Homeသတင်းဘားအံ ဘုရင့်ညီဂူရေကန်တွင် အရက်မှုးနေသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

ဘားအံ ဘုရင့်ညီဂူရေကန်တွင် အရက်မှုးနေသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

-

မွန်သတင်းအေဂျင်စီ ဇူလိုင် ၁၂

ကရင်ပြည်နယ်၊ ဘားအံမြို့ ဘုရင့်ညီဂူ ရေကန်တွင် ဇူလိုင် ၁၂ ရက် ညနေ ၃ နာရီကျော်အချိန်က အမျိုးသားတစ်ဦး အရက်မူးပြီး ရေကူးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူအပါအဝင် လူလေးဦး ရေကန်ဘက်ကို ဆင်းသွားကြောင်း၊ အခြားသော ကလေးများ ရေကူးရင်း နင်းမိရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း လူမှုကယ်ဆယ်ရေး ဥက္ကဋ္ဌ စောစုစုထွေးက ပြောသည်။

” သူတို့ လေးယောက်သွားတယ်။ တကယ်တော့ အဲကောင်လေးက အရက်တော်တော်မူးနေတာ သူရောက်ရောက်ချင်း အဲဘုရင့်ညီဂူ ရေကူးကန်ဘက်ကို တစ်ခါတည်း ဆင်းသွားလိုက်တယ်။ ဆင်းလိုက်ရာကနေ ၄ – ၅ မိနစ်လောက်မပေါ်လာဘူး။ ရှာကြတော့မတွေ့ဘူး။ ကလေးတွေ ရေကူးနေရင်းနဲ့ နင်းမိတယ်။ အဲကလေးတွေ ရေငုတ်ပြီးတော့ မ တင်မှ ပေါ်လာတယ်။ နစ်သွားတာ နာရီဝက်လောက် ကြာသွားတယ်ဆိုတော့ ကျနော်တို့ သွားတဲ့အချိန်ကြ ဆုံးနေပြီ” ဟု ၎င်းက ပြောသည်။

ဘုရင့်ညီဂူ ရေကန်တွင် ရေနစ်သေဆုံးသူမှာ ကိုအောင်ပိုင်မိုး အသက် ၂၅ နှစ်ရှိပြီး သထုံမြို့ အောင်သုခ (၁) လမ်းတွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်း သိရသည်။

ကိုအောင်ပိုင်မိုး၏ ရုပ်အလောင်းကို ရှင်သန်ခြင်းတွဲလက်လူမူကူညီရေးအသင်းမှ ဘာအံဆေးရုံ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts