Homeသတင်းဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မိုးဆက်လက်သည်းထန်မည်ဟု TMD သတိပေး

ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မိုးဆက်လက်သည်းထန်မည်ဟု TMD သတိပေး

-

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အပါအဝင် နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသ၏ ၈၀ ရာခိုင်နှုန်းတွင် မိုးသက်လေပြင်းများကျရောက်ပြီး မိုးဆက်လက်သည်းထန်မည်ဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာန (TMD)မှ ယနေ့တွင် သြဂုတ် ၂၁ ရက်နေ့တွင်ထုတ်ပြန်သည့် မိုးလေဝသ သတိပေးချက်အရ သိရသည်။

(TMD) မှ ဩဂုတ်လ ၂၁ ရက် သောကြာနေ့တွင် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက် အထက်ပိုင်းတို့၌ မိုးကြီးခြင်းမှ အလွန်သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပြီး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် ဒေသများတွင် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် ဘန်ကောက်နှင့် အနီးဝန်းကျင် ခရိုင်များ၏ ၇၀ ရာခိုင်နှုန်းတွင်လည်း မိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။

အဆိုပါ မိုးလေဝသအခြေအနေမှာ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း အထက်ပိုင်းတို့မှတစ်ဆင့် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်း ပေါ်ရှိ အားကောင်းသော လေဖိအားနည်းရပ်ဝန်းဆီသို့ တည်ရှိနေသည့် မုတ်သုံလေအထက်ကြောနှင့် အန္ဒမန်ပင်လယ်၊ ထိုင်းနိုင်ငံနှင့် ထိုင်းပင်လယ်ကွေ့တို့ပေါ်တွင် တိုက်ခတ်နေသည့် တောင်ကုတ်မုတ်သုံလေ အားကောင်းနေခြင်းတို့ကြောင့် ဖြစ်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မိုးရေချိန် စုစည်းမှုတို့ကြောင့် ရုတ်တရက် ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် မြစ်ရေလျှံမှုများ ဖြစ်ပွားနိုင်သဖြင့် မြေနိမ့်ပိုင်းနှင့် တောင်ခြေအနီးနေထိုင်သူများ တောင်ခြေဒေသများနှင့် မြေနိမ့်ပိုင်းနေ ပြည်သူများအနေဖြင့် အထူးဂရုပြု သတိထားကြရန် အသိပေးထားသည်။

ပင်လယ်ပြင်တွင်လည်း လှိုင်းကြီးနိုင်ပြီး အန္ဒမန်ပင်လယ် အထက်ပိုင်းနှင့် ထိုင်းပင်လယ်ကွေ့ အထက်ပိုင်းတို့တွင် လှိုင်းအမြင့် ၂ မီတာမှ ၃ မီတာအထိရောက်နိုင်သည့်အပြင်  မိုးသက်လေပြင်းကျချိန်တွင် ၃ မီတာထက်ပို၍ မြင့်တက်နိုင်သည်။

အန္ဒမန်ပင်လယ် အောက်ပိုင်းတွင်မူ လှိုင်းအမြင့် ၂ မီတာခန့်ရှိမည်ဖြစ်ပြီး မိုးသက်လေပြင်း ကျရောက်သည့် ဧရိယာများ၌ ၂ မီတာထက် ပိုမြင့်နိုင်သည်။

ထို့ကြောင့် ရေကြောင်းသွားလာသူများအနေဖြင့် သတိထား မောင်းနှင်ကြရန်နှင့် မိုးသက်လေပြင်းကျရာ ဧရိယာများတွင် သင်္ဘောလွှင့်တင်ခြင်း မပြုကြရန် သတိပေးထားသည်။ အန္ဒမန်ပင်လယ် အထက်ပိုင်းနှင့် ပင်လယ်ကွေ့ အထက်ပိုင်းရှိ လှေငယ်များအနေဖြင့် ကမ်းစပ်တွင်သာ ဆိုက်ကပ်ထားကြရန် လိုအပ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts