Homeသတင်းမော်လမြိုင်မြို့နေ အမျိုးသမီးငယ်တစ်ဦး ၅ ရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံး

မော်လမြိုင်မြို့နေ အမျိုးသမီးငယ်တစ်ဦး ၅ ရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံး

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်တိုးချဲ့လမ်း ၂ နေ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး  ၅ ရက်ကြာ ပျောက်ဆုံးနေပြီး၊ အဆက်အသွယ်မရရှိသေးသဖြင့် မိသားစုများက ဆက်တိုက် ရှာဖွေမှုလုပ်ဆောင်နေကြောင်း သိရသည်။

နိုဝင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက မု့န်ဝယ်မည်ဟုဆိုကာ လက်ကိုင်ဖုန်းမပါဘဲ နေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်သွားသည့်အချိန်မှစ၍ ဆိုင်ကယ်နှင့်အတူ ပျောက်ဆုံးသွားကြောင်း သိရသည်။

အမျိုးသမီးငယ်၏ မိသားစုဝင်နှင့် အသိမိတ်ဆွေများ လူမှုကွန်ယက်ပေါ်ရှိ Group များတွင် လူပျောက်ဆုံးမှု သတင်းကို ဖြန့်ဝေကာ ဝိုင်းဝန်းရှာဖွေသော်လည်း သတင်းအစအနမရသည့်အပြင် ငွေကြေးလိမ်လည်တောင်းခံသည့် ဖုန်းခေါ်ဆိုမှုများနှင့်သာ ရင်ဆိုင်နေရကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။

“ဒီနေ့ဆို ၅ ရက်ရှိပြီး၊ ဘာသတင်းအစအနမှမရသေးဘူး။ ရဲတွေကိုတိုင်ကြားထားတယ်။ သူတို့အလုပ်ကို သူတို့လုပ်နေတာပဲ၊ မြို့တွင် စီစီဒီဗီတွေကို လိုက်ကြည့်ပြီးစစ်ဆေးနေတယ်လို့ပြောတယ်။ အသိတွေ လိုင်းပေါ်မှာတင်ပြီး ကူရှာပေးတယ်။ ဂရုတွေမှာလည်း တင်ထားတယ်” ဟု၎င်းကပြောသည်။

လက်ရှိတွင် လူပျောက်အမှုဖြင့် သက်ဆိုင်ရာထံ တိုင်ကြားထားသဖြင့် ရှာဖွေရေးလုပ်ငန်းများကို အချိန်မီ အမြန်ဆုံးဆောင်ရွက်ပေးစေလိုပြီး၊ ပြန်လည်ရှာဖွေတွေ့ရှိရန် မိသားစုဝင်များက မျှော်လင့်နေကြောင်းလည်း ၎င်းကဆက်ပြောသည်။

 “စိုးရိမ်နေတာတော့ အများကြီးပဲ၊ ဘယ်ရောက်လို့ ရောက်နေမှန်းလည်းမသိဘူး၊ ဘာသတင်းအစအနမှလည်း မရတော့၊ ဘာလုပ်လို့ လုပ်ရမှန်းတောင်မသိတော့ဘူး၊ ဒီသတင်းကိုလည်း အချိန်မှီတင်စေချင်တယ်။ တစ်နေ့တစ်နေ့ ဆက်သွယ်မဲ့သူ၊ တွေ့မဲ့သူရောက်လားမလားဆိုပြီး မျှော်နေရတာ။ ” ဟု အထက်ပါ မိသားစုဝင်က ဆိုသည်။

အဆိုပါအမျိုးသမီးက စီးနှင်းသွားသည့် ဆိုင်ကယ်သည် NCX wave100 ၆၅ယ/ ၈၃၅၃၀ မိုးပြာရောင် ဖြစ်ပြီး၊ တွေ့ရှိပါက 09 – 698854064 ဖုန်းနံပါတ်သို့ ဆက်သွယ်အကြောင်းကြားပေးရန်လည်း မိသားစုဝင်မှ တောင်းဆိုထားသည်။

စစ်ကောင်စီ အပြည့်အဝထိန်းချုပ်ထားသည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့သည် အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးငယ်များ ပျောက်ဆုံးမှု ဖြစ်နေပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က အုပ်စုလိုက်ပျောက်ဆုံးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

ပျောက်ဆုံးခဲ့သူများအနက် ပြန်လည်တွေ့ရှိသူအချို့မှာ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေမှာ ပြင်းထန်ထိခိုက်မှုများရှိနေကြောင်းသိရသည်။

ပုံ- Crd လူပျောက်ကြေညာ လူမှုကွန်ရက်စာမျက်နှာ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,900SubscribersSubscribe

Latest posts