Homeသတင်းကျိုက်ထိုတွင် လေကြောင်းတိုက်ခိုက်ခံမှု နေ့စဉ်ရှိနေပြီး ဒေသခံများ တိမ်းရှောင်နေရဆဲ

ကျိုက်ထိုတွင် လေကြောင်းတိုက်ခိုက်ခံမှု နေ့စဉ်ရှိနေပြီး ဒေသခံများ တိမ်းရှောင်နေရဆဲ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်တပ်မှနှစ်ပတ်ကျော်ခန့် လေကြောင်းဗုံးကြဲခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အိမ်ထောင်စု ၂၅၀ မှ ဒေသခံများ တိမ်းရှောင်နေရပြီး ယနေ့အထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

စက်တင်ဘာ ၂၂ မှစ၍ စစ်အုပ်စုမှ KNU တပ်မဟာ ၁ နယ်မြေ၊ မွန်ကရင်အစပ် ကျေးရွာများအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်နေပြီး တပ်မ ၄၄ ဌာနချုပ်နှင့် အမတ ၃၁၀ တပ်ရင်းမှလည်း လက်နက်ကြီးဖြင့်လည်း ပစ်ခတ်နေသည်။

ထို့ကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံများတိမ်းရှောင်နေရပြီး ယခုရက်ပိုင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု အနည်းငယ်ငြိမ်သက်နေသော်လည်း ဒေသခံများ နေရပ်မပြန်ရဲသေးကြောင်း ကျိုက်ထို စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ဆိုသည်။

“တိုင်းစစ်ဌာနကို ကြဲတဲ့နေ့ကစပြီး ကျိုက်ထိုမှာ လေးကေအပေါ် မွန်၊ကရင်အစပ် တပ်မဟာ ၁ နဲ့ တပ်ရင် ၃ ဘက်မှာကြဲခံရတယ်။ နေ့တိုင်းလိုလိုဗုံးကြဲတယ်။ တိုက်ပွဲလည်း မဖြစ်ဘူး။ ၁၀ ရွာလောက်ရှိမယ်။ အိမ်ထောင်စုကတော့ ၂၅၀ ပေါ့။ ” ဟု၎င်းကပြောသည်။

လေယာဉ်ဗုံကြဲတိုက်ခိုက်ခံရသည့် ဧရိယာတစ်ဝိုက် ဆက်သွယ်ရေးလိုင်းမှာပြတ်တောက်နေဆဲဖြစ်ပြီး၊ ပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှုနှင့် နေအိမ်အဆောက်အအုံများလည်း ပျက်စီးခဲ့ရသည်ဟု ၎င်းကဆက်ပြောသည်။

“လိုင်းလည်းမရနေဘူး။ အကုန်လုံးရှောင်ကြတာပဲ၊ နှစ်ရက်လောက်တော့ ငြိမ်နေတယ်။ ဒါမဲ့မပြန်ကြသေးဘူး။ အဆင်ပြေတဲ့နေရာဆီမှာ နေနေကြတယ် လေယာဉ်တစ်ခုတည်းမဟုတ်ဘူး၊ လက်နက်ကြီး၊ ဒရုန်း၊ မောင်းသူမဲ့ ဒရုန်းရောပဲ။ တလရ အင်အားစုထဲ အဖမ်းခံရတဲ့သူရှိတယ်။ အဲ့ကနေ သတင်းရတာဖြစ်မယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့တွင် လက်နက်ကြီးကျည်စထိမှန်သောကြောင့် ဇီးကုန်းကျေးရွာတွင် အသက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး၊ အရပ်သား သုံးဦးထက်မနည်း သေဆုံးသည့်အပြင် ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်။

စစ်အုပ်စုသည် ၂၀၂၁ ဖေဖော်ဝါရီ ၂၄ ရက်မှ စက်တင်ဘာ ၂၀၂၆ ခုနှစ်ထိ မြန်မာနိုင်ငံမှာ‌ လေကြောင်းတိုက်ခိုက်မှု ၇,၈၉၉ ခု ရှိခဲ့ပြီး အရပ်သား အနည်းဆုံး ၄,၈၃၆ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း Blood Money ၏ အချက်အလက်များအရ သိရသည်။

တဖက်တွင်လည်း တော်လှန်ရေးအင်အားစုများသည် နယ်မြေအများအပြားကို စစ်အုပ်စုထံက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ၎င်းတို့ ဆုံးရှုံးနယ်မြေများ ပြန်လည်ရရှိရေး စစ်အုပ်စုက ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts