Homeသတင်းငွေစျေးတန်ဖိုးကျပြီး ကုန်စျေးနှုန်းအတက်ဘက်ရောက်

ငွေစျေးတန်ဖိုးကျပြီး ကုန်စျေးနှုန်းအတက်ဘက်ရောက်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ် ၁)

၂၀၂၂ခုနှစ် ဇန်နဝါရီ လလယ်လောက်မှ စတင်ကာ မြန်မာကျပ်ငွေ တန်ဖိုးဆက်တိုက်ကျဆင်းနေပြီး စားသောက်ကုန်စျေးနှုန်းများမြင့်တက်နေကြောင်း မွန်ပြည်နယ်ရှိ ငွေလဲလှယ်ပေးသူများထံမှ သိရသည်။

ထိုင်းဘတ်ငွေမှ မြန်မာငွေလဲရာတွင် တစ်ဘတ်ကို မြန်မာငွေ ၇၀ နီးပါးအထိ မြင့်တက်နေပြီး ထိုင်းမှ တင်သွင်းသည့်ကုန်ပစ္စည်းများ စျေးတက်နေကြောင်း မော်လမြိုင်မြို့ ၂ထပ်ဈေးမှ စျေးရောင်းသူတစ်ဦးက ပြောသည်။

“ဘတ်စျေးက တဖြည်းဖြည်းနဲ့ တက်တက်လာတာ ၇၀ ဖြစ်တော့မယ်။ ကျွန်မတို့ ထိုင်းကဝင်တဲ့ ဆီဘူးတွေ၊ တခြားလူသုံးကုန်တွေ အကုန်စျေးတက်တာ။ တချို့ပစ္စည်းတွေ စျေးအရမ်းတက်တော့ အရောင်းခဏ နားထားရတာမျိုးတွေရှိတယ်” ဟု ၎င်းက ပြောသည်။

ဇန်နဝါရီလ အတွင်း  ပေါ်ဆန်း တစ်အိတ် ၃၅၅၀၀ ကျပ်၊ ဧည့်မထ တစ်အိတ် ၂၅၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ပြီး စားအုန်းဆီ တစ်ပိဿာ ၄၅၀၀ ကျပ် ဈေးရှိခဲ့သည်။

ဖေဖော်ဝါရီ လကုန်ပိုင်းတွင်  ပေါ်ဆန်း တစ်အိတ် ၄၁၀၀၀ ကျပ်၊ ဧည့်မထ တစ်အိတ် ၂၇၅၀၀ ကျပ် ပေါက်ဈေးရှိခဲ့ပြီး စားအုန်းဆီ တစ်ပိဿာ ၅၄၅၀ ကျပ် ထိ ဈေးတက်လာခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်တွင် ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် အခြေခံလူတန်းစားတချို့ အခက်ကြုံနေရကြောင်း သိရသည်။

ယင်းအပြင် ငွေစျေး အဆမတန်မြင့်တက်လာမှုကြောင့် မွန်ပြည်နယ်တွင် ကုန်ပစ္စည်း မှောင်ခိုသွင်းမှုများ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

Caption: နိုင်ငံခြား ငွေလဲလှယ်နှုန်း (မော်လမြိုင်-ကုန်စည်ဒိုင်)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts