Homeသတင်းမော်လမြိုင်တွင် မြတ်မန္တလာထွန်း Express ဝန်ထမ်းတစ်ဦး ကားပေါ်မှာ သေဆုံးနေ

မော်လမြိုင်တွင် မြတ်မန္တလာထွန်း Express ဝန်ထမ်းတစ်ဦး ကားပေါ်မှာ သေဆုံးနေ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၁၄)

မော်လမြိုင်မြို့ မြေနီကုန်း ကားဝင်းအတွင်းရှိ မြတ်မန္တလာထွန်း Express ပေါ်တွင် ယနေ့ (ဇူလိုင် ၁၄ ရက်) နံနက် ၇ နာရီကျော်ခန့် အမျိုးသားဝန်ထမ်းတစ်ဦး ကားပေါ်သေဆုံးလျှက်ရှိကြောင်း သိရသည်။

၎င်းဝန်ထမ်းအမျိုးသားသည် ကားပေါ်အိပ်နေစဉ် လေအေးပေးစက်မှ ထုတ်လွင့်သည့် အအေးဒဏ် လွန်ကဲခြင်းကြောင့် သေဆုံးရသည်ဟု ယူဆရကြောင်း ကားဝင်းမှ တာဝန်ရှိသူတစ်ဦးပြောသည်။

“ကျနော်တစ်ဆင့်ခံ ကြားရတာက သူအဲကွန်းဖွင့်ပြီးအိပ်တာပေါ့ လေဖြတ်ပြီးသေတာလား၊  ဦးနှောက် သွေးကြောပြတ်တာလားဆိုတာ ဆရာဝန်ပဲသိမှာပေါ့နော်၊ ကားထွက်တဲ့အချိန်ကျမှ နှိုးလိုက်တော့ မျက်နှာက အရောင်ပြောင်းနေပြီး ဖြူပြီး တောင့်နေတာ” ဟု ၎င်း ပြောသည်။

သေဆုံးသူသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သေဆုံးသူ၏ အချက်အလက်နှင့် ပတ်သတ်ပြီး ဆက်သွယ်မေးမြန်းခဲ့သော်လည်း မြတ်မန္တလာထွန်းမှ ဖြေကြားခြင်း မရှိပါ။

သို့သော်လည်း သေဆုံးသူ မိသားစုနှင့် ဆက်သွယ်အကြောင်းကြားထားကြောင်း မြတ်မန္တာထွန်းက ပြောသည်။

လက်ရှိတွင် မော်လမြိုင်လူမှုကယ်ဆယ်ရေးအသင်းနှင့် ရဲတပ်ဖွဲ့မှ သေဆုံးသူရုပ် အလောင်းကို မော်လမြိုင်ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး မွန်းလွဲအချိန်ထိ ပြန်လည်မရရှိ သေးကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts