Wednesday, May 13, 2026
More
    spot_img
    Homeသတင်းပငကျေးရွာ မွန်အမျိုးသားအလယ်တန်းကျောင်းစာသင်ခုံများ MEG အဖွဲ့လှူဒါန်း

    ပငကျေးရွာ မွန်အမျိုးသားအလယ်တန်းကျောင်းစာသင်ခုံများ MEG အဖွဲ့လှူဒါန်း

    -

    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ ပငကျေးရွာ မွန်အမျိုးသားအလယ်တန်းကျောင်းအတွက် စာသင်ခုံ ၆၀ စုံကို Mon Education Group Online (MEG Online) အဖွဲ့က သြဂုတ်လ ၇ ရက်နေ့က သွားရောက်လှူ ဒါန်းခဲ့သည်ဟု ဦးဆောင်သူ မွန်အသျှင်ဥက္ကံသက ပြောသည်။

    အသျှင်ဥက္ကံသက “ပငကျေးရွာ မွန်အမျိုးသားအလယ်တန်းကျောင်းမှာ စာသင်ခုံ လိုအပ်နေတယ်လို့ ကြားပြီး MEG Online အဖွဲ့က Facebook ကနေ နှိုးဆော်ပြီး အလှူရှင်တွေကလည်း ရက်ရက်ရောရော ပါဝင်လှူဒါန်းခဲ့တယ်”ဟု ပြောသည်။

    MEG အဖွဲ့ စာသင်ခုံများလှူဒါန်းရန်ရောက်ရှိလာစဉ်(MNA)
    MEG အဖွဲ့ စာသင်ခုံများလှူဒါန်းရန်ရောက်ရှိလာစဉ်(MNA)
    စာရေးခုံနှင့် ထိုင်ခုံတစ်စုံ ငွေကျပ်ငါးသောင်းကျပ်တန်ဖိုးရှိ စာသင်ခုံ ၆၀ စုံ စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်းသုံးဆယ်ကို MEG Onlineအဖွဲ့မှ လှူဒါန်ထားကြောင်း၊ ဟိတကာရီဖောင်ဒေရှင်းမှ အလှူငွေ ဆယ်သိန်းနှင့် အခြားသော မွန်အသင်းအဖွဲ့များလည်း ပါဝင်လှူဒါန်းထားသည်ဟု သိရသည်။

    အဆိုပါ မွန်အမျိုးသားအလယ်တန်းကျောင်းဆောင်သစ်ကို ပြီးခဲ့သည့်ဇွန်လအတွင်းက စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသုံးပရိဘောဂများ လိုအပ်နေသဖြင့် ကလေးများ၏ အနာဂတ်ပညာရေး ထွန်းလင်း တောက်ပစေရန် ရည်ရွယ်လှူဒါန်းရသည်ဟု အသျှင်ဥက္ကံသက ဆိုသည်။

    မွန်အမျိုးသားကျောင်း ဆရာ/ ဆရာမ လစာများကို ထောက်ပံ့ရန်ရည်ရွယ်၍ အမျိုးသားပညာရေး စိတ်ပါဝင်စားသူ လူငယ်များက MEG Onilne အဖွဲ့ကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

    ကျောင်းအုပ်ဆရာမကြီး မိဇွဲလဝီမွန်က “အခုလောလောဆယ်မှာတော့ ကျောင်းလုံခြုံမှုအတွက် ခြံစည်းရိုး၊ နောက်ပြီးတော့ ရေတွင်း၊ မီး၊ ကလေးတွေရဲ့ ကျန်းမာရေးအတွက် လက်ဆေးဖို့နေရာလိုအပ်နေတယ်၊ အခုလိုကျမတို့စာသင်ကျောင်းမှာ လိုအပ်နေတာလေးတွေ ဝိုင်းဝန်းလှူဒါန်းဖြည့်ဆည်းပေးတာကို အတိုင်းမသိ ဝမ်းသာမိပါတယ်” ဟု ပြောသည်။

    အဆိုပါ မွန်အမျိုးသားအလယ်တန်းကျောင်းတွင် ပထမတန်းမှ အဌမတန်းအထိသင်ကြားလျက်ရှိရာ လက်ရှိ ကျောင်းသား/သူစုစုပေါင်း ၂၅o ကျော်နှင့် ဆရာ/ဆရာမ ၉ ဦး ရှိသည်ဟု သိရသည်။

    မွန်အမျိုးသားပညာရေးကော်မတီ MNEC လက်အောက်ရှိ မွန်အမျိုးသားကျောင်းများ၌ မူလတန်း ၁၄၂ ကျောင်း၊ အလယ်တန်းကျောင်း ၁၂ ကျောင်း၊ အထက်တန်းကျောင်း ၃ ကျောင်းနှင့် Post-ten အထက်တန်းလွန် ၁ ကျောင်းတွင် ကျောင်းသူ/သားဦးရေတစ်သောင်းခွဲကျော် ပညာသင်ကြားလျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,800SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks