန်မာ စစ်တပ်နှင့် အတော်ပင်ကွာခြားသည်။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်သားများ ပြည်သူနှင့် တွေ့သည့်အခါတိုင်း ခြိမ်းခြောက်သည်။ မာကျောစွာ ဆက်ဆံသည်။ ရပ်ရွာအတွင်းရှိ ပစ္စည်းပစ္စယ အစားအသောက် အိမ်မွေးတိရိစ္ဆာန်များကိုပါ လုယူစားသောက်သည်။

    (ခ) မြောက်ပိုင်းညီနောင်တပ်ဖွဲ့ သည် လက်နက်ချ စစ်သုံ့ပန်းများကို ရိုက်နှက်ခြင်း ညှင်းပန်း နှိပ်စက်ခြင်း မပြုလုပ်ပါ။ ၎င်းတို့ အတွက် ကောင်းမွန်သော နေရာထိုင်ခင်းများကို ဖန်တီးပေးသည်။ အစားအစာများကို ကောင်းမွန်စွာ ကျွေးမွေးသည်။ လူသားကဲ့သို့ ဆက်ဆံသည်။ တော်လှန်ရေးတပ်ဆိုသော်ငြားလည်း နိုင်ငံတကာ လူသားချင်းစာနာသည့် ဥပဒေများကို လေးစားလိုက်နာသည်ကို တွေ့ ရပေသည်။ ထို့ ကြောင့် စကစ ဗမာစစ်သားအများစုမှာ ညီနောင်မဟာမိတ်တပ်ဖွဲ့ ရောက်လာသည်နှင့် လက်နက်ချကြသည်။ လက်နက်ချခြင်းအားဖြင့် မိမိတို့ အသက်ရှင်သန်မည်ကို ကောင်းမွန်စွာ သိရှိသည်။ ၎င်းအပြင် ညီနောင်မဟာမိတ်တပ်ဖွဲ့ များသည် ထိုစစ်သုံ့ ပန်းတို့အား ၎င်းတို့ လိုအပ်သည့် နေရာသွားရောက်ရန်အတွက် လမ်းစရိတ်များ၊ ဘဝပြန်လည်ထူထောင်ရေးစရိတ်များ ပေးအပ်သွားသည်မှာ အံ့မခန်းဖွယ်ဖြစ်သည်။

    အကြမ်းဖက် စစ်ကောင်စ်၏ လုပ်ရပ်နှင့် တော်လှန်ရေးသမားတို့ ၏ လုပ်ရပ်သည် အလွန်ပင် ကွာခြားသည်။ စကစ စစ်ကောင်စီ၏ လုပ်ရပ်ကား ‘ကြွက်မနိုင် ကျီမီးရှို့ ခြင်းသာ’ ဖြစ်သည်။ တော်လှန်ရေးအဖွဲ့အစည်းများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုလုပ်သည့်အခါ ရပ်ရွာနှင့် ပြည်သူတို့ အား ပစ်မှတ်ထား တိုက်ခိုက်တတ်သည်။

    စကစ အကြမ်းဖက်စစ်တပ်သည် ပြည်သူလူထုများအား လက်နက်ကြီးဖြင့် နေ့စဉ်နှင့်အမျှ တိုက်ခိုက်သည်။ ပြည်သူလူထု အများပိုင် အဆောက်အဦဖြစ်သည့် ဘုန်းကြီးကျောင်း၊ ဆေးရုံ/ ဆေးခန်းတို့ အား ဗုံးကြဲတိုက်ခိုက်သည်။ ဖမ်းဆီးမိသည့် အပြစ်မဲ့ရွာသူရွာသားများကို သတ်ဖြတ်သည်။ ရွာများကို မီးရှို့ သည်။ ဤကဲ့သို့သော လုပ်ရပ်များမှာ နိုင်ငံတကာ စစ်ပွဲစည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်ပေသည်။

    တော်လှန်ရေးအဖွဲ့ အစည်းများ၏ ပြည်သူလူထုအပေါ် ဆက်ဆံမှု၊ စစ်သုံ့ပန်းများ စာနာထောက်ထားမှု၊ စစ်ပွဲအတွင်း ပြည်သူလူထုများ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်မှုများမှာ ချီးကျူးဘွယ် ဖြစ်ပေသည်။

    EROs နှင့် PDFs များ၏ ပြောဆိုချက်အရ ၎င်းတို့ယနေ့ လက်နက်ကိုင်တိုက်ပွဲဆင်နွဲသည့်အခါ စစ်အာဏာရှင်စနစ်ကို ၎င်းတို့တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်အာဏာရှင်သားကောင်ဖြစ်သည့် စစ်သားများအား လက်စားချေရန်မဟုတ်ပေ။ မိမိတို့ ထံ လက်နက်ချလာသည့်် မည်သူ့ကို မဆို သတ်ဖြတ်ရန် မပြုလုပ်ရန် မိမိတပ်တွင်းရှိ အရာရှိများနှင့် တပ်သားများအား အမိန့် ပေးထားကြောင်း ဗမာအမျိုးသားလွတ်မြောက်ရေးတပ်မတော် ကွပ်ကဲရေးမှုး မောင်ဆောင်းခ က Myanmar Now ကို ပြောဆိုခဲ့ပေသည်။

    ဗမာအမျိုးသားလွတ်မြောက်ရေးတပ်မတော် ကွပ်ကဲရေးမှုး မောင်ဆောင်းခ (Photo: DVB)

    ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) မှ ဆင်နွဲသည့် တစ် (၄) လုံး (၁၁၁၁) စစ်ဆင်ရေးတွင်လည်း ပြည်သူများ၏ ချီးကျူးထောပနာပြုမှုကို ရရှိခဲ့သည်။ KNDF မှ ပြည်သူလူထုအပေါ် ဆက်ဆံမှု၊ စစ်သုံ့ ပန်းများအပေါ် ဆက်ဆံမှုနှင့် စစ်ပွဲတွင် ပိတ်မိနေသော တက္ကသိုလ်ဆရာ/ဆရာမများအား ကယ်ထုတ်မှုများမှာ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကို အပြည့်အဝ လိုက်နာကြောင်းကို တွေ့ ရှိရပါသည်။

    KNDF မှ လွိုင်ကော်မြို့ သိမ်းတိုက်ပွဲမှာ ပြည်သူများ အစိုးရဝန်ထမ်းများ နှင့် လက်နက်ချစစ်သုံ့ ပန်းများအား ဆက်ဆံသည့် အနေအထားကို ပြန်လည် သုံးသပ်ကြပါစို့ ။

    (က) နိုဝင်ဘာလ (၁၆) ရက်နေ့ တွင် KNDF ဒု-စစ်ဦးမှုးမှ ဦးဆောင်သည့်တပ်ဖွဲ့များ လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း တပ်စွဲနေသည့် ဗမာစစ်သားများအား ဆက်ဆံခဲ့သည့်ဗီဒီယိုတခုမှာ ဆိုရှယ်မီ်ဒီယာတွင် ကျယ်ကျယ်ပြန့် ပြန့် ထွက်ပေါ် လာသည်။ အမှန်မှာ ဗမာစစ်သားများ တက္ကသိုလ်အတွင်း တပ်စွဲနေခြင်းမှာ နိုင်ငံတကာဥပဒေအား ချိုးဖောက်ပြီးသား ဖြစ်ပါသည်။ သို့ရာတွင် KNDF တပ်ဖွဲ့ မှ ပိတ်မိနေသည့် ဗမာစစ်သားများအပေါ် အခွင့်ကောင်းယူပြီး တိုက်ခိုက်သတ်ဖြတ်နိုင်သည်။ သို့ ရာတွင် KNDF စစ်သားများမှ မလုပ်ခဲ့ပါ။ ဗမာစစ်သားတို့ အား စနစ်တကျ လက်နက်ချခိုင်းသည်။ ဒဏ်ရာရရှိသူ စစ်သုံ့ ပန်းတို့အား ဆေးကုသမှု ပြုပေးသည်။ နောက်ပြီး ထိုစစ်သုံ့ပန်းများအား ၎င်းတို့ မိသားစုအား ဆက်သွယ်ခွင့် ပေးခဲ့ပါသည်။ လုံလောက်သော အစားအသောက်နှင့် နေရာထိုင်ခင်းများကို ပေးအပ်ခဲ့သည်။ လွိုင်ကော်မြို့ သိမ်းတိုက်ပွဲတွင် ဗမာစစ်သား (၃၈) ဦးက လက်နက်ချသည်။

    (ခ) ကရင်နီ ၁၁၁၁ စစ်ဆင်ရေး အတွင်း လွိုင်ကော်တက္ကသိုလ်တွင် နိုဝင်ဘာ ၁၃/၁၄ ရက်များမှာ စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်း တပ်ဖွဲ့တို့ အကြား ဖြစ်ပွား ခဲ့သည့် တိုက်ပွဲများအတွင်း ပိတ်မိနေသည့် တက္ကသိုလ်ဆရာ/ဆရာမနှင့် တက္ကသိုလ်ဝန်ထမ်း အပါအဝင် မိသားစု (၂၀၄) ဦးကို ဖမ်းဆီးခဲ့ပါသည်။ ၎င်းဝန်ထမ်းများမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဆန့် ကျင်သည့် လူထုအာဏာဖီဆန်လှုပ်ရှားမှုတွင် မပါဝင်ခဲ့သည့် ဝန်ထမ်းများ (Non-CDM) ဖြစ်ပါသည်။ ၎င်းတို့ ကို ဘေးကင်းလုံခြုံရာကို ခေါ်သွားပြီးသည့်နောက် အစားအသောက်နှင့် နေရာထိုင်ခင်းများကို ကောင်းမွန်စွာ ပေးအပ်ခဲ့ပါသည်။ သို့ ရာတွင် KNDF မှ ထို Non-CDM ဝန်ထမ်းတွေအနေဖြင့် စစ်တပ်နှင့် မည်သို့ ပူးပေါင်းဆောင်ရွက်မှု ရှိနေသည်များကို စစ်ဆေးမေးမြန်းခဲ့ပြီး အပြစ်မဲ့သည့် Non-CDM ဝန်ထမ်း (၁၀၇) ဦးကို နိုဝင်ဘာလ (၂၄) ရက်နေ့ မှာ ပြန်လွတ်ခဲ့ပါသည်။

    (ဂ) ၎င်းအပြင် လွိုင်ကော်မြို့ တိုက်ပွဲမှာ KNDF မှ စကစ၏ လေယာဉ်တစီးကို ပစ်ခတ်ခဲ့ပြီး လေယာဉ်မှုးတဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။ စစ်အာဏာရှင် မင်းအောင်လှိုင် အာဏာသိမ်းပြီးသော (၂) နှစ်တာကာလအတွင်း ပြည်သူလူထုများအပေါ် ရက်ရက်စက်စက် သတ်ဖြတ်သူများမှာ မြန်မာ့လေတပ်မှ လေသူရဲများဖြစ်သည်။ မြန်မာလေတပ်မှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထုများ သေကြေခြင်း၊ ရပ်ရွာများ ဖျက်ဆီးမီးလောင်ခြင်း၊ ပြည်သူလူထုများ ထွက်ပြေးတိမ်းရှောင်ခြင်းကို ဖြစ်ပေါ်စေသည်။ သို့ရာတွင် KNDF တပ်ဖွဲ့ ဝင်များနှင့် ကရင်နီပြည်ကြားကာလအစိုးရ (Interim Executive Committee – IEC) အနေဖြင့် ထိုလေယာဉ်မှုးကို သတ်ဖြတ်ခြင်း မပြုပေ။ စစ်သုံ့ပန်းတို့အား ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ သို့ရာတွင် မြန်မာ့လေတပ်၏ ရက်စက်သော လုပ်ရပ်များပေါ် အချက်အလက်ရယူခဲ့သည်။ လေယာဉ်မှုးကို IEC ၏ ဥပဒေအရ အရေးယူသွားနိုင်သည့် အခြေအနေရှိနေပါသည်။

    တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) များမှာ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအရ ပြည်သူလူထုများနှင့် စစ်သုံ့ ပန်းများအပေါ် ကောင်းမွန်စွာ ဆက်ဆံသော်လည်း စကစ စစ်ကောင်စီများ၏ စစ်ကြောင်းများ လေကြောင်းတိုက်ခိုက်မှုဖြင့် ပြည်သူလူထုအား သတ်ဖြတ်ခဲ့သည်။

    စကစ စစ်ကောင်စီမှ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအား ချိုးဖောက်ခဲ့သည့် အနေအထားကား အောက်ပါအတိုင်း ဖြစ်သည်။

    (က) အရပ်သားပြည်သူပြည်သူအများစု နေထိုင်သည့် နေရာများဖြစ်သည့် တက္ကသိုလ်၊ ဆေးရုံ၊ ကျောင်း၊ ဘုန်းကြီးကျောင်းများတွင် တပ်စွဲခြင်း။

    (ခ) အရပ်သားများအား ဖမ်းဆီးပြီး ပေါ်တာအဖြစ်လည်းကောင်း၊ လူသားဒိုင်းအဖြစ် စစ်ပွဲများတွင် အသုံးပြုခြင်း။

    (ဂ) ရပ်ရွာများအား လက်နက်ဖြင့် တိုက်ခိုက်ခြင်း။ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း။ မီးရှိ့ခြင်းများ ပြုလုပ်ခြင်း။

    (ဃ) စစ်မြေပြင်ဒေသအတွင်း အပြစ်မဲ့ပြည်သူတို့ အား သတ်ဖြတ်ခြင်း စသည့် ကိစ္စရပ်များသည် နိုင်ငံတကာဥပဒေအား ချိုးဖောက်ခြင်း ဖြစ်သည်။

    စစ်ပွဲတပွဲတွင် အနိုင်ရယူလိုခြင်းကြောင့် တရားသည်ဖြစ်စေ၊ မတရားသည် ဖြစ်စေ၊ စစ်ပွဲတွင် ဆောင်ရွက်ခြင်းသည် လူသားအမျိုးနွယ်များကို ပျက်သုန်းစေသည်။ လူသားများအား နာကျင်စေခြင်း၊ ရက်စက်မှုများနှင့် လက်တုံ့ ပြန်စေခြင်းများ ဖြစ်ပေါ်စေပြီး မပြီးဆုံးသော ပဋိပက္ခများကို ရင်ဆိုင်ရဖွယ်ရှိသည်။

    မည်သို့ ပင်ဆိုစေ၊ ကျွနု်ပ်တို့ တော်လှန်ရေးသမားများမှာ နိုင်ငံကြီးသား ပီသစွာဖြင့်၊ စစ်သူရဲကောင်း ပီသစွာဖြင့်၊ စစ်သည်ကျင့်ဝတ်များအား လိုက်နာထိန်းသိမ်းစောင့်ရှောက်ပြီး စစ်အာဏာရှင် စစ်ဘုရင်စနစ်အား သိက္ခာကြီးမားစွာ တိုက်ပွဲဝင်နေခြင်းသည် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း တင်ပြရပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,300SubscribersSubscribe
    spot_img

    Latest posts