Homeသတင်းမြေကြီးမြေပုံရေးဆွဲရေးစီမံကိန်း မြန်မာပြည်တောင်ပိုင်း၌ အကောင်အထည်ဖော်ရန်ကြိုးပမ်းနေ

မြေကြီးမြေပုံရေးဆွဲရေးစီမံကိန်း မြန်မာပြည်တောင်ပိုင်း၌ အကောင်အထည်ဖော်ရန်ကြိုးပမ်းနေ

-

တိကျမှန်ကန်သည့်မြေကြီးမြေပုံ၊ မြေနှင့်သက်ဆိုင်သည့် မှတ်တမ်းနှင့် သတင်းအချက်အလက်တို့ကို စနစ် တကျစီမံထားရှိနိုင်ရန် ရည်ရွယ်ပြီး Onemap Myanmar ၏ မြန်မာအမျိုးသား မြေပုံစနစ်တည်ထောင်ခြင်း စီမံ ကိန်းအား မြန်မာပြည်တောင်ပိုင်းဒေသဖြစ်သည့် ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် အကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်း မြေယာမဏ္ဍိုင်အဖွဲ့မှ သိရသည်။

မြေကြီးမြေပုံစနစ်တည်ထောင်ခြင်းစီမံကိန်းကို သစ်တောဦးစီးဋ္ဌာနက ကြီးကြပ်၍ မြေယာမဏ္ဍိုင်အဖွဲ့ (Land Core Groupe) ၏ နည်းပညာပိုင်းဆိုင်ရာနှင့်ပူးပေါင်းအကောင်ထည်ဖော်နိုင်ရန် မွန်ပြည်နယ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။

မြန်မာပြည်တောင်ပိုင်းဒေသကို Google Earth မှမြင်တွေ့ရပုံ(Google Earth)
မြန်မာပြည်တောင်ပိုင်းဒေသကို Google Earth မှမြင်တွေ့ရပုံ(Google Earth)

“ယခုအခြေအနေက ဆွေးနွေးနေတုန်းဆိုတော့ စက်တင်ဘာလလောက်မှ Run နိုင်တော့မယ်၊ လုပ်ဆောင် တဲ့အခါ Onemap က မြေပုံကို ကိုယ်တိုင်သွားဆင်းတိုင်းတာမျိုး မဟုတ်ဘူး၊ အင်ဂျီအိုနဲ့အချို့ဒေသခံတို့နဲ့ ပူး ပေါင်းပြီးတော့ ရေးဆွဲထားတဲ့မြေပုံတွေရှိနေတယ်၊ အဲ့ဒါကို ပွင့်လင်းမြင်သာမှုရှိအောင် online ပေါ်မှာ တင် ပေးဖို့အစီစဉ်ရှိပါတယ်၊ နောက်တစ်ခု ဒေသခံတွေက သူတို့မြေပုံကို ဆွဲစေချင်တယ်ဆိုရင် Onemap နဲ့ဆက် သွယ်ပြီး Onemap ကနေ သူတို့ကို လိုအပ်တဲ့ နည်းပညာ၊ ငွေကြေး၊ ပစ္စည်းကိရိယာပါ ကူညီပေးဖို့ အစီစဉ်ရှိပါတယ်” ဟု Onemap Myanmar ၏ မြေယာမဏ္ဍိုင်အဖွဲ့ အုပ်ချုပ်မှုဒါရိုက်တာ နိုင်ရွှေသိန်းကပြော သည်။

Onemap Myanmar အဖွဲ့လက်တွဲဆောင်ရွက်မည့်အစီအစဉ်တွင် အစိုးရဌာနများသက်သက်မဟုတ်ပဲ အရပ်ဖက်လူမှုအဖွဲ့စည်းများ၊ ဒေသခံများအနေဖြင့် ပူးပေါင်းပါဝင်နိုင်ရန် လမ်းဖွင့်ထားပြီး Onemap Myanmar မှ ရေးဆွဲထားတဲ့မြေပုံကို အများပြည်သူများ ဝင် ရောက်ဆွေးနွေးနိုင်မှသာ လျှင် မှန်ကန်တိကျသော မြေပုံတစ်ခု ရရှိနိုင်မည်ဟု ၄င်းက ဆက်ပြောသည်။

မြေကြီးမြေပုံစနစ်တည်ထောင်ခြင်း Onemap Myanmar ၏ စီမံကိန်းသည် (၂၀၁၅) ဇွန်လမှ (၂၀၂၃) ဇွန်လ အထိ (၈) နှစ် စီမံကိန်းဖြစ်ပြီး ပထမအဆင့်ဖြစ်သည့် ကနဦးအဆင့်ကို (၅) လ၊ ဒုတိယအဆင့်က စတင်တည် ထောင်ခြင်း (၁၉) လ၊ တတိယအဆင့် တိုးချဲ့တည်ထောင်ခြင်း (၄) နှစ်၊ စတုတ္ထအဆင့် အခိုင်အမာတည် ထောင်ခြင်း (၂) နှစ်အဖြစ် ပိုင်းခြားထားရှိထားကြောင်း သိရသည်။

“မြေကြီးမြေပုံဆိုတာက လယ်ယာဘယ်လောက်ရှိနေ၊ ရာဘာခြံဘယ်လောက်ရှိနေ၊ မြေလွတ်မြေရိုင်း ဘယ် လောက်ရှိနေတယ်၊ ဘယ်မြေက ဘာအပင်နဲ့သင့်တော်တယ်၊ ဘယ်မြေက ဘာလုပ်လို့ရတယ် ဆိုတာကို အတိ အကျသိဖို့အတွက် အရေးကြီးတယ်လေ၊ ဥပမာ စီမံကိန်းတစ်ခုခု ဝင်လာပြီးဆိုရင် သူတို့ကပဲ နေရာရှာ၊ ပြီး တော့စာတင်တယ်ဆိုရင် အခုလိုကြုံတွေ့နေရတဲ့ပြဿနာတွေလိုပေါ့၊ ရွာတွေနဲ့နီးတယ် စသဖြင့်ပေါ့၊ မြေကြီး မြေပုံအတိအကျကို သိထားမှ သက်ဆိုင်ရာပြည်နယ်အစိုးရက ချမှတ်တဲ့အခါ ကိုက်ညီမှုရှိနိုင်တယ်” ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဋ္ဌာန ဝန်ကြီးဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

လက်ရှိတွင် သစ်တောဦးစီးဌာနက မြေပုံကတစ်မျိုး၊ မြေတိုင်းစာရင်းဦးစီးဌာနက မြေပုံကတစ်မျိုးဖြစ်နေခြင်းကြောင်း၊ မြေကြီးမြေပုံ၏ အချက်အလက် ကိုက်ညီမှုမရှိခြင်း၊ စနစ်ကျသည့် မှတ်တမ်းမရှိသည့်အတွက် Onemap Myanmar တို့နှင့် ပူးပေါင်း လုပ်ဆောင်မည်ဟု ဒေါက်တာမင်းကြည်ဝင်းက ဆက်ပြောသည်။

ယခုစီမံကိန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ မြေနှင့်ပက်သက်သည့် ဌာနဆိုင်ရာ အဖွဲ့ အစည်းများဖြစ်သည့် သစ်တောဦးစီးဌာန၊ မြေတိုင်းစာရင်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများ အပါအဝင် အစိုးရဌာနပေါင်း (၂၅) ခုဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts