Homeသတင်းမွန်အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးရွာနိုင်

မွန်အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးရွာနိုင်

-

ယခုရက်ပိုင်းအတွင်း မွန်ပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တို့တွင် အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ကပ္ပလီပင်လယ်ပြင်နှင့် အင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်နှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်မှုများ ဖြစ်ပေါ်လာနိုင်သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဧပြီလ ၂ ရက်နေ့ညနေမှ ဧပြီလ ၅ ရက်နေ့အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာသွန်နိုင်သည်။

၎င်းပြင် ငလျင်ဘေးဒဏ်ခံနေရသည်။ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ ရှမ်းပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ်အများစုတွင်လည်း ဧပြီလ ၆ ရက်နေ့မှ ဧပြီလ ၁၁ ရက်နေ့အတွင်း နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ထားသည်။

“မိုးရွာလာရင်တော့ တော်တော် ဒုက္ခရောက်ကြမှာ။ ကိုယ်တွေတောင် အပြင်မှာ အခုထိ အိပ်နေရတယ်။ အိမ်တွေထဲမှာ ငလျင်ကြောင့် အက်ကွဲနေလို့ ပြိုကျလာမှာ ကြောက်တယ်လေ” ဟု ငလျင်ဘေးသင့် နေပြည်တော်မြို့ခံတစ်ဦးက ပြောသည်။

မိုးရွာသွန်းခြင်းနှင့်အတူ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်းကိုလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် သတိပေးထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts