Homeသတင်းသွေးလွန်တုပ်ကွေးကာလဖြစ်သဖြင့် ဖျားနာကလေးငယ်များကို အိမ်တွင်းကုသခြင်းမပြုရန် ကျန်းမာရေးသိကျွမ်းသူများတိုက်တွန်း

သွေးလွန်တုပ်ကွေးကာလဖြစ်သဖြင့် ဖျားနာကလေးငယ်များကို အိမ်တွင်းကုသခြင်းမပြုရန် ကျန်းမာရေးသိကျွမ်းသူများတိုက်တွန်း

-

မွန်ပြည်နယ်တွင် အသက် ၁၅ နှစ်အောက်ကလေးများ သွေးလွန်တုပ်ကွေး စတင်ဖြစ်ပွားနေပြီးဖြစ်သဖြင့် ဖျားနာကလေးငယ်များကို အိမ်တွင်းကုသခြင်းမျိုးမလုပ်ဆောင်ရန် ကျန်းမာရေးတာဝန်ရှိသူများမှ သတိပေးထားသည်။

ယခုနှစ် မိုးဦးကာလ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းမှာ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၅ ရာခိုင်နှုန်းခန့်သာ ရှိသေးသော်လည်း ကျန်းမာရေးဝန်ထမ်းများနှင့် ကလေးအုပ်ထိန်းသူများအနေဖြင့် မပေါ့လျော့ဘဲ အထူးဂရုပြုရန် လိုအပ်ကြောင်း ချောင်းဆုံမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက IMNA  သို့ ပြောကြားသည်။

“ တစ်ရပ်ကွက်ဆို တစ်အိမ်စ နှစ်အိမ်စပဲဖြစ်သေးတယ်ဆိုပေမဲ့  အိမ်မှာပဲကုသ မနေဖို့ ဆေးရုံဖို့တွေမှာ လိုက်မှာထားတယ်၊ အိမ်တွင်း ဆေးဝါးပဲ သောက်ခိုင်းနေရင် ကလေးက အန္တရာယ်များသွားမှာ သတိထားရမယ် ကလေးကအိမ်မှာရှိရင် ဒီနှစ်တော့ အန္တရာယ်မများတဲ့ နှစ်လို့သတ်မှတ်တယ်” ဟု ဆိုသည်။

သို့သော်လည်း ရောဂါလက္ခဏာများကို မပေါ့လျော့ရန်နှင့် အဆင့် ၁ ဖြစ်ပွားချိန်မှစ၍ အချိန်မီကုသရန် အဆင့် ၃ နှင့် ၄ အထိ ဖြစ်ပွားခဲ့ပါက အသက် အန္တရာယ်များနိုင်ကြောင်းလည်း ပြောသည်။

လတ်တလော မော်လမြိုင်ဆေးရုံ၊ ဆေးခန်းများတွင် ပြင်းထန်အဆင့်မဟုတ်ဘဲ ရောဂါလက္ခဏာတွေ့ရှိရခြင်းကြောင့် ဆေးရုံတွင် လာရောက်ကုသနေရသည့် ကလေး ၁၀ ဦးနီးပါးခန့်ရှိသည်ဟု မော်လမြိုင်မြို့မှ ကျန်းမာရေးဝန်ထမ်း တစ်ဦးကပြောသည်။

လူဦးရေထူထပ်သည့် မြို့ပေါ်နေရာများတွင် ရေမြောင်းများ စနစ်တကျမရှိခြင်း၊ အမှိုက်သရိုက်ပိတ်ဆို့ခြင်းအပြင် ရေစည်၊ ရေကန်၌ ရေသိုလှောင်ထားရာမှတစ်ဆင့် ဖြစ်ပွားမှုများပြီး၊ နယ်ဘက်တို့တွင်လည်း ခြံ၊ ရော်ဘာခြံ များပြားသည့်နေရာများတွင် အများဆုံးဖြစ်ပွားနေသည်။

ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက “အခုစဖြစ်နေတယ် ဒါမဲ့တစ်အိမ်နှစ်အိမ်လောက်ပဲ အဲ့အိမ်ပတ်ဝန်းကျင်တွေမှာ ဆေးခတ်တာတို့ ဖုံးသွန်လဲစစ်လုပ်တာတို့လုပ်ကြတယ် ဒီနှစ်တော့ပုံမှန်ပဲဖြစ်မှာပါ၊ အခုကတော့ မများလာခင် မကူးအောင်တော့ လိုက်ထိန်းနေတုန်းပါ ဆေးရုံမှာလည်း တက်ရောက်ရတဲ့ လူနာသိပ်မရှိသေးဘူး” ဟု  ပြောသည်။

ရေကြည်ရေသန့်တွင် ပေါက်ဖွားသည့် အေးဒီ(စ်)ခြင်ကျားအကိုက်ခံရမှုမှ တစ်ဆင့် ကူးစက်တတ်ခြင်းတို့ကြောင့် ရောစတင်ဖြစ်ပွားနိုင်ပြီး ပြည်သူများအနေဖြင့်" ဖုံး၊ သွန်၊ လဲ၊စစ် "ကို ယခုကာလအတွင်း အမြဲမပြတ်လုပ်ဆောင်ရန် လိုအပ်သည်ဟုလည်း တိုက်တွန်းသည်။

စစ်ကော်မရှင် ပြည်နယ်ကျန်းမာရေးဌာနမှ မိုးတွင်းကာလဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးခြင်းအတွက် ကျန်းမာရေးပညာပေးလုပ်ငန်းများ၊ ခြင်နှိမ်နင်းရေးလုပ်ငန်းများ ပိုးလောက်လံသတ်ခြင်း၊ ခပ်ခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

၂၀၂၅ ခုနှစ်အတွင်း မွန်ပြည်နယ် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို outbreak ဟုသတ်မှတ်ကြပြီး ပြင်းထန်အဆင့် ၄ အထိဖြစ်ပွားမှုရှိခဲ့ကြောင်း၊ မေလနှင့် ဇွန်လအတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသူ ၁၀၀၀ ဝန်းကျင်ခန့်ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန အချက်အလက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts