Homeသတင်းအခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း ရေရှည်သွားဖို့ ခက်ခဲနေ

အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း ရေရှည်သွားဖို့ ခက်ခဲနေ

-

မွန်သတင်းအေဂျင်စီ (ဖေဖော်ဝါရီ ၉)

ရေးမြို့နယ် ပုပ္ဖဝတီကျေးရွာ ကျိုက်ဒေတမော့ဗရတ် သာသနာပြုနယ်မြေ ကိုရင်လေးဆရာတော် ဘဒ္ဒန္တပုပ္ဖရမ္မ ဦးဆောင်သော အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းသည် ဆေးဝါးများ   ဈေးတက်လာသည့်အတွက် ရေရှည်သွားရန် အခက်အခဲဖြစ်လာနိုင်ကြောင်း စီမံခန့်ခွဲရေးကော်မတီထံက သိရသည်။

အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းသည် ကုသခဲ့သည်မှာ တစ်နှစ်ပြည့်ခဲ့ပြီး ဖြစ်သော်လည်း ယခုထက်ထိ ဆက်ဖွင့်ထားကြောင်း စီမံခန့်ခွဲရေးကော်မတီဝင် ဦးအောင်နိုင်ဝင်းက ပြောသည်။

“ဒီအခုလက်ရှိကာလကတော ဆေးဖိုးတွေဈေးကြီးတယ်လေ၊ ကျတော်တို့အားလုံးကို အခမဲ့ကုပေးတဲ့အတွက် ကုန်ကျစရိတ် တစ်လ၊ တစ်လကို သိန်း ၈၀ ဝန်းကျင်ကုန်တာပေါ့။ လူတွေကလည်း ခက်ခဲလာမယ်။ လှူတဲ့လူကလည်း နည်းလာတယ်” ဟု ဦးအောင်နိုင်ဝင်းက ပြောသည်။

သာသနာပြုကိုရင်လေးဆရာတော်  ဦးဆောင်သော အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းသည် ဒေသခံများ၏ အလှူငွေများနှင့် လည်ပတ်နေပြီး ယခုအချိန်အထိ လာရောက် ကုသသည့် လူနာများနေသည့်အတွက် ရပ်နားရန် မသင့်တော်ကြောင်း ဒေသခံတွေက ဆိုပါသည်။

ဆေးခန်းတွင် လုပ်အားပေးလုပ်ဆောင်နေသည့် ဆရာဝန် နိုင်ဟောင်းမန်က “ ရေရှည်သွားဖို့အတွက် အလှူရှင်တွေရှိရင် ဆေးခန်းကရေရှည် ရပ်တည်နိုင်မယ်၊ ရှေ့ဆက်ပြီးလည်း ပြည်သူတွေကို ဆက်ပြီး စောင့်ရှောက်သွားနိုင်ရှိတဲ့အတွက် အလှူရှင်တွေလဲ ဖြည့်ဆည်းနိုင်ရင်လည်း ဖြည်းဆည်ကြပါလို့ ” ဟု တိုက်တွန်း ပြောဆိုပါသည်။

အခမဲ့ဆေးခန်းတွင် တစ်ရက်လျှင် လာရောက်ပြသသည့်လူနာ ၂၀ ကျော်ရှိပြီး တစ်လလျှင် ပြင်ပလူနာ ၄၀၀ ကျော်ရှိကာ ဆေးရုံတွင်ဆေးကုသမှုခံယူနေသည့် လူနာအရေအတွက် ၄၀ နှင့် ၅၀ အကြား ရှိနေကြောင်း သိရသည်။

အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းသည် ဖွင့်လှစ်ခဲ့သည့် တစ်နှစ်အတောအတွင်း လူနာ ၁ သောင်းကျော် ကုသပေးခဲ့ပြီး ဖြစ်သည်။  

Caption: အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်တွင် ဆေးကုသမှုခံယူနေပုံ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts