spot_img
Tuesday, May 7, 2024
More
    spot_img
    Homeသတင်းKNU နယ်မြေတွင် စစ်ကောင်စီ လေယာဉ်နှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး ဒဏ်ရာရ

    KNU နယ်မြေတွင် စစ်ကောင်စီ လေယာဉ်နှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး ဒဏ်ရာရ

    -

    စစ်ကောင်စီ လေယာဉ်နှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေ၊ သထုံမြို့နယ်နှင့် ဖားအံမြို့နယ်တို့တွင် ကလေး ၁ ဦးအပါအဝင် ဒေသခံအရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု KNU က ထုတ်ပြန်ထားချက်အရ သိရသည်။

    ဧပြီလ ၂၀ ရက်နေ့က ဖားအံမြို့နယ်ရှိ အရပ်သားနေထိုင်ရာ ရွာများထဲကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းကြောင့် ထီးနူရွာနေ အသက် ၁၂ နှစ်အရွယ် နော်ချေမူးနှင့် အသက် ၈၅ နှစ်အရွယ် ဖီးပန်းပုတို့ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

    ဧပြီလ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီ၏ ပိန္နဲတောတပ်စခန်းမှ သထုံမြို့နယ်၊ မင်းလွင်ကျေးအုပ်စုဘက်ကို လက်နက်ကြီး ၄ လုံး ပစ်ခတ်မှုကြောင့် ဝမ်းဘဲအင်းကျေးရွာနေ ဦးရဲဝင်းဆိုသူ ညာဘက်ခြေသလုံး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    ဧပြီလ ၂၂ ရက်နေ့က သထုံအခြေစိုက် စစ်ကောင်စီ အမှတ် (၉) ခြေမြန်တပ်ရင်းမှ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ မရမ်းကျေးရွာအတွင်း ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ရသည်။

    စစ်ကောင်စီ လေယာဉ်နှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပိုင်ပစ္စည်းများ၊ ကားနှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,200SubscribersSubscribe
    spot_img

    Latest posts