Homeငြိမ်းချမ်းရေးNLD ကိုယ်စားလှယ်ဟောင်း ဦးစိုးသီဟကို နယ်ထိန်းက တရားစွဲ

NLD ကိုယ်စားလှယ်ဟောင်း ဦးစိုးသီဟကို နယ်ထိန်းက တရားစွဲ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂၊ မတ် ၂)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁၀) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိုးသီဟကို ပေါင်မြို့နယ် နယ်ထိန်းမှ တရားလို ပြုလုပ်ပြီး ပေါင်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဦးစိုးသီဟကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် တရားစွဲခဲ့ခြင်းဖြစ်ကြောင်း ပေါင်မြို့နယ် မြို့မရဲစခန်းမှ ဒုရဲမှူးက ပြောသည်။

“ကျွန်တော်တို့မြို့နယ် နယ်ထိန်းက တရားလိုလုပ်ပြီးစွဲတာပါ။ လက်ရှိ ဦးစိုးသီဟက ကျွန်တော်တို့ဆီမှာမရှိပါဘူး။သူ့ရဲ့လိပ်စာတွေ၊သူဘယ်မှာလဲဆိုတာ ရှာဖွေနေတုန်းပါ။ သူ့အပြင် တခြား ကိုယ်စားလှယ်တွေလဲ ပါသေးတယ်”ဟု၎င်းက ပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ သည် ပြစ်မှုထင်ရှားလျင် အနည်းဆုံးထောင်ဒဏ် ၃နှစ်မှ ၇နှစ်အထိချမှတ်ခံရနိုင်သည်။

မွန်ပြည်နယ်တွင် ယခုနှစ် နှစ်စမှစပြီး အမျိုးသားဒီမုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တချို့နှင့် ထောက်ခံသူအချို့၏ နေအိမ်များ ချိတ်ပိတ်ခံရခြင်း တရားစွဲခံရခြင်းများ ဆက်တိုက်ဖြစ်နေသည်။

Caption: တရားစွဲဆိုခံရသူ ဦးစိုးသီဟ (ခ) မောင်တူး (Paung Daily)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts