Homeသတင်းကျိုက်မရောမြို့တွင် ဗုံး သုံးလုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား

ကျိုက်မရောမြို့တွင် ဗုံး သုံးလုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၁၃)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့အတွင်း ဇူလိုင်လ ၁၂ ရက် ညပိုင်းက ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှင်စောပုရပ်ကွက်၊ ကျိုက်မရော ဘုရားအနီးတွင် ည ၁၂ နာရီဝန်းကျင်က ပထမအကြိမ် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း အဆိုပါနေရာတွင် မိနစ်ပိုင်းအတွင်း ဒုတိယအကြိမ် ဗုံးတစ်လုံး ထပ်မံပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ညက မိုးတွေရွာနေတော့ အသံလည်း မကြားလိုက်ဘူး။ သိလည်း မသိလိုက်ဘူး။ မနက်ကျမှပဲ သိတာ။ ည ၁၂ နာရီလောက်က ဗုံးပေါက်တာပေါ့။ သုံးလုံး ဆက်တိုက်ပေါက်တာလို့ သိရတယ်”ဟု ၎င်းက ပြောသည်။

ဗုံး နှစ်လုံး ပေါပ်ကွဲပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးနေချိန်တွင် တတိယအကြိမ် ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း ၎င်းက ပြောသည်။

တတိယအကြိမ် ဗုံးပေါက်ကွဲမှုကြောင့် လာရောက်စစ်ဆေးသော တပ်ဖွဲ့ဝင်တစ်ချို့ ဗုံးစထိမှန် ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။

အဝေးထိန်းစနစ်ဖြင့် ဗုံးများကို ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို မသိရသေးကြောင်း ဒေသခံများထံက သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts