Homeသတင်းကျိုက္ခမီရေလယ်ဘုရားတွင် သီတင်းကျွတ်လပြည့်နေ့ ဘုရားဖူးများဖြင့် စည်ကား

ကျိုက္ခမီရေလယ်ဘုရားတွင် သီတင်းကျွတ်လပြည့်နေ့ ဘုရားဖူးများဖြင့် စည်ကား

-

ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ရှိ ဆံတော်ရှင် ကျိုက္ခမီရေလယ်ဘုရားတွင် အနယ်နယ် အရပ်ရပ်က ဘုရားဖူးများဖြင့် အထူးစည်ကားသည်။

ကျိုက္ခမီရေလယ်ဘုရားတွင် သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်း ကျိုက္ခမီရေလယ်ဘုရားတွင် ဆွမ်းအိုးမျှောခြင်း၊ ညနေပိုင်းတွင် ရေမျှောပူဇော်ခြင်းနှင့် ညပိုင်းတွင် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ကျိုက္ခမီရေလယ်ဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိသည်။

ကျိုက္ခမီရေလယ်ဘုရားပွဲတော်သို့ မွန်ပြည်နယ်အတွင်းက ဘုရားဖူးများသာမက အနယ်နယ် အရပ်ရပ်က ဘုရားဖူးများဖြင့် စည်ကားလျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,900SubscribersSubscribe

Latest posts