မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News

အမြင်နှင့်သုံးသပ်ချက်

လက်ရှိရွေးကောက်ပွဲစနစ်က လူနည်းစုတိုင်းရင်းသားပါတီများအတွက် မျှတမှုရှိပါသလား

ဗညားမွန်  ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကပင် ပြည်သူ့ လွှတ်တော် ၂၅၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၃၈ နေရာဖြစ်သည့်အတွက် ပြည် ထောင်စုလွှတ်တော်၌ ၃၉၆ နေရာနှင့် ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်မှာ ၅၀၁ နေရာဖြင့် ၈၃ ရာခိုင်နှုန်းခန့် မဲအပြတ်အသတ်ဆက် လက်အနိုင်ရရှိခဲ့ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများက ပြည်သူ့လွှတ်တော် ၃၁ နေရာနှင့် အမျိုးသားလွှတ်တော် ၁၆ နေရာ စုစုပေါင်း ၄၇ နေရာသာ အနိုင်ရရှိခဲ့ပါသည်။ ၂၀၁၅ ခု  ရွေးကောက်ပွဲအပေါ် သင်ခန်းစာယူကာ တိုင်းရင်းသားနိုင်ငံရေးပါတီများသည် အချင်းချင်း ပေါင်းစည်းကြပြီး ပါတီကြီးများနှင့် ယှဉ်ပြိုင်ရန် ပြင်ဆင်လာပါသည်၊ ဆိုင်ရာတိုင်ရင်းသားများ၏ထောက်ခံမှု …

Read More »

နိုင်ငံတော် အတိုင်ပင်ခံ ၊ အနာဂတ်ပြည်ထောင်စုအိပ်မက်နှင့် ငြိမ်းချမ်းရေး ဇာတ်မျော

ဗညားအောင် (၁၇ သြဂုတ် ၂၀၂၀) “အနာဂတ်ပြည်ထောင်စု အိပ်မက်ကို အကောင်းဆုံးဖြစ်အောင် ပုံဖော်ကြပါ” အထက်ပါပြောစကားကို (၉)ကြိမ်မြောက် JICM အစည်းအဝေးမှာ ပြောဆိုခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းထဲမှ ကောက်နှုတ်ထားခြင်းဖြစ်သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် ရေရှည်သဘောဆောင်သော လုပ်ငန်းစဉ်ဟုလည်း သူမက ညွှန်းဆိုခဲ့ပါသည်။ “ကျွန်မတို့အနေနဲ့ မရရှိနိုင်သေးတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကိုလည်း တစ်ချိန်တည်း တစ်ပြိုင်တည်း ကြိုးပမ်းနေရပါတယ်။ ဒီလိုမျိုး ရေရှည်သဘောဆောင်တဲ့ လုပ်ငန်းစဉ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ချိတ်ဆက်စဉ်းစားပြီးတဲ့နောက် ဒီလုပ်ငန်းစဉ်တွေအားလုံး ခြုံငုံအကျုံးဝင်တဲ့ ရှေ့ဆက်သွားရမယ့် အဆင့်လိုက်လုပ်ငန်းစဉ်ကို ကျွန်မတို့ ဖော်ထုတ်ရရှိလာခဲ့ပြီ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ မကြာမီရက်ပိုင်းအတွင်း ကျင်းပတော့မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) …

Read More »

ရက် ၉၀ ရွှေ့ပြောင်းရောက်ရှိမဲပေးခွင့် ဘယ်လိုရိုက်ခတ်နိုင်သလဲ

ဗညားအောင်(နိုဝင်ဘာ ၁၆) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုတိယအကြိမ်ဗဟိုကော်မတီ တတိယအကြိမ်မြောက်ပုံမှန်အစည်းအဝေး (စက်တင်ဘာ ၂၁-၂၂) မှာ တိုင်းရင်းသားရေးရာကော်မတီဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဟာဗျူဟာချမှတ်ခဲ့ပါတယ်။ NLD ပါတီဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က “ဒေသခံတိုင်းရင်းသားပါတီတွေဟာ တကွဲတပြားပြိုင်မှာ မဟုတ်တော့ပါဘူး၊ သူတို့ဟာစုပေါင်းပြီး ဖွဲ့စည်းပြီးပြိုင်ကြမှာဖြစ်တဲ့အတွက် ဒါတွေကိုကျော်လွှားနိုင်ဖို့အတွက် ကျနော်တို့ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ Strategic Plan (မဟာဗျူဟာစီမံကိန်း) ရှိသင့်တယ်၊ အဲဒါကိုဆောင်ရွက်ဖို့ ကျနော်တို့က တိုင်းရင်းသားအစစ်တွေနဲ့ တိုင်းရင်းသားရေးရာကော်မတီကိုဖွဲ့မှာ” လို့ သတင်းစာရှင်းလင်းပွဲမှာ ဆိုခဲ့ပါတယ်။ ၂၀၂၀ နဲ့ ၂၀၁၅ ရွေးကောက်အခြေအနေတွေ ကွာခြားသွားပြီဖြစ်တဲ့အတွက် တိုင်းနဲ့ပြည်နယ်တွေက လက်ရှိ အခြေနေတွေကို စုဆောင်းပြီးမှ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ NLD ရဲ့ ရွေးကောက်ပွဲမဟာဗျူဟာကို ချမှတ်တာဆိုတဲ့အတွက် …

Read More »

ဖက်ဒရယ်အရေးတွင် NLD ရပ်တည်ချက် သွေဖီသွားပြီလား

ဗညားအောင် (အောက်တိုဘာ ၁၅) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ “ပြောင်းလဲချိန်တန်ပြီ” ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်း နံပါတ်(၁) ဦးစားပေးနေရာတွင် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကထားဆောင်ရွက်မည်ဟု ဆိုခဲ့သော်လည်း ယခုအစိုးရသက်တမ်း ၄ နှစ်ပြည့်ခါနီးကာလ၌ လက်ဆုပ်လက်ကိုင်ပြနိုင်လောက်သည့် တိုးတက်မှုများမရှိဘဲ လေထဲတိုက်အိမ်ဆောက်သည့်သဘောမျိုးသာ တွေ့ရသည်။ အကြောင်းအမျိုးမျိုးကြောင့် အစိုးရနှင့် NCA-S EAO တို့ တရားဝင်ဆွေးနွေးပွဲများ တစ်နှစ်နီးပါးကြာမျှ ရပ်တန့်ခဲ့သဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ အစည်းအဝေးများလည်း သတ်မှတ်ချိန်အတိုင်း ဆက်လက်မကျင်းပနိုင်ခဲ့ပေ။  အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁၀ ဖွဲ့ (မူလ ၈ ဖွဲ့သာ NMSP,LDU မပါဝင်သေး) NCA-S EAO တို့ NCA လက်မှတ်ရေးထိုးခဲ့သည်မှာ …

Read More »

မူးယစ်နွံထဲက အနာဂတ်လူငယ်များ

ဝံသမွန် ဒေသအနှံ့အပြားမှာ မူးယစ်ဆေးသုံးစွဲသူတွေများလာသလို အသက် ၁၂ နှစ်ကလေးတွေကစပြီး အသက် ၄၀ ကျော်အထိ လူငယ်အရွယ်ကစပြီး လူလတ်ပိုင်းအရွယ်ကြား မူးယစ်ဆေးကြောင့် အကြမ်းဖက်မှုတွေကလည်း နည်းမျိုးစုံနဲ့  ဖြစ်ပေါ်နေပါတယ်။  ဆေးသုံးစွဲတဲ့သူတွေဟာ ဆေးကြောင်ပြီးသူတို့လိုချင်တဲ့အရာမှန်သမျှ မရ၊ ရတဲ့နည်းနဲ့ ရယူဖို့ကြိုးစားတဲ့အတွက် ခိုးမှုတွေ၊ လုယက်မှုတွေ၊ နောက်ဆုံးလူသတ်တဲ့အဆင့်အထိ ရှိလာခဲ့တယ်လို့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တရနာကျေးရွာအုပ်ချုပ်ရေးမှူး မိသန်းဌေးက ဆိုပါတယ်။  “မူးယစ်ဆေးသုံးတဲ့လူတွေက အိမ်မှာပိုက်ဆံတောင်းတယ်၊ မရဘူးဆိုသောင်းကျန်းမယ်၊ ဆိုတော့မိဘတွေအတွက် အရမ်းထိခိုက်တယ်၊ နောက်တော့အစ်မတို့ဒေသမှာဆို မူးယစ်ဆေးကြောင့် အဖေကိုသတ်လိုက်တဲ့အထိရှိတယ်၊ ဒါပေမယ့် တရားခံကိုတော့ဖမ်းမမိသေးဘူး” လို့ သူမက ဆိုပါတယ်။ မူးယစ်ဆေးသုံးတဲ့လူတွေ တစ်နှစ်ထက်တစ်နှစ်တိုးလာပြီး အဆိုးဆုံးက မူးယစ်ဆေးနဲ့ ဆက်စပ်ပြီး အိမ်တွင်း အကြမ်းဖက်မှုတွေပါဖြစ်လာတဲ့အပေါ် သက်ဆိုင်ရာဌာနတွေရဲ့ …

Read More »

လိင်ပိုင်းအကြမ်းဖက်မှုနွံမှ အမျိုးသမီးတို့ရဲ့ ဘဝမလုံခြုံမှုများ

ဝံသမွန် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အိမ်တွင်းအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ ကလေးသူငယ်တွေနဲ့ မသန်စွမ်းတဲ့အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုမို များပြားလာခဲ့တာကို နေရာတိုင်းမှာလိုလို တွေ့မြင်နေရပါတယ်။ အဲဒီအပေါ်မှာတော့ မုဒိမ်းမှုကျုးလွန်ခံရတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ၊ မသန်စွမ်းအမျိုးသမီးတွေ ကတော့ စိတ်ပိုင်းရော၊ ရုပ်ပိုင်းဆိုင်ရာပါ အကြမ်းဖက်ခံရတဲ့အတွက် ကာယကံတွေရဲ့စိတ်ခံစားချက်၊ မိသားစုဝင်တွေရဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီး သူတို့တွေရဲ့ ဂုဏ်သိက္ခာနဲ့ လုံခြုံမှုအတွက် ရေးသားဖော်ပြမှုတွေ သိပ်မရှိကြပါဘူး။ ဒါတွေဟာ ဘာကြောင့်ဒီလိုမျိုးများပြားလာခဲ့သလဲ၊ မုဒိမ်းမှုတွေနဲ့ပတ်သက်ပြီး အရေးယူမှုတွေ အားနည်းနေတာကြောင့်လားဆိုတာကို လူမှုပတ်ဝန်းကျင်မှာ ဒွိဟဖြစ်စေခဲ့ပါတယ်။ အဲဒီလိုလိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့် အကြမ်းဖက်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ရင်တွင်းခံစားချက်ကို ဘေးလူ တစ်ဦးအနေနဲ့သာမာန်အဖြစ်အပျက်လို့သာခံစားရပေမယ့် တကယ့် စိတ်ခံစားချက်၊ ကိုယ်ချင်းစာစိတ်လေးနဲ့ …

Read More »

MCL ဘိလပ်မြေစက်ရုံဟာ ပျားတောင်ဒေသအတွက် အမွေဆိုးတွေချန်ပေးနေသလား

ဝံသမွန် မွန်ပြည်နယ်မှာ ပျားတောင်ဒေသလို့ခေါ်တဲ့ ကျိုက်မရောမြို့နယ်ဟာ အတ္ထရံမြစ်ရစ်ခွေစီးဆင်းကာ သဘာဝ တောတောင်အလှအပတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒေသခံတွေကလည်း ရာဘာ၊ စပါးနဲ့ တံငါလုပ်ငန်း တွေကိုသာ အဓိကအားထားလုပ်ကိုင်ပြီး မွန်နဲ့ ကရင်လူမျိုးတို့သာ အများစုနေထိုင်ကြတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ အတ္ထရံမြစ်ကိုအမှီပြုပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ ပျားတောင်ဒေသခံတွေအတွက် လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီလမှာ စတင်လည်ပတ်ခဲ့တဲ့ (MCL) ဘိလပ်မြေစက်ရုံဟာ တစ်နေ့ကိုဘိလပ်မြေတန်ချိန် ၅၀၀၀ ထုတ်လုပ်လျက်ရှိပြီး စက်ရုံအတွက်လိုအပ်တဲ့ လျှပ်စစ်လုံလောက်မှု ရရှိဖို့အတွက် ကျောက်မီးသွေးအသုံးပြု လည်ပတ်နေတဲ့အတွက် ထိုစက်ရုံဟာ သူတို့အနာဂတ်အတွက် အန္တရာယ်ရှိတဲ့အရိပ်မည်းတစ်ခုဖြစ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ထိုသို့ကျောက်မီးသွေးသုံးစွဲပြီး လည်ပတ်တဲ့အတွက်ကြောင့်လည်း MCL ဘိလပ်မြေစက်ရုံဟာ ဒေသခံတွေရဲ့ ကန့်ကွက်မှုကိုအကြိမ်ကြိမ်ခံခဲ့ရတဲ့ စက်ရုံတစ်ခုလည်းဖြစ်ပါတယ်။ Photo- MCL …

Read More »

မွန်လွှတ်တော်၏ ပွတ်တိုက်သံများ

ဗညားအောင် မကြာမီရက်ပိုင်းက ကျင်းပပြီးစီးခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၆ ရက်ကြာကာလအတွင်း လွှတ်တော်ကိုယ်စားများနှင့် အစိုးရဝန်ကြီးတို့၏ ပွတ်တိုက်သံများက အတော် ပွဲဆူစေခဲ့သည်။ ပွတ်တိုက်သံများစွာအနက် ပွဲအဆူဆုံး ဖြစ်ခဲ့သည်မှာ ရေးမြို့နယ် သပြေရွာသစ် ရေနက်ဆိပ်ကမ်းသို့ အဓိက သွားရာ လမ်းကြောင်းဖြစ်သည့် အောင်သပြေ-နှစ်ကရင်ကားလမ်း နိုင်ငံတော်ဘတ်ဂျက် ခွင့်ပြုငွေကျပ်သန်းပေါင်း ၁၀၀၀ ကို တင်ဒါပြိုင်စရာမလိုဘဲ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက သူ၏မိတ်ဆွေ ဦးစိန်ဝမ်း ပိုင်ဆိုင်သည့် Southern Myanmar Development- SMD ကုမ္ပဏီကို လုပ်ပိုင်ခွင့် တိတ်တဆိတ် ချပေးခဲ့သည့်ကိစ္စပင် ဖြစ်သည်။ ထိုကိစ္စကို ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) …

Read More »

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် 2020 Deadline

ဗညားအောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက တတိယအကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေးမှာ ၂၀၂၀ ခုနှစ်တွင် ငြိမ်းချမ်းရေးအပြီးသပ်မည်ဆိုသော Deadline တခုအနေဖြင့် မိန့်ခွန်းပြောရာမှာ ထည့်ပြော သွားခဲ့သည်။ တဖက်မှာတော့ တခုတည်းသော တပ်မတော်နှင့် ခွဲမထွက်ရေးဆိုသော ကိစ္စနှင့်ပတ်သက်ပြီး အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား အဖြေရှာမတွေ့သေးပဲ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ထစ်ဆို့လာခဲ့သည်။ ထို့နောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ရှေ့ဆက်မတိုးနိုင်ဘဲ နှေးကွေးမှုဘက်သို့ ရောက်ရှိနေခြင်းကြောင့် အားလုံးက ပြန်လည် တည့်မတ်နိုင်ရေး ကြိုးပမ်းနေရသည်။ ဒေါ်အောင်ဆန်းစုကြည်က “လက်ရှိ ၂၀၁၈ ခုနှစ် အတွင်းမှာ …

Read More »

မွန်ပြည်သစ်၏ NCA တစ်နှစ်ပြည့်ခရီး

ဗညားအောင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) သည် နိုင်ငံရေးဆွေးနွေးသည့် နည်းလမ်း တစ်ခုသာဖြစ်ပြီး မိမိတို့ မွန်ပြည်သစ်ပါတီ(NMSP)၏ ရည်မှန်းချက်ပန်းတိုင် မဟုတ်ကြောင်း ယမန်နှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် NMSP ဥက္ကဌ နိုင်ထောမွန် ပြောခဲ့သော မိန့်ခွန်းတခုကို အမှတ်ရမိသည်။ သို့နှင့် နေပြည်တော်မှာ NCA လက်မှတ်ရေးထိုးသော အခမ်းအနားပြီးသည့် နောက်တစ်လအတွင်း တပ် တည်ခွင့်ရ နယ်မြေများဖြစ်သည့် မွန်လူမျိုး အများစုနေထိုင်ရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ NMSP သထုံခရိုင်ရုံး၊ ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ရွာအနီးရှိ NMSP မော်လမြိုင်ခရိုင်ရုံး၊ ရေးချောင်း ဖျား ဒေသအပြင် မွန်လူထုများနေထိုင်ရာ ရန်ကုန်(သို့မဟုတ်) ပဲခူးတိုင်းဒေသကြီးတွင် တစ်နေရာရာ မတ်လအတွင်း …

Read More »