မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာအနီး၊ မြို့ဟောင်းရွာရှိ စစ်ကော်မရှင် ဂိတ်စခန်းကို ရာမညမွန်တပ်တော် (RMA) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးဟု RMA က ထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က မြို့ဟောင်းရွာရှိ စစ်ကော်မရှင် ဂိတ်စခန်းကိုရာမညမွန်တပ်တော် (RMA) က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဂိတ်စခန်း တိုက်ခိုက်ခံရမှုအတွင်း စစ်တပ် တပ်ကြပ်ကြီး တစ်ဦး အပါအဝင် ၃ ဦး သေဆုံးကာ၊ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု RMA က ထုတ်ပြန်သည်။
တိုက်ခိုက်မှုအတွင်း ရာညမွန်တပ်တော် (RMA) တပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ဆိုသည်။
မြို့ဟောင်းရွာရှိ စစ်တပ် ဂိတ်စခန်းသည် ဒေသခံ ပြည်သူလူထုအား နည်းမျိုးစုံဖြင့် အနိုင်ကျင့်ခြင်း၊ ငွေကြေးတောင်းခံမှုများပြုလုပ်နေသည့်အတွက် ယခုလို ဝင်ရောက်တိုက်ခိုက်ရခြင်း ဖြစ်သည်ဟုလည်း RMA က ထုတ်ပြန်ထားသည်။




