Homeသတင်းနောင်အငွန်၏ နောက်ဆုံးခရီးသို့ မိသားစုနှင့်အတူ ထိုင်းအာဏာပိုင်အဖွဲ့များ လိုက်ပါပို့ဆောင်

နောင်အငွန်၏ နောက်ဆုံးခရီးသို့ မိသားစုနှင့်အတူ ထိုင်းအာဏာပိုင်အဖွဲ့များ လိုက်ပါပို့ဆောင်

-

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခံလပူရီမြို့နယ်ရှိ ဝပ်လီဂျီယာ (Wat Lijia) ဘုန်းတော်ကြီးကျောင်း၌ ဇွန်လ ၁၀ ရက် မွန်းလွဲပိုင်းတွင် နောင်အငွန်၏ နောက်ဆုံးခရီး မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားကို  ကျင်းပပြုလုပ်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ဈာပနအခမ်းအနားသို့ နောင်အငွန်မိသားစုနှင့်အတူ အိမ်နီးချင်းများ၊ ရပ်ရွာခေါင်းဆောင်များနှင့် ကျောင်းဆရာ၊ ဆရာမများ အပါအဝင် လူဦးရေ ၅၀၀ ကျော် လာရောက်ဂါရဝပြု နှုတ်ဆက်ခဲ့သည်။

 နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BPP) မှ ဒုတိယရဲမှူးချုပ် ချာကရာပတ် ပတ်ပလွိုင်းနေး (Pol. Maj. Gen. Chakrapetch Petchploynil) က နာယကအဖြစ် ဦးဆောင်ပါဝင်ခဲ့သည့်အပြင် အရေးပေါ် ကူညီထောက်ပံ့ငွေများလည်း ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထို့နောက် မွန်းလွဲ ၂ နာရီအချိန်တွင် ဆွေမျိုးများက နောင်အငွန်၏ ရုပ်အလောင်းကို ခန်းမဆောင်အတွင်းမှ ရွှေ့ထုတ်ကာ မွန်ထုံးတမ်းအစဉ်အလာအတိုင်း မီးသင်္ဂြိုဟ်ခဲ့ကြသည်။

အဆိုပါ ဒေသတွင်း၌ ကလေးသူငယ်များနှင့် မိသားစုအရေးကို (၁၀) နှစ်ကျော်ကြာ တစိုက်မတ်မတ် ကူညီလုပ်ဆောင်ပေးနေသည့် “One Sky Foundation” ၏ ဒါရိုက်တာဖြစ်သူ မစ္စတာ ဝီဝပ် (Mr. Wiwat Thanapanyavorakul) ဆိုသူလည်း တက်ရောက်ခဲ့ပြီး မိဘများနှင့် ကလေးသူငယ်ကြား ဆက်ဆံရေးကိစ္စအတွေ့အကြုံများကို လည်း မျှဝေခဲ့သည်။

နောင်အငွန်၏ ဇျာပနရက်အတွင်းပညာရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီး၊  စခံလပူရီမှ ဆရာ/ဆရာမများနှင့် ကျောင်းအုပ်အဖွဲ့များအပါအဝင် တော်ဝင်ထိုင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့များမှလည်း မိသားစုအတွက် ဝမ်းနည်းကြောင်း ပန်းခွေပေးပို့ခဲ့သည်။

ကိုးကား-Kanchanaburi News

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts