Homeသတင်းစစ်တပ်က ရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံး

စစ်တပ်က ရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံး

-

ပြည်သူများ စစ်ဘေးနှင့် ငလျင်ဘေးကြောင့် ဒုက္ခရောက်နေချိန်တွင် စစ်ကောင်စီက လူသားချင်း စာနာထောက်ထားမှုမရှိပဲ ရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင်း အမျိုးသမီးတစ်ဦး သေဆုံးသွားသည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။

ဧပြီလ ၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ် စကခ−၁၂ လက်အောက်ခံ တပ်သစ်အမြှောက်ကုန်းမှ ၁၂၀ မမ လက်နက်ကြီး ၅ လုံးဖြင့် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ မြောက်ကြာအင်းအုပ်စု၊ ဝိဇ္ဇာကုန်းကျေးရွာထဲကို ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးများသည် ကျေးရွာထဲ ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာနေ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် နှလုံးဖောက်ကာ နောက်ပြန်လဲ၍ အုပ်ခုံနှင့် ထိမိပြီး နှောက်စေ့ဒဏ်ရာဖြင့် သေဆုံး သွားခဲ့သည်။

စစ်ကောင်စီသည် တစ်နိုင်ငံလုံးတွင် ပြည်သူလူထုက စစ်ဘေးစစ်ဒဏ်အပြင် သဘာဝဘေးဒဏ်ခံနေရပြီး ဒုက္ခမျိုးစုံကြုံတွေ့နေရချိန်တွင် လူသားခြင်း စာနာထောက်ထားမှု မရှိပဲ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေသည်ဟု KNU က ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက်အဦးများ၊ ပြည်သူ့ဆေးရုံ ဆေးခန်းများ၊ စာသင်ကျောင်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်သည့်နေရာများကို ပစ်မှတ်ထားကာ တိုက်ခိုက်နေသည်ဟုလည်း ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts