Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများမြဝတီတောင်ပိုင်းတွင် စစ်ဘေးရှောင်အမျိုးသမီးငယ်နှစ်ဦး ပျောက်ဆုံးနေ

မြဝတီတောင်ပိုင်းတွင် စစ်ဘေးရှောင်အမျိုးသမီးငယ်နှစ်ဦး ပျောက်ဆုံးနေ

-

ကရင်ပြည်နယ်၊ မြဝတီတောင်ပိုင်း၊ ဝေါလေမြို့အနီးဝန်းကျင်တွင် စစ်ရှောင်အမျိုးသမီးငယ်နှစ်ဦး ရက်သတ္တပတ်နီးပါးကြာ ပျောက်ဆုံးနေကြောင်း မိသားစုဝင်နှင့် နီးစပ်သည့် မြဝတီဒေသခံများက ပြောသည်။

ထိုင်းနယ်စပ်ဘက်ခြမ်းမှ မြန်မာဘက်ရှိ ဝေါလေမြို့ ဘုန်းကြီးကျောင်းအလှူသို့ ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့က စစ်ရှောင်အမျိုးသမီးငယ်နှစ်ဦး သွားရောက်ရာမှ အဆက်သွယ်မရဘဲ နှစ်ဦးလုံး ပျောက်ဆုံးနေကြောင်း သိရသည်။

ပျောက်ဆုံးနေသူ အမျိုးသမီးငယ်နှစ်ဦးသည် ကော့ကရိတ်မြို့နယ်ဇာတိမှ အသက် ၁၃ နှစ်အရွယ် တစ်ဝမ်းကွဲ ညီအမများဖြစ်ကြပြီး ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ထိုင်းနယ်စပ်ဘက်ခြမ်းသို့ မိသားစုလိုက် နှစ်နှင့်ချီ စစ်ဘေးရှောင်နေကြသူများဖြစ်သည်ဟု မြဝတီဒေသခံ တစ်ဦးက ပြောသည်။

“ တဝမ်းကွဲညီအမတွေပါ။ အလှုသွားမယ်လို့ ပြောပြီ အိမ်ကနေ ထွက်သွားကြတာ။ အဲဘုန်းကြီးကျောင်းမှာတုန်းက ဖုန်းတစ်ခါဆက်လို့ ဝင်သေးတယ်။ နောက်တော့ အဆက်သွယ်မရတော့ဘူး။ ထိုင်းဘက်ခြမ်းက ရဲတပ်ဖွဲ့တွေကို သွားတိုင်ထားကြတယ်။ ဒီဝေါလေဘက်က လူတွေကိုလည်း တွေ့ရင်ပြောပေးဖို့ ပြောထားတယ် ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့အပြင် မိသားစုဝင်များက စုံစမ်းရှာဖွေမှုများ ဆက်တိုက်လုပ်ဆောင်နေသော်လည်း မည်သည့်သတင်းအစအနမှ မကြားရသေးကြောင်း ဆိုသည်။

အထူးသဖြင့် တရားမဝင် ကျားဖြန့်လုပ်သားများဖြင့် စည်းကားနေသည့်  ဝေါလေဒေသတွင် အမျိုးသမီးငယ်နှစ်ဦးကို ကျားဖြန့်လုပ်သားများအဖြစ် လိမ်လည်ခေါ်ဆောင်သွားမည်ကို မိသားစုဝင်များက စိုးရိမ်လျှက်ရှိသည်။

“ ကလေးနှစ်ယောက်ကို တစ်ယောက်ယောက်က လိမ်လည်သွားပြီးတော့ အဲကျားဖြန့်ရုံတွေမှာ သွားရောင်းစားလိုက်မှာကို စိုးရိမ်းနေကြတယ်။ ပြီးတော့ မကောင်းတဲ့လူတွေက တစ်ခုခု လုပ်သွားမှာကိုလည်း စိုးရိမ်းနေကြတယ်”ဟု အထက်ပါ ဒေသခံက ဆိုသည်။ ပြောသည်။

မြဝတီတောင်ပိုင်းရှိ ဖလူး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ဝေါလေဖ၊ ကျောက်ခတ် စသည့်ဒေသများသည် လက်နက်ကိုင်အဖွဲ့အစည်းမျို့စုံ ထိန်းချုပ်မှုအောက်တွင် ကျားဖြန့်လုပ်ငန်း၊ ကာစီနိုရုံများက ယနေ့ချိန်အထိ ဖွင့်လှစ်လျက် ရှိသည်။

အဆိုပါ တရားမဝင်လုပ်ငန်းဂိုဏ်းများက မြန်မာနိုင်သားအပါအဝင် နိုင်ငံခြားသားများကို မြေပြင်၊ အွန်လိုင်းမှတစ်ဆင့် နည်းမျိုးစုံဖြင့် လိမ်လည်ခေါ်ဆောင်သွားသည့်နောက် အဓမ္မခိုင်းစေးမှုများ၊ ညှဉ်းပန်းနှိက်စက်မှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

စစ်ပွဲများကြောင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားခြင်း၊ ဒေသခံအာဏာပိုင်များနှင့် အုပ်ချုပ်ရေးစနစ်များ မတည်ငြိမ်ခြင်းကြောင့် အမျိုးသမီးများ အကြမ်းဖက်ခံရခြင်း၊ လူကုန်ကူးခံရခြင်းများ မကြာခဏ ဖြစ်ပွားနေသည်။

ထိုသို့ ကိစ္စရပ်များတွင် တိုင်ကြားရမည့်နေရာ သို့မဟုတ် အကာအကွယ်တောင်းခံရမည့် တရားဝင်ယန္တရား (Safety Net) လုံးဝမရှိတော့ကြောင့် အမျိုးသမီ့အရေး လှုပ်ရှားသူနှင့် အရပ်ဘက်အဖွဲ့များ  မကြာခဏ ထောက်ပြပြောဆိုလျှက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts