Homeသတင်းဘန်ကောက်နှင့် အနီးဝန်းကျင်တွင် ရေကြီးမှုကြောင့်ကုန်စုံဆိုင်များ၌ စားသောက်ကုန်များ ပြတ်လပ်သည်အထိ ပြည်သူများ ရိက္ခာစုဆောင်း

ဘန်ကောက်နှင့် အနီးဝန်းကျင်တွင် ရေကြီးမှုကြောင့်ကုန်စုံဆိုင်များ၌ စားသောက်ကုန်များ ပြတ်လပ်သည်အထိ ပြည်သူများ ရိက္ခာစုဆောင်း

-

ဘန်ကောက်မြို့နှင့် အနီးဝန်းကျင် ပြည်နယ်များရှိ ကုန်စုံဆိုင်များတွင် ရေကြီးရေလျှံမှုကြောင့် ပြည်သူများ အသင့်အစားအစာများ ဝယ်ယူ စုဆောင်းလာကြသဖြင့် အသင့်စား အစားအစာများနှင့် အခြေခံ လိုအပ်သော ပစ္စည်းများ ပြတ်လပ်လျက် ရှိသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် အပြင်မထွက်နိုင်မည့်အပြင် ဆိုင်များသို့ ကုန်ပစ္စည်း ပို့ဆောင်သည့် လမ်းကြောင်းများ ပြတ်တောက်သွားမည်ကိုစိုးရိမ်ပြီး ခေါက်ဆွဲခြောက်၊ အေးခဲအသင့်စား အစားအစာများနှင့် ပေါင်မုန့်များကို အလုအယက် ဝယ်ယူစုဆောင်းနေကြသည်။

စက်သုံးဆီဆိုင်များတွင်လည်း စက်သုံးဆီ ပြတ်လပ်သွားမည်ကို စိုးရိမ်သဖြင့် မော်တော်ယာဉ်များ တန်းစီ၍ ဆီဖြည့်နေကြသည်ကို တွေ့ရှိရကြောင်း Thai PBS သတင်းတွင် ဖော်ပြထားသည်။

ပထုန်ဌာနီ (Pathum Thani) ပြည်နယ်၊ လမ်လုက္ခာ (Lam Luk Ka) မြို့နယ်တွင်မူ ပြည်သူများက ကားမောင်းမသွားကြတော့ဘဲ ဈေးများနှင့် ကုန်စုံဆိုင်များသို့လမ်းလျှောက်၍လည်းကောင်း၊ ရေစိုခံ ဖြတ်သန်း၍သော်လည်းကောင်း သွားရောက် ဝယ်ယူနေကြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါ်စုဖာဂျီ ဆူသမ်ဖန် (Suphajee Suthumpun) က အခြေခံ စားသုံးကုန်ပစ္စည်းများ ပြတ်လပ်မှု မရှိစေရေးနှင့် ကုန်သည်များအနေဖြင့် ကုန်ဈေးနှုန်းများကို မတရား တိုးမြှင့်ရောင်းချကာ စားသုံးသူများအပေါ် ခေါင်းပုံဖြတ်မှု မရှိစေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများကို ညွှန်ကြားထားသည်။

ထို့အပြင် ရေကြီးနေစဉ်အတွင်း အစားအသောက် လုံလောက်စွာ ရှိရေးနှင့် မသမာသော ကုန်ဈေးနှုန်း တင်ရောင်းမှုများကို အနီးကပ် စောင့်ကြည့်စိစစ်ရန် တစ်နိုင်ငံလုံးရှိ ကူးသန်းရောင်းဝယ်ရေး အရာရှိများကို အမိန့်ပေးထားသည်။

ပြည်သူများအနေဖြင့် ဈေးနှုန်း ပိုမိုတောင်းခံခံရခြင်း၊ စားသောက်ကုန် ပြတ်လပ်ခြင်း သို့မဟုတ် ကုန်သည်များက ကုန်ဈေးနှုန်း ကတ်ပြားများ ချိတ်ဆွဲထားခြင်း မရှိပါက ဟော့လိုင်းနံပါတ် ၁၅၆၉ သို့မဟုတ် ပြည်တွင်းကုန်သွယ်ရေး ဦးစီးဌာန (DIT) ရုံးများသို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

ကိုးကား-The Nation Thiland

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts