Homeသတင်းနှစ်ဆန်းတစ်ရက်နေ့အတွင်း ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာ ၆ ရွာထက်မနည်း လေကြောင်း တိုက်ခိုက်ခံရ

နှစ်ဆန်းတစ်ရက်နေ့အတွင်း ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာ ၆ ရွာထက်မနည်း လေကြောင်း တိုက်ခိုက်ခံရ

-

ယနေ့ (ဧပြီလ ၁၇ ရက်) နှစ်ဆန်းတစ်ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာ ၆ ရွာထက်မနည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရဟု စုစည်းရရှိထားသည့် သတင်းအချက်အလက်များအရ သိရသည်။

ယနေ့ နံနက်ပိုင်းနှင့် နေ့လည်ပိုင်းအချိန်တို့တွင် စစ်ကောင်စီတပ်က ကော့ကရိတ်မြို့နယ် အတွင်းက ကမ်းနီ၊ သရက်တော၊ နောင်တမံ (ခ) ဝဲအင်း၊ လေးတိုင်၊ ကျိုက်သလိုက်နှင့် သုံးဆယ့်သုံးဆူကျေးရွာတို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုသို့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သရက်တောကျေးရွာတွင် အသက် ၅၀ အရွယ်ခန့် ရွာခံအမျိုးသား ၁ ဦး သေဆုံးနှင့် ကျန်ကလေးငယ် ၂ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး လေးတိုင်ကျေးရွာ၌လည်း အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စာသင်ကျောင်းဆောင်အပါအဝင် လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ထောင်နဲ့ချီသည့် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

၂၀၂၅ ခုနှစ် ဧပြီလ ၁၄ ရက်မှ ၁၇ ရက်အထိ တိုက်ပွဲပြင်းထန်နေသည့် ကျုံဒိုးမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းဖြင့်လည်းကောင်း၊ လက်နက်ကြီးဖြင့်လည်းကောင်း နေ့စဥ် ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts