မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အယ်ဒီတာ့အာဘော် / ၈ လေးလုံးအရေးတော်ပုံ ရည်မှန်းချက်ပန်းတိုင်ကိုသတိချပ်စေလို

၈ လေးလုံးအရေးတော်ပုံ ရည်မှန်းချက်ပန်းတိုင်ကိုသတိချပ်စေလို

ရေးသားသူ:

မြန်မာနိုင်ငံ၏ ဒုတိယလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဟုတင်စားခေါ်ဆိုကြသည့် ကျောင်းသားများဦးဆောင်လှုပ်ရှားခဲ့သော ၈ လေးလုံးအရေးတော်ပုံကြီး ၂၈ နှစ်ပြည့်ခဲ့လေပြီ။

ကျောင်းသား၊ သံဃာတော်၊ အစိုးရဝန်ထမ်းများအပါအဝင် အလွှာအသီးသီးမှ ပြည်သူတရပ်လုံး တောရောမြို့ပါမကျန် နိုင်ငံအဝှန်း ၈ လေးလုံးအရေးတော်ပုံလူထုလှုပ်ရှားမှုက တစ်ပါတီအာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့သည်။

၈ လေးလုံးအရေးတော်ပုံ မြင်ကွင်းတစ်ခု(Internet)
၈ လေးလုံးအရေးတော်ပုံ မြင်ကွင်းတစ်ခု(Internet)

သို့သော် နောက်တစ်လကျော်အကြာ စက်တင်ဘာ ၁၈ ရက်နေ့တွင် တပ်မတော်က စစ်အာဏာသိမ်းလိုက်ပြီး လူထုလှုပ်ရှားမှုများကို ဆက်လက်ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ လေးလုံးအရေးတော်ပုံကြီးကို ကမ္ဘာအနှံ့ ပိုမို၍လူသိများစေသည်။

ထို့သိုပစ်ခတ်ဖြိုခွင်းမှုတွင် သေဆုံးသူ၊ ဒဏ်ရာရရှိသူအပြင် ဖမ်းဆီးထောင်ချခံရသူနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးနယ်မြေသို့ ထွက်ပြေးကြရသူ အများအပြားရှိခဲ့ပါသည်။

အရေးတော်ပုံကာလ သေဆုံးသူနှင့်ဒဏ်ရာရသူစာရင်းကို အရေအတွက်အတိအကျ ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း သေဆုံးသူ ၃ ထောင်နဲ့ တစ်သောင်းကြားရှိခဲ့သည်ဟု ခန့်မှန်းပြောဆိုနေကြသည်။

၈ လေးလုံးလူထုလှုပ်ရှားမှုသည် ၁၉၈၈ မတ်လ ၁၂ ရက်နေ့မှ စစ်အာဏာသိမ်းအပြီး သပိတ်ဖြိုခွင်းနိုင်သည့်စက်တင်ဘာ ၂၁ ရက်နေ့အထိ ၆ လဝန်းကျင်ကျော်ကာလအတွင်း ဖြစ်ပေါ်ခဲ့သည်ဟုလည်း မှတ်တမ်းတင်ခဲ့ကြသည်။

ထိုသို့စစ်အာဏာသိမ်းပြီးနောက် နဝတစစ်အစိုးရလက်ထက် ၁၉၉၀ ပါတီစုံရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မဲအပြတ်အသတ်အနိုင်ရရှိခဲ့သော်လည်း အာဏာလွှဲပြောင်းခြင်းမပြုသည့်အပြင် နိုင်ငံရေးသမားများနှင့် ဒီမိုကရေစီလှုပ်ရှားသူများကိုလည်း ဆက်လက်ဖမ်းဆီးထောင်ချခဲ့ပြန်သည်။

စစ်အစိုးရက ၁၉၉၃ မှ ၂၀ဝ၇ ခုနှစ်အထိ အမျိုးသားညီလာခံအချိန်ယူကျင်းပခဲ့ပြီး ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုခဲ့ရာ လွှတ်တော်အသီးသီးတွင် တပ်မတော်ကိုယ်စားလှယ် ၂၅% အပြင် အစိုးရဌာနအချို့ကိုလည်း ကာကွယ်ရေးဦးစီးချုပ်လက်အောက်ထားရှိသဖြင့် လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံသည် ဒီမိုကရေစီစံနှုန်းနှင့်အလွန်ဝေးကွာလျက်ရှိနေသည်။

ထိုကြောင့် ၈ လေးလုံးလူထုလှုပ်ရှားမှု အရေးတော်ပုံကြီးတွင် အဓိကတောင်းဆိုခဲ့ကြသော ဒီမိုကရေစီရရှိရေး၊ တစ်ပါတီစနစ်ဖျက်သိမ်းရေး၊ ပါတီစုံစနစ်ပေါ်ထွန်းရေးတို့တွင် ဒီမိုကရေစီရရှိရေး (ဝါ) ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေး ပန်းတိုင်သို့မရောက်ရှိသေးသည်ကို အထူးသတိချပ်စေလိုပါကြောင်း မွန်သတင်းအေဂျင်စီက တိုက်တွန်းရေးသားအပ်ပေသည်။

About မွန်သတင်းအေဂျင်စီ

Check Also

အစိုးရအစီရင်ခံစာနှင့် မွန်လွှတ်တော်မှတ်ကျောက်

ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ကျင်းပခဲ့သည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး၌ လက်ရှိမွန်ပြည်နယ်အစိုးရ၏ဆောင်ရွက်ချက်များကို လွှတ်တော်သို့မှတ်ကျောက်တင် အစီရင်ခံသောအခါ ၄င်းအစိုးရတစ်ရပ်၏အရည်အချင်းကိုလည်း လေ့လာသိရှိခွင့် ရရှိခဲ့ပေသည်။ Related

Leave a Reply

%d bloggers like this: