`သက်ငြိမ်´ပန်းချီကားတစ်ချပ်လို ငြိမ်သက်နေသော ပတ်ဝန်းကျင်ကို ဥပေက္ခာပြု၍ နယ်လွန်အတွေးစများဖမ်းဆုပ်ရန် ကျွန်တော် ကြိုးစားနေမိသည်။ မြင်ကွင်းများက ပျက်စီးနေသည့် စက်ခေါင်းတစ်ခုလို ဖရိုဖရဲပြန့်ကျဲလျက်။ ကြယ်မစုံညတွင် အပယ်ခံခဲ့ရသော စက်ခေါင်းအမှတ်များ။ သန်းခေါင်ယံထက် ဝေးသွားလိုက်၊ နီးလာလိုက် ဝိုးတဝါးနှင့် ကြယ်တာရာများ။ မှိန်ပျပျ စန္ဒာလမင်းအလင်းနှင့် ဟိုဒီဖက် ကူးလူးလှုပ်ရှားနေသော တိမ်စိုင်မဲ အဆုပ်လိုက်များ။
Read More »MCL ကုမ္မဏီအရေးယူရေးအဆို မွန်ဝန်ကြီးချုပ်ကန့်ကွက်သော်လည်း လွှတ်တော်မဲခွဲအတည်ပြုခဲ့
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) သည် ခွင့်ပြုချက်မရှိဘဲ ကျောက်မီးသွေးလောင်စာဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်လည်ပတ်နေခြင်းကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးရေးအဆိုအား မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ကန့်ကွက်သော်လည်း မွန်ပြည်နယ်လွှတ်တော်က ယနေ့စက်တင်ဘာ ၆ ရက်နေ့တွင် မဲခွဲအတည်ပြုလိုက်သည်။
Read More »မွန်လွှတ်တော်သို့ တိုင်ကြားသည့်ကိစ္စတွင် မြေယာအငြင်းပွားမှုပြဿနာ အများဆုံးဟုဆို
မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာများလေ့လာသုံးသပ်စိစစ်ရေးကော်မတီသို့ လူထုမှ တိုင်ကြားလာသည့် တိုင်ကြားစာများထဲတွင် မြေယာအငြင်းပွားမှုပြဿနာသည် အများဆုံးဖြစ်သည်ဟု တိုင်ကြားစာ၊ အသနားခံစာများလေ့လာသုံးသပ်စိစစ်ရေးကော်မတီထံမှ သိရသည်။
Read More »မွန်ပြည်နယ် စည်ပင်သာယာရေးနည်းဥပဒေကို (၃) လအတွင်း အပြီးသတ်ရေးဆွဲမည်
မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုပြဌာန်းပြီးသော ပြည်နယ် စည်ပင်သာယာရေး ဥပဒေအတွက် ကျန်ရှိသည့်နည်းဥပဒေကို ၃ လခန့် အချိန်ယူပြီး အပြီးသတ် ပြုစုနိုင်မည်ဟု မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ဆိုသည်။
Read More »မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဖွဲ့စည်း
မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီကို ဇူလိုင်လ (၇)ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီးကြောင်း မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရုံး မှ သိရသည်။
Read More »မွန်လွှတ်တော်ဦးစီးမှူးတစ်ဦး ငွေတောင်းခံသည့်ကိစ္စစိစစ်ပြီး
မွန်ပြည်နယ်လွှတ်တော်တွင် အသစ်ခန့်အပ်ရန်ရွေးချယ်ခံရသည့် အငယ်တန်းစာရေးတို့အား ဦးစီးမှူးတစ်ဦးမှ ငွေကြေးတောင်းခံခဲ့သည်ဆိုသည့်ကိစ္စကို မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေး ကော်မတီမှ စိစစ်ပြီးစီးသွားပြီဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူမှ သိရသည်။
Read More »မွန်ပြည်နယ်မြို့ဝင်ကြေးဘီးခွန်များကို ဒေသဖွံ့ဖြိုးရေးတွင် အသုံးပြုမည်
မွန်ပြည်နယ်အတွင်း ကောက်ခံရရှိသည့် မြို့ဝင်ကြေး ဘီးခွန်ခများကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
Read More »တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာဦးစီးဋ္ဌာနတွင် ဝန်ထမ်းခန့်အပ်ရန်စီစဉ်လျက်ရှိ
အစိုးရအသစ်လက်ထက်၌ အသစ်ဖွဲ့စည်းလိုက်သည့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဋ္ဌာနနှင့် ၄င်းဌာနအောက်ရှိ ပြည်နယ်/တိုင်းရုံး တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဋ္ဌာန၊ တိုင်းရင်းသားအခွင့် အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဋ္ဌာနတို့တွင် ဝန်ထမ်းများခန့်အပ်ရန် ပြည်ထောင်စုအဆင့်တွင် စီစဉ်ဆောင်ရွက်နေကြောင်း တိုင်းရင်းသားအခွင့် အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဋ္ဌာန ဦးစီးအရာရှိ ဦးချစ်ဇော်လင်းမှ သိရသည်။
Read More »မော်လမြိုင် လှိုင်(မြေနီကုန်း) အဝေးပြေးကားဝင်း တိုးချဲ့ရန်အစီအစဉ်မရှိ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ လှိုင်(မြေနီကုန်းအဝေးပြေးကားဝင်း)ကို တို့ချဲ့ရန် အစီအစဉ်မရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ကျင်းပဆဲမွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ပြောကြားလိုက်သည်။
Read More »မွန်ပြည်နယ်အစိုးရ ဒုတိယ (၆) လပတ်အစီရင်ခံစာအချက်အလက်ကွဲလွဲမှုများရှိနေပြီး မှတ်တမ်းအဖြစ်ထားရှိ
မွန်ပြည်နယ်အစိုးရအဖွဲ့မှ လွှတ်တော်သို့ တင်သွင်းသော ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဒုတိယ (၆) လပတ် အစီရင်ခံစာတွင် ကိန်းဂဏန်းအချက်အလက်အချို့ ကွဲလွဲမှုများ တွေ့ရှိရကြောင်း ဇွန်လ ၁၄ ရက်နေ့ကကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များမှ ထောက်ပြဆွေးနွေးခဲ့ပြီး လွှတ်တော်မှ မှတ်တမ်းအဖြစ်သာ ထားရှိခဲ့သည်ဟု သိရသည်။
Read More »
မွန်သတင်းအေဂျင်စီ Mon News Agency