မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ-၉)မော်လမြိုင်မြို စျေးကြီးများဖြစ်သော အမှတ် (၁)ဈေး၊ မြိုင်ရတနာနှစ်ထပ်ဈေး နှင့် လေးထပ်ဈေးတို့တွင် အဌားဆိုင်ခန်းဖြင့် ရောင်းချနေသူ ၅၀ ရာခိုင်နှုန်းကျော် ဆိုင်ခန်းများပြန်အပ်နေကြပြီဖြစ်ကြောင်း အမှတ်(၁)ဈေးကော်မတီအဖွဲ့ထံမှ သိရသည်။ကိုဗစ်တတိယလှိုင်းမြင့်တက်လာသည့်ကာလက စည်ပင်သာယာဈေးများတွင် အခြေခံစားသောက်ကုန်ဆိုင်များသာ ဖွင့်ခွင့်ပေးထားပြီး ရွှေ၊ အဝတ်အထည်၊ အိမ်ဆောက်ပစ္စည်းနှင့် ကျန်သည့်ဆိုင်များကို ပိတ်ထားရန် ဇူလိုင် ၅ ရက်တွင် ညွှန်ကြားခဲ့ကြောင်း၊ လက်ရှိအချိန်ထိ ဖွင့်လှစ်ခွင့်မရသောကြောင့် ဆိုင်ခန်းဌားထားသူများဆိုင်ခန်း ပြန်အပ်နေကြခြင်းဖြစ်ကြောင်း ဈေးကော်မတီအဖွဲ့ဝင် ဦးစိုးက ပြောသည်။“ကိုယ်ပိုင်ဆိုင်သမားတွေက ကိစ္စမရှိဘူး။ အဌားသမားတွေဆို ဆိုင်တွေတောင် ပြန်အပ်ကုန်ကြပြီ။ အဌားသမားတွေကျတော့ ဆိုင်ဌားခလည်းပေးရတယ်။ အလုပ်သမားခနဲ့ဆို မကိုက်ကြလို့ အဌားသမားတွေ တော်တော်များများ ဆိုင်ပြန်အပ်ကုန်ကြပြီ”ဟု ၎င်းက ပြောသည်။အခြေခံစားသောက်ကုန်ဆိုင်များ ဖွင့်လှစ်ခွင့်ပေးထားသော်လည်း ဈေးများသို့ …
Read More »မွန်ပြည်သစ်ပါတီ သထုံခရိုင် ကိုဗစ်ကာကွယ်ဆေးခွဲတမ်းထက် စာရင်းပေးသွင်းသူများပြား
မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၉) မွန်ပြည်သစ်ပါတီ သထုံခရိုင်အုပ်ချုပ်ရေးဒေသအတွက် ရရှိထားသောကိုဗစ်ကာကွယ်ဆေး ခွဲတမ်းထက် စာရင်းလာရောက်ပေးသွင်းသူ များပြားနေသဖြင့် ယခုပထမအကြိမ်ကာကွယ်ဆေးထိုးနှံရာတွင် ဆေးလုံလောက်မှုမရှိကြောင်း တာဝန်ရှိသူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံရန် သထုံခရိုင်အတွက် လူအယောက် (၈၅၀) စာ ဆေးအလုံးရေလျာထားသော်လည်း ယမန်နေ့က ကာကွယ်ဆေးစတင်ထိုးနှံသည့်အခါ စာရင်းလာရောက်ပေးသွင်းသူ (၁၅၀၀) ကျော်ရှိသည်ဟု မွန်ပြည်သစ်ပါတီ သထုံခရိုင် ကျန်းမာရေးဌာနတာဝန်ခံ နိုင်ဇော်မင်းဦးက ဆိုသည်။ နိုင်ဇော်မင်းဦးက “ဒီတတိယလှိုင်းမှာ ကျနော်တို့ ခရိုင်အုပ်ချုပ်ရေးရုံးဌာနချုပ်အနီးအနားရွာတွေက လူသေနှုန်း မြင့်ခဲ့တယ်။ ကာကွယ်ဆေးလာထိုးကြဖို့ ဒေသခံလူထုတွေကို နှိုးဆော်ပြီး စာရင်းလာသွင်းခိုင်းတယ်။ ထင်ထားတာထက် ကျတော်တို့ဆီ စာရင်းလာသွင်းကြတာ တော်တော်များတယ်။ ကာကွယ်ဆေးထိုးဖို့ကို လူထုက စိတ်ဝင်စားလာကြပြီ” …
Read More »ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေးခက်ခဲလာ
မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၈) ကိုဗစ်တတိယလှိုင်း နှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာမှုများကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေး ပိုမိုခက်ခဲလာသလို အလုပ်အကိုင်လည်း မရှိတော့ကြောင်း မော်လမြိုင်မြိုမှ ဒေသခံတစ်ဦးက ပြောသည်။ “တစ်ချို့ အလုပ်တွေနားထားရတဲ့သူတွေ အများကြီးပဲ။ တစ်ချို့ဆိုင်တွေက ပိတ်ထားရတယ်လေ။ စားသောက်ကုန်ပဲ ဖွင့်ခွင့်ရတာ။ စားသောက်ကုန်မဟုတ်တဲ့ဆိုင်တွေမှာ လုပ်တဲ့သူတွေက အလုပ်နားထားရတယ်။ အဲမှာလုပ်နေတဲ့သူအားလုံးက အခြေခံလူတန်းစားတွေပဲလေ”ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည်ှ ဇူလိုင်လ ၅ ရက်နေ့မှ စတင်ကာ စည်ပင်သာယာဈေးများတွင် အခြေခံစားသောက်ကုန်ဆိုင်များသာ ဖွင့်လှစ်ရောင်းချခွင့်ပေးခဲ့ပြီး ကျန်သည့်ဆိုင်များကို ပိတ်ထားရန် ညွှန်ကြားခဲ့ကြောင်း၊ အလုပ်အကိုင်နားထားရသောကြောင့် စားဝတ်နေရေးပြသာနာကို ကြုံသလိုဖြေရှင်းနေရသော်လည်း ကုန်ဈေးနှုန်းက ကျဆင်းသွားခြင်းမရှိဘဲ ဆက်တိုက်မြင့်တက်လာနေကြောင်း ၎င်းက ဆက်ပြောသည်။ …
Read More »ကျိုက်မရောမြို့နယ် လူထုကျန်းမာရေးဝန်ဆောင်မှု ပရဟိတအဖွဲ့များထံ အကူအညီတောင်းခံနေရ
မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၇) လက်ရှိကိုဗစ်တတိယလှိုင်းဖြစ်ပေါ်နေသည့်ကာလအတွင်း ကျိုက်မရောမြို့နယ်ရှိ ကျေးလက်နေပြည်သူလူထုများ၏ ကျန်းမာရေးဝန်ဆောင်မှုများကို ပရဟိတအဖွဲ့များထံ အကူအညီတောင်းခံနေရကြောင်း သိရသည်။ နိတုံကျေးရွာသားများအနေဖြင့် အစိုးရဆေးရုံသို့သွားရောက်ကုသရန် အခက်အခဲရှိနေသဖြင့် ပရဟိတအဖွဲ့များထံ အကူအညီတောင်းခံခဲ့ရကြောင်း၊ ကျေးရွာအတွင်းရှိ လူနာ ၁၀၀ ခန့်အား ယမန်နေ့က ပရဟိတအဖွဲ့များလာရောက်ပြီး အခမဲ့စစ်ဆေး၍ဆေးကုသမှုပေးခဲ့ကြောင်း နိတုံဘုန်းတော်ကြီးကျောင်းဟောင်းမှ ဆရာတော် အရှင်မာဃက မိန့်ကြားခဲ့သည်။ ဆရာတော်က “မော်လမြိုင်က ပရဟိတအဖွဲ့တွေနဲ့ အဆက်အသွယ်ရတယ်၊ ပရဟိတစိတ်ဓါတ်အပြည့်နဲ့ မနေ့က သူတို့လာရောက်အကူအညီပေးခဲ့ပါတယ်၊ ဆရာဝန်တွေခေါ်လာပေးတယ်၊ ရွာမှာ လူနာစာရင်းတွေပြုစုပေးထားတယ်၊ ဘယ်လိုရောဂါတွေအဖြစ်များလဲ၊ သွေးတိုး၊ ဆီးချိုရောဂါအမျိုးအစားအလိုက် စာရင်းကောက်ထားပြီး လိုအပ်တဲ့ဆေးဝါးတွေကို ရွာကအစီအစဉ်နဲ့ အလုံအလောက်ဝယ်ပေးထားတယ်၊ အခုလိုကိုဗေတ်ကာလမှာ ဆေးရုံသွားဖို့ အခက်အခဲရှိတာမို့လို့ ဆရာဝန်တွေခေါ်လာပြီး ကိုယ့်ရွာမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် …
Read More »မွန်ပြည်သစ်ပါတီတပ်ဖွဲဝင်များအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးနှံရမည်ဟု အမိန့်ထုတ်ပြန်ထား
မွန်သတင်းအေဂျင်စီ (၇ စက်တင်ဘာ ၂၀၂၁) မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များအားလုံး ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေထိုးနှံရမည်ဟု အမိန့်ထုတ်ပြန်ထားကြောင်း မွန်ပြည်သစ်ပါတီဗဟို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီက ဥက္ကဌ၏ ယမန်နေ့ အင်တာဗျူးတရပ်တွင် ပြောဆိုခဲ့သည်။ မွန်ပြည်သစ်ပါတီဗဟို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဥက္ကဌ နိုင်ဗညားလယ်က “ ကျနော်တို့ပါတီအနေနဲ့ ပြည်သူလူထုအတွက် ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းနှိုးဆော်ထားတာသလို ပညာပေးစာရွက်တွေကိုလည်း ဖြန့်ဝေပေးပါတယ်၊ ဒီလောက်တောင် စာတွေထုတ်ပြန်ထားပေမယ့်လည်း ကျနော်တို့ ပါတီဝင်ရဲဘော်တွေနဲ့ မှီခိုသူမိသားစုဝင်တွေ ကာကွယ်ဆေးလာမထိုးကြဘူး ဒါကြောင့် အခုဆိုရင် ပါတီအနေနဲ့ ပြန်လည်သုံးသပ်ပြီးတော့ အမိန့်တရပ်အနေနဲ့ ထုတ်ပြန်လိုက်တယ်၊ ပါတီဝင်ရဲဘော်တိုင်း မဖြစ်မနေကာကွယ်ဆေးထိုးရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တယ်” ဟု ဆိုသည်။ အစိုးရကျန်းမာရေးဌာနနှင့်ပူးပေါင်း၍ မွန်ပြည်သစ်ပါတီနယ်မြေအတွင်းရှိ တပ်ဖွဲ့ဝင်များနှင့် မှီခိုသူမိသားစုဝင်များ၊ ပရဟိတဆောင်ရွက်သူများနှင့် ဌာနဆိုင်ရာဝန်းထမ်းအသီးသီးအတွက် ကာကွယ်ဆေးအလုံးရေ …
Read More »လူသားချင်းစာနာမှုအကူအညီများပေးအပ်နိုင်ရန် ၄ လကြာ အပစ်ရပ်စဲဖို့ အာဆီယံအထူးသံတမန်တောင်းဆို
မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၇) လူသားချင်းစာနာမှုအကူအညီများ ချောချောမွေ့မွေ့ပေးအပ်နိုင်ရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့များအားလုံး (၄) အကြာ အပစ်ရပ်စဲကြရန် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဗီဒီယိုကွန့်ဖရန့်မှ တစ်ဆင့်တွေ့ဆုံရာတွင် ၂၀၂၁ ခုနှစ် နှစ်ကုန်အထိ အပစ်ရပ်စဲရန် အဆိုပြုခဲ့သည်ကို တပ်မတော်ဘက်က လက်ခံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ဒါတို အီရာဝန် ယူစွဖ်က ဆိုသည်။ “ဒါဟာ နိုင်ငံရေးဆိုင်ရာ ပစ်ခတ်မှု ရပ်ဆိုင်းရေး မဟုတ်ပါဘူး။ လူမှု ကယ်ဆယ်ရေး သမားတွေ၊ အကူအညီပေးရေး အဖွဲ့တွေရဲ့ လုံခြုံရေးကို အာမခံ စေလိုတဲ့ သဘောဖြစ်ပါတယ်။ သူတို့ ဘေးကင်းရန်ကင်း အလုပ်တွေ လုပ်နိုင်အောင်ပါ၊ …
Read More »မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း
မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၆) မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ် (၁၉) ကာကွယ်ဆေးထိုးနှံနေတာနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ဗဟို ကိုဗစ် ၁၉ ကာကွယ်ရေးကော်မတီ ဥက္ကဌ နိုင်ဗညားလယ် (ဗဟိုအလုပ်အမှုဆောင်ဝင်- NMSP) ကို မွန်သတင်းအေဂျင်စီက မွန်ဘာသာနဲ့တွေ့ဆုံမေးမြန်းခဲ့ပြီး မြန်မာသို့ အနီးစပ်ဆုံး ပြန်ဆိုထားပါတယ်။ မေး-ကိုဗစ် ၁၉ ကာကွယ်ဆေးတွေထိုးဖို့ မွန်ပြည်သစ်ပါတီ ဘယ်လိုစီစဉ်ဆောင်ရွက်နေပါသလဲ။ ဖြေ-ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးနဲ့ပတ်သက်လာရင် ဘယ်နေရာက အကူအညီမျိုးကိုမဆို လက်ခံသွားမယ်ဆိုတဲ့မူ ကျနော်တို့မွန်ပြည်သစ်မှာ ချမှတ်ထားတာရှိပါတယ်။ ပြည်တွင်းကဖြစ်စေ ပြည်ပကဖြစ်စေ ကာကွယ်ဆေးရယူနိုင်ဖို့ ကျနော်တို့ချဉ်းကပ်ထားပါတယ်။ လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေရရှိနိုင်ဖို့နဲ့ အခုလိုအချိန်ကာလမှာ ကိုဗစ်ရောဂါကို ချက်ချင်းပျောက်ကင်းနိုင်အောင် ကုသပေးနိုင်တဲ့ဆေးဝါးလည်း မပေါ်သေးဘူးဆိုတော့ အဓိက ကာကွယ်ဆေးရဖို့ကို စီစဉ်ဆောင်ရွက်နေရပါတယ်၊ …
Read More »မွန်ပြည်နယ် အထည်ချုပ်လုပ်ငန်း အနည်းငယ်သာကျန်ရှိ
မွန်သတင်းအေဂျင်စီ (၃ စက်တင်ဘာ ၂၀၂၁) ကိုဗစ်ကာလ စီးပွားရေးလုပ်ငန်းရိုက်ခတ်မှုများနှင့် နိုင်ငံရေးအပြောင်းအလဲကြားတွင် မွန်ပြည်နယ်အတွင်း လည်ပတ်လျက်ရှိသော အထည်ချုပ်လုပ်ငန်းများ အနည်းငယ်မျှသာကျန်ရှိတော့ကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။ ယခုရက်ပိုင်း နိုင်ငံခြားငွေအဆမတန်မြင့်တက်လာခြင်းသည် အထည်ချုပ်လုပ်ငန်းများအတွက် အကြီးမာဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်လာကြောင်း၊ ဘဏ်များ၏ ငွေကြေးဆိုင်ရာကန့်သတ်မှုများနှင့် ကိုဗစ်ကာလ ခရီးသွားလာရေးကန့်သတ်ထားမှုကြောင့် ဈေးကွက်များလည်း ပျောက်ဆုံးနေကြောင်း ဝီမွန်အထည်ချုပ်လုပ်ငန်းမှ နိုင်မင်းဇော်ဦး ပြောသည်။ “ဒီလိုအခြေနေမျိုးကို တောင့်ခံလာရတာ တော်တော်ကြာနေပြီး စီးပွားရေးအခြေအနေက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီးတော့ဆိုးလာတယ် အလုပ်သမားတွေလည်း ရှစ်ပုံတစ်ပုံလောက်ပဲခန့်နိုင်တော့တယ်၊ သူတို့မှာလည်း ဒုက္ခရောက်ကုန်ကြတာပေါ့” ဟု နိုင်ဇော်မင်းဦ်းက ဆိုသည်။ ၎င်း၏အထည်ချုပ်ရုံမှ တစ်ရက်လျှင် အထည် ၃ သောင်းကျော်အရောင်းအဝယ်ရှိခဲ့ရာမှ ယခုအခါ တစ်ရက်ကိုအထည် ၁ ထောင်ကျော်ခန့်သာ ရောင်းနေရကြောင်း၊ လက်ရှိအခြေအနေအတိုင်းသာ …
Read More »ကျေးလက်နေပြည်သူများ ကိုဗစ်ကာကွယ်ဆေးထိုးရကောင်းမှန်းမသိသေး၊ နားလည်လက်ခံနိုင်မှုအားနည်း
မွန်သတင်းအေဂျင်စီ ( ၂၀၂၁ စက်တင်ဘာ-၁) လက်ရှိဖြစ်ပေါ်နေသော ကိုဗစ် ၁၉ ကပ်ရောဂါဘေးကာလအတွင်း ကာကွယ်ဆေးတမျိုးမျိုး စနစ်တကျထိုးနှံထားနိုင်မှသာ အသက်အန္တရာယ်ဘေးက လွတ်မြောက်နိုင်သည့်အခြေအနေအောက်တွင် ကျေးလက်နေပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးရကောင်းမှန်းမသိသေးဖြစ်နေကြပြီး နားလည်လက်ခံနိုင်မှုလည်း အလွန်အားနည်းနေသေးကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။ မွန်ပြည်နယ် ၁၀ မြို့နယ်တွင် သက်ဆိုင်ရာကျန်းမာရေးဌာနခွဲအသီးသီးက ယခုရက်များအတွင်း ဒုတိယအကြိမ် ကိုဗစ် ၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ အထူးဦးစားပေးအစီအစဥ်အရ အသက် ၆၅ နှစ်အထက်လူကြီးများ၊ ရဟန်းသံဃာတော်၊ သီလရင်များအပြင် အစိုးရဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများနှင့် စျေးဆိုင်သမားများ ကာကွယ်ဆေးထိုးနှံနေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။ လမိုင်းမြို့နေ မွန်လူငယ်အမျိုးသမီးတစ်ဦးက “ကာကွယ်ဆေးထိုးဖို့ ကျမတို့မန်နေဂျာက စာရင်းသွင်းပေးပါတယ်၊ ပထမအကြိမ်ထိုးပြီးပြီ၊ အခုရက်တွေမှာ ဒုတိယအကြိမ်သွားထိုးဖို့ရှိပါတယ်၊ ဘာဖြစ်လို့ထိုးရသလဲဆိုရင် ကျမက စျေးရောင်းတယ်လေ၊ …
Read More »ထိုင်းဘတ်ငွေလဲနှုန်း မြန်မာကျပ်ငွေ အနိမ့်ဆုံး ၅၁/ ၅၂ ဒဿမ ၇၅ ကျပ်အထိ စံချိန်တင်ထိုးကျသွား
မွန်သတင်းအေဂျင်စီ (၃၁ သြဂုတ် ၂၀၂၁) ရွှေစျေးနှင့် ဒေါ်လာငွေလဲနှုန်းသိသိသာသာအပြောင်းအလဲမရှိသေးသော်လည်း ထိုင်းမြန်မာငွေလဲနှုန်းတွင် ယနေ့ပေါက်စျေးအရ ထိုင်း ၁ ဘတ်လျင် မြန်မာကျပ်ငွေအဝယ် ၅၁ ကျပ်နှင့် အရောင်း ၅၂ ဒဿမ ၇၅ ကျပ်အထိ စံချိန်တင်အနိမ့်ဆုံးထိုးကျသွားကြောင်း မော်လမြိုင်ကုန်စည်ဒိုင်သတင်းတွင် ဖော်ပြသည်။ စစ်အာဏာမသိမ်းမီ ဇန်နဝါရီလအတွင်းက ထိုင်းမြန်မာငွေလဲနှုန်းသည် ထိုင်း ၁ ဘတ် မြန်မာကျပ်ငွေ ၄၅-၄၆ ဝန်းကျင်ရှိခဲ့ရာမှ ယနေ့တွင် ထိုင်းမြန်မာနယ်စပ်မြို့များအားလုံးတွင် မြန်မာကျပ်ငွေ အနိမ့်ဆုံးသို့ မကြုံစဖူးသိသိသာသာထိုးကျသွားခြင်း ဖြစ်သည်။ “ ထိုင်းဘတ်ငွေလဲလှယ်တဲ့နေရာမှာ အခုလိုဘာကြောင့် မြန်မာငွေတန်ဖိုးထိုးကျသွားရသလဲဆိုရင် ဖြစ်နိုင်ခြေရှိတာက ကိုဗစ်နဲ့ပတ်သက်ဆက်စပ်တဲ့ ပစ္စည်းတွေ ထိုင်းဘက်ကနေ တော်တော်လေးအဝင်များပါတယ်၊ အောက်စီဂျင်တွေကအစ၊ ဆေးဝါးပစ္စည်းအစုံပေါ့ ထိုင်းကိုပဲအားကိုးနေရတာ၊ …
Read More »
မွန်သတင်းအေဂျင်စီ Mon News Agency
Social