Homeသတင်းဘုတ်ပြင်းမြို့နယ် ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ဟု ထုတ်ပြန်

ဘုတ်ပြင်းမြို့နယ် ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ဟု ထုတ်ပြန်

-

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်ရှိ ပျူစောထီးအဖွဲ့ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ပျူစောထီးခေါင်းဆောင်တစ်ဦး ထိမှန်သေဆုံးသွားကြောင်း တနင်္သာရီမြို့နယ် ပကဖ က ယနေ့ (ဧပြီလ ၁၇) ရက်နေ့တွင် ထုတ်ပြန်သည်။

ယမန်နေ့ ဧပြီလ ၁၆ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာအခြေစိုက်၊ ရွှေဂဲညိုရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ကို တနင်္သာရီမြို့နယ် ပကဖ က ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ ပျူစောထီးခေါင်းဆောင် ဌေးဝင်း သေဆုံးခဲ့ပြီး လက်နက် (၁၀) လက်လည်း သိမ်းဆည်းရမိသည်ဟု ဆိုသည်။

ပစ်ခတ်ရှင်းလင်းသည့်နောက် AK-(၅)၊ ကာပိုင်-(၁)၊ 79 (၁) လက်နှင့်အတူ 40 mm အသီး ၅ လုံး၊ 16 ကျဉ်(၂၀)ထောင့်၊ ကာပိုင်ကျည် (၇) ထောင့်၊ အီကွေးမင်း (၁) စုံ၊ 16 ကျဉ်ဘောက် (၂) ခု၊ စကားပြောစက် (၁) လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တနင်္သာရီမြို့နယ်တွင် ဒေသတွင်းအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်နေသလို လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှု၊ နေအိမ်ပျက်စီးဆုံးရှုံးမှုများလည်း ရှိလာသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts