Homeသတင်းမြန်မာကျပ်ငွေ ဆက်တိုက်ကျဆင်းလာစဥ် အွန်လိုင်းပေါ်မှ ရွှေရောင်းချခွင့်  ယာယီပိတ်ပင်

မြန်မာကျပ်ငွေ ဆက်တိုက်ကျဆင်းလာစဥ် အွန်လိုင်းပေါ်မှ ရွှေရောင်းချခွင့်  ယာယီပိတ်ပင်

-

မြန်မာကျပ်ငွေ ဆက်တိုက်ကျဆင်းလာစဥ် ရွှေလုပ်ငန်းရှင်အသင်းများမှ ရွှေနှင့် ရွှေကြမ်းများဖြင့် ပြုလုပ်ထားသော လက်ဝတ်ရတနာများ၊ ပစ္စည်းများ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေခြင်းကို ယာယီပိတ်ပင်လိုက်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းမှ နိုဝင်ဘာ ၃ ရက်နေ့ရက်စွဲ့ဖြင့် အသိပေးထုတ်ပြန်သည်။

ပိတ်ပင်ထားသည့် ပစ္စည်းများမှာ ရွှေ၊ ရွှေကြမ်း၊ လက်ဝတ်ရတနာများအပြင် ရွှေနှင့် ရွှေကြမ်းများဖြင့် ပြုလုပ်ထားသော ပစ္စည်းများပါဝင်သည်ဟု သိရသည်။

အွန်လိုင်းမှ ရွှေဝယ်ယူရာတွင် အလေးချိန်၊ ရွှေအရည်အသွေးနှင့် ဈေးနှုန်း ပြဿနာများကြောင့် ဝယ်ယူသူများ ထိခိုက်နစ်နာမှု ရှိလာသည့်အပြင် ရွှေဈေး အတက်အကျများကို ထိန်းလိုသဖြင့် တားမြစ်မှုလုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု မော်လမြိုင် ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

  ” ဆိုင်တွေမှာ ရောင်းချတာမျိုးရတယ်‌၊ အွန်လိုင်းပေါ်တွေမှာ ဆိုရှယ်မီဒီယာပေါ်မှာ ကြော်ငြာတာတွေလုပ်လို့ရတယ်။ ဒါကေမယ့် Live Sale မရဘူး၊ အွန်လိုင်းကနေ မှားပြီး ပို့ခိုင်းလို့မရဘူး၊ ဝယ်သူတွေက ဆိုင်သွားဝယ်လို့ရတယ်၊ အဲဒီလိုသဘောပါ။ ” ဟု ပြောသည်။

ရွှေလုပ်ငန်းရှင်အသင်းက ဒေါ်လာဈေးနှင့် ရွှေဈေးများ တည်ငြိမ်စေရေး လတ်တလော ထိန်းကြောင်းဆောင်ရွက်နေမှုများကို ပံ့ပိုးမှုဖြစ်စေရေးအတွက် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

လက််ရှိတွင် ခွင့်ပြုပြီးသည့် လုပ်ငန်းမှတ်ပုံတင်များကို သက်တမ်းတိုးခွင့် မပြုကြောင်းနှင့် ကျောက်မျက်ရတနာ သီးခြားရောင်းချခြင်းလုပ်ငန်းများကို ဝန်ခံကတိဖြင့်သာ ရောင်းချခွင့်ပြုလျှက်ရှိကြောင်း ဖော်ပြထားသည်။

၂၀၂၃ အောက်တိုဘာလမှ ၂၀၂၆ အောက်တိုဘာလ ၉ ရက်နေ့အထိ လက်ဝတ်ရတနာပစ္စည်း အုပ်စုဖြင့် online Sale မှတ်ပုံတင်ထားသည့် လက်မှတ်စောင်ရေ ၈၁၁ စောင်ရှိပြီး သက်တမ်းကုန်ဆုံးနေသည့် မှတ်ပုံတင်  ၅၇၀ စောင်ရှိနေကြောင်းလည်း သိရသည်။

ရွှေနှင့် ရွှေကြမ်းများဖြင့် ပြုလုပ်ထားသော ပစ္စည်းများကို လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရောင်းချခွင့် လိုင်စင်မရှိဘဲ ရောင်းချပါက အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေနှင့် အရေးယူခံရနိုင်သည်ဟုလည်း အသိပေးထားသည်။

ယခုရက်ပိုင်းအတွင်း မြန်မာငွေတန်ဖိုးကျဆင်းနေပြီး  ပြင်ပပေါက်ဈေးမှာ မြန်မာကျပ် ၁ သိန်းလျှင် ထိုင်းဘတ်ငွေ ၆၉၀ ဘတ်အထိ ရောက်ရှိနေကြောင်း ပြင်ပငွေလွှဲ လုပ်နေသူများထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,900SubscribersSubscribe

Latest posts