Homeသတင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေးချောင်းဖျားဒေသကို စစ်ကော်မရှင် လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေးချောင်းဖျားဒေသကို စစ်ကော်မရှင် လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ

-

ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  စစ်ကော်မရှင်က အောက်တိုဘာ ၁၄ ရက်နေ့၊ ညသန်းခေါင်အချိန်တွင်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

စစ်ကော်မရှင်က ရေးချောင်းဖျားဒေသ၊ ကင်းမွန်းကျေးရွာနှင့် ဒယ်ပြားကျေးရွာအကြားကို လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီးနှစ်လုံး ကြဲချခဲ့သည်ဟု ကနဦးသိရသည်။

“အဲနေရာက အရင်ကတော့ KNLA တပ်ရင်း ၂၇ ရဲ့ အရင်သင်တန်းကွင်းနေရာဟောင်းပါ။ လူထိခိုက်မှုတော့ မရှိဘူး။ အဲဘက်က ဘယ်သူမှ မနေဘူးလေ။” ဟု ရေးချောင်းဖျား သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိသော်လည်း ဥယျာဉ်ခြံအချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

ရေးချောင်းဖျားဒေသအတွင်း စစ်ကော်မရှင်တပ်နှင် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကြောင်းထိုးမှုမရှိသော်လည်းလေယာဉ်ဖြင့် အကြောင်းမဲ့ ရမ်းသမ်းတိုက်ခိုက်နေကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“စစ်ကြောင်းဝင်လာတာလည်း မရှိဘူး။ လေယာဉ်နဲ့ပဲ မထင်ရင်မထင်သလို ချနေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မေလနှင့် ဇွန်လအတွင်း ရေးချောင်းဖျားဒေသကို စစ်ကော်မရှင်က လေယာဉ်ဖြင့်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးမှုလည်း အများအပြား ရှိခဲ့သည်။

ထိုအချိန်မှစတင်ပြီး လေကြောင်းအသုံးပြုတိုက်ခိုက်မှုကို ရပ်တန့်ခဲ့ရာမှ ယခု ပြန်လည်စတင်လာခဲ့ခြင်း ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှ ယခု ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၂,၄၄၉) ကြိမ် ကျူးလွန်ခဲ့ရာတွင် အရပ်သားပစ်မှတ်ထားခံရမှု (၇၀) ရာခိုင်နှူန်းနီးပါး ပါဝင်ကြောင်း နိုင်ငံတကာမြန်မာသတင်း-BNI ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စောင့်ကြည့်ရေးအဖွဲ့ MPM ၏ မှတ်တမ်းအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts