Homeသတင်းသံဖြူဇရပ်မြို့ ဘင်္ဂလန်ရေတံခွန်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

သံဖြူဇရပ်မြို့ ဘင်္ဂလန်ရေတံခွန်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင်၊ ၁၂)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ ဘင်္ဂလန်ရေတံခွန်တွင် ယနေ့ (ဇူလိုင် ၁၂ ရက်) နေ့လည် ၁ နာရီခွဲ အချိန်ခန့်က အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦး ရေကူးနေစဉ် ရေနစ်သေဆုံးသွားကြောင်း သိရသည်။

လူမှုကယ်ဆယ်ရေအဖွဲ့ဝင်တစ်ဦးက “ကျနော်တို့ ရေနစ်သူရဲ့  ရုပ်အလောင်းကို ရှာဖွေတာ ၁ နာရီနီးပါး ရှာဖွေခဲ့တယ်။ ညနေ ၃ နာရီကျော်မှ ကယ်ဆယ်ခဲ့တယ်” ဟု ပြောသည်။

အဆိုပါ ရေနစ်သေဆုံးသွားသည့် အမျိုးသားမှာ မော်လမြိုင်မြို့ လှိုင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို သံဖြူဇရပ်မြို့ မီးသတ်အဖွဲ့၊ စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်း၊ ပရဟိတများက ရှာဖွေဆယ်ယူခဲ့ကြကြောင်း သိရသည်။

ဘင်္ဂလန်ရေတံခွန်တွင် ဝါဆိုလပြည့်နေ့မှာ နှစ်စဉ်နှစ်တိုင်း လူအသွားအလာ များပြားပြီး  ရေနစ်သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts