HomeCovid 19မုဒုံနှင့် ကျိုက္ခမီတွင် ကိုဗစ်လူနာ ၁၆ ဦး ထပ်မံတွေ့ရှိ

မုဒုံနှင့် ကျိုက္ခမီတွင် ကိုဗစ်လူနာ ၁၆ ဦး ထပ်မံတွေ့ရှိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၉)

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ကိုဗစ် – ၁၉ လူနာသစ် ၁၀ ဦးနှင့် မုဒုံမြို့နယ်တွင် ကိုဗစ် လူနာသစ် ၆ ဦးကို ဖေဖော်ဝါရီ ၈ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

ပိုးတွေ့လူနာများမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး လက်ရှိတွင် ပြည်သူ့ဆေးရုံ၌သာ ကုသပေးလျက်ရှိကြောင်း မုဒုံမြို့နယ်ကျန်းမာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပိုးတွေ့လူနာတွေက လူငယ်၊ လူလတ်၊ လူကြီး အကုန် ကျန်းမာရေးကောင်းကြပါတယ်။ ဆေးရုံဆင်းရတဲ့သူတွေ မရှိသေးပါဘူး။ အခုလောလောဆယ်တော့ ဆေးရုံကြီးမှာပဲ ကုသပေးနေပါတယ်။ နောက်ပိုင်းများလာရင် မိုးကုတ်ဝိပဿနာဘုန်းကြီးကျောင်းမှာ ထားဖို့တော့ စီစဉ်ထားတယ်” ဟု ၎င်းက ပြောသည်။

မုဒုံတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့က ကိုဗစ်လူနာသစ် ၆ ဦးထပ်မံတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာ စုစုပေါင်း ၂၆ ဦးအထိ ရှိလာကြောင်း မြို့နယ်ကျန်းမာရေးမှူးက ပြောသည်။

ကျိုက္ခမီမြို့ အထက်တန်းကျောင်းနှင့် အောင်မေတ္တာရပ်ကွက်မှ ပိုးတွေ့လူနာများနှင့် ဆက်စပ်သူများကို ကိုဗစ်ထပ်မံစစ်ဆေးရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၈ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ကျိုက္ခမီမြို့၌ ကိုဗစ်လူနာ စုစုပေါင်း ၅၀အထိရှိလာပြီး အထက်တန်းကျောင်းကို ယာယီပိတ်ကာ ကိုဗစ်လူနာများထားရှိ ကုသပေးလျက်ရှိကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးလုပ်ငန်းများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့ တစ်ရက်အတွင်း ကိုဗစ်လူနာသစ် တစ်ထောင်ကျော်အထိ ပြန်လည်မြင့်တက်လာပြီး Lock Down များ ပြန်ရှိလာနိုင်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

Caption: ကျိုက္ခမီမြို့တွင် ကိုဗစ် – ၁၉  ရောဂါပိုး စစ်ဆေးနေပုံ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts