Homeသတင်းမော်လမြိုင်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းကျော်နှင့် ဘိန်းဖြူတုံးများ ဖမ်းဆီးရမိ

မော်လမြိုင်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းကျော်နှင့် ဘိန်းဖြူတုံးများ ဖမ်းဆီးရမိ

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကျုံစိန်ကျေးရွာတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းကျော်နှင့် ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးသတင်းအရ ကျုံစိန်ကျေးရွာလမ်းဝ၊ ဘားအံ-မော်လမြိုင်သွားကားလမ်းတွင် မော်တော်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ အသက် ၄၇ နှစ်အရွယ် ယာဉ်မောင်း ကျော်လွင်မိုး၊ အသက် ၄၆ နှစ်အရွယ် ဇေယျာဝင်း(ခ)စန်းပွင့်(ခ)သားချိုနှင့် အသက် ၃၂ နှစ်အရွယ် မအိသွင်ရွှေတို့နှင့်အတူ ဖုန်း၊ ငွေကျပ်သိန်း ၂၅၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။

၎င်းတို့ သုံးဦးကို မူးယစ်ဆေးဝါးများနှင့် ပက်သက်၍ စစ်ဆေးမေးမြန်းခဲ့ရာ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းရှိ Royal Hinthar ကားပါကင်တွင် ရပ်တန့်ထားသော အဖြူရောင်မော်တော်ယာဉ်ပေါ်တွင် မူးယစ်ဆေးဝါးများ ဝှက်၍ သိမ်းဆည်းထားကြောင်းကို စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယင်းနောက် ရဲတပ်ဖွဲ့ဝင်များက Royal Hinthar ဟိုတယ် ကားပါကင်တွင် ရပ်ထားသော အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀၀၀ဝ ပြား၊ ကာလတန်ဖိုး ကျပ်သိန်း ၈,၇၅၀ သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ရှာဖွေရာတွင် ဘိန်းဖြူအလေးချိန် ၃၅၀ ဂရမ်ခန့်ပါ လေးထောင့်ပုံ ဘလောက်တုံး ၇၉ တုံး၊ စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ၁၃,၈၂၅ နှင့် ဘိန်းဖြူ အလေးချိန် ၃၅၀ ဂရမ်ခန့်ပါ လေးထောင့်ပုံဘလောက်တုံး ၁၀၀ တုံး၊ ကာလတန်းဖိုး ကျပ်သိန်း ၁၇,၅၀၀ တို့ကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး ကျော်လွင်မိုး၊ ဇေယျာဝင်း(ခ)စန်းပွင့်(ခ)သားချိုနှင့် မအိသွင်ရွှေတို့ သုံးဦးအား အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts