ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက စစ်ကောင်စီ လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ထွက်ပြေးခိုလှုံနေရသည့် ဒေသခံများ၏ အခြေအနေနှင့်ပတ်သက်၍ ရေးချောင်းဖျားဒေသခံတစ်ဦးအား လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA မှ ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ရေးချောင်းဖျားဒေသမှာ စစ်ကောင်စီရဲ့ လေယာဉ်ကင်းထောက်ပျံသန်းနေတဲ့ အခြေအနေတွေ ဘယ်လိုရှိလဲ။
ဖြေ။ ။ဒီရက်ပိုင်းမှာတော့ လေယာဉ်နဲ့ ကင်းထောက်ပျံသန်းတာတွေ ငြိမ်သက်သွားတယ်။ အဲဒါကြောင့် ဒေသခံအများစုကလည်း ကိုယ့်ရွာကိုယ် ပြန်လာနေကြပြီ။ ဒါပေမယ့် အခြေအနေကိုတော့ ဆက်လက်စောင့်ကြည့်နေကြဆဲပါ။ လေယာဉ်သံကြားတာနဲ့ ချက်ချင်းတိမ်းရှောင်နိုင်ဖို့ အဝတ်အစားနဲ့ စားနပ်ရိက္ခာတွေကို ကြိုတင်ပြင်ဆင်ထားကြရပါတယ်။
မေး။ ။ဟုတ်ကဲ့ ဘယ်ရွာတွေက တိမ်းရှောင်နေရတဲ့အခြေအနေတွေမှာ ရှိနေသေးလဲ။
ဖြေ။ ။လောလောဆယ်တော့ ချဲတိုက်၊ ကျောက်တိုင်၊ မဏိပူရ၊ ချောင်းနှစ်ခွ စတဲ့ ကျေးရွာတွေက ဒေသခံတွေတော့ အများစု နေရပ်ပြန်သွားကြပြီ။ ဒါပေမယ့် လေကြောင်းတိုက်ခိုက်မှုကို အနီးကပ်ခံခဲ့ရတဲ့ ကမွန်းရွာက ဒေသခံတွေကတော့ အပြည့်အဝ မပြန်ရဲကြသေးဘူး။ တချို့ကနေ့ဘက်မှာ ရွာကိုပြန်လာပြီး ညဘက်မှာတော့ ဘေးလွတ်ရာနေရာတွေကို ပြန်သွားအိပ်ကြတယ်။

မေး။ ။ နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေ အရေအတွက်အားဖြင့် ဘယ်လောက်လောက်ရှိနိုင်မလဲ။
ဖြေ။ ။ အဓိကကတော့ ကမွန်းကျေးရွာတစ်ရွာလုံးနီးပါး ကျန်နေသေးတယ်လို့ ပြောရမယ်။ အိမ်ခြေ ၇၀ ကျော်ရှိပြီး လူဦးရေကတော့ ရာနဲ့ချီရှိမယ် ထင်ပါတယ်။ တိကျတဲ့ စာရင်းတော့ မရှိသေးပါဘူး။
မေး။ ။ စစ်ရှောင်တွေရဲ့ စားဝတ်နေရေးအခြေအနေကရောဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ဖလံချောင်းဝ၊ ချဲတိုက်၊ ခလောက်ခနီ စတဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဘက်က ကျေးရွာတွေမှာ လာရောက်ခိုလှုံနေကြတာ များတယ်။ ဆွေမျိုးအိမ်ရှိတဲ့သူတွေက ဆွေမျိုးအိမ်တွေမှာနေကြပြီး၊ အချို့ကတော့ ဘုန်းကြီးကျောင်းတွေ၊ ဥယျာဉ်ခြံထဲက တဲအိမ်လွတ်တွေမှာ နေထိုင်ကြတယ်။ စားသောက်ရေးအတွက်တော့ နေ့ဘက်မှာ ခြံရှင်းတာ၊ မြက်ခုတ်တဲ့ နေ့စားအလုပ်တွေနဲ့ ရှာဖွေလုပ်ကိုင်နေကြရပါတယ်။
မေး။ ။ မွန်ပြည်သစ်ပါတီက စစ်ရှောင်တွေအတွက် ကူညီထောက်ပံ့မှုတွေရှိလား။ အခြားအကူအညီရရှိနေတဲ့ အခြေအနေတွေရော ဘယ်လိုရှိလဲ။
ဖြေ။ ။ မွန်ပြည်သစ်ပါတီက ဦးဆောင်ပြီး စစ်ရှောင်တွေအတွက် တိုက်ရိုက်ထောက်ပံ့တာမျိုးတော့ မတွေ့မိဘူး။ တခြား အလှူရှင်တွေနဲ့ ပူးပေါင်းပြီး ကူညီတာမျိုးတော့ ရှိနိုင်ပါတယ်။ စစ်ရှောင်ကူညီရေးအဖွဲ့တွေ ပူးပေါင်းပြီး အိမ်ထောင်စုတစ်စုကို ကျပ် ၁၂ သိန်းအထိ ထောက်ပံ့ပေးထားတာတွေ ရှိတယ်လို့ သိရတယ်။ ဒါပေမယ့် လူတိုင်းရတာ ဟုတ်မဟုတ်တော့ မသိဘူး။ ဆန်နဲ့ စားနပ်ရိက္ခာအချို့ကိုတော့ အများစု ရရှိကြပါတယ်။
မေး။ ။လက်ရှိ စစ်ရှောင်တွေအတွက် အခက်အခဲဆုံးက ဘာဖြစ်မလဲ။
ဖြေ။ ။ အဓိကကတော့ စားသောက်ရေးနဲ့ နေထိုင်ရေး အခက်အခဲပါပဲ။ ကိုယ့်အိမ်ကိုယ် မပြန်ရဲကြသေးဘဲ သူများအိမ်တွေမှာ ခိုလှုံနေကြရတော့ အဆင်မပြေမှုတွေ အများကြီးရှိတယ်။ အများစုမှာ အလုပ်အကိုင်မရှိတော့ ဝင်ငွေရရှိဖို့ ခက်ခဲနေတယ်။ အမျိုးသားအနည်းစုကသာ သူများခြံတွေမှာ မြက်ခုတ်တာ၊ မြက်ရှင်းတာ စတဲ့နေ့စားအလုပ်တွေကို ရှာဖွေလုပ်ကိုင်နေရတယ်။ နေရပ်မပြန်နိုင်သေးသရွေ့ စားဝတ်နေရေး အခက်အခဲတွေက ဆက်လက်ရှိနေဦးမှာပါ။
ဟုတ်ကဲ့၊ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ပုံ-IMNA
On Wed, Jun 17, 2026 at 5:18 PM Yin Htaw Mon <miyinhtawmon@gmail.com> wrote:
" လေကြောင်းဒဏ် အနီးကပ်ခံခဲ့ရတဲ့ ကမွန်းကျေးရွာတစ်ရွာလုံးနီးပါး ကျန်နေသေးတယ်လို့ ပြောရမယ်။ အိမ်ခြေ ၇၀ ကျော်ရှိပြီး လူဦးရေကတော့ ရာနဲ့ချီရှိမယ် ထင်ပါတယ်။ တိကျတဲ့ စာရင်းတော့ မရှိသေးပါဘူး" ရေးချောင်းဖျားဒေသခံတစ်ဦး