Homeသတင်းမန္တလေး PDF အချုပ်စခန်း ဗုံးကြဲခံရပြီး စစ်သုံ့ပန်း ၁၆ ဦးသေဆုံး

မန္တလေး PDF အချုပ်စခန်း ဗုံးကြဲခံရပြီး စစ်သုံ့ပန်း ၁၆ ဦးသေဆုံး

-

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) အချုပ်စခန်းများ နှစ်ရက်ဆက်တိုက် ဗုံးကြဲခံရပြီး စစ်သုံ့ပန်း ၁၆ ဦး သေဆုံးခဲ့ကြောင်း MDY PDF ထံမှ သိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ညက စစ်ကောင်စီမှ ပထမအကြိမ် လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ပြီး MDY PDF က ဖမ်း​ဆီးထားသည့် ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးသွားခဲ့သည်။

သေဆုံးသူများထဲတွင် ခမရ (၇၀၈) မှ ဒုတိယ တပ်ကြပ်ကြီး ထက်နောင်နောင်စိုး၊ ဗိုလ်ကြီး ထွန်းနိုင်၊ ဒုတပ်ကြပ် ဖိုးချိုနှင့် တပ်ကြပ် ခင်မောင်ထွန်း၊ လကတ (၁၀၁၄) မှ တပ်ကြပ်ကြီးစာရေး ရန်နိုင်အောင်နှင့် ပျူစောထီး နှစ်ဦး ပါဝင်သည်။

အောက်တိုဘာလ ၂၉ ရက်နေ့ညတွင်လည်း စစ်ကောင်စီမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး နေဝင်းအပါအဝင် ၄ ဦး ထပ်မံသေဆုံးသွားခဲ့သည်ဟု MDY PDF ထံမှ သိရသည်။

MDY PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က “ကျွန်တော်တို့ MDY PDF ကတော့ စစ်ဆင်ရေးတွေမှာ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို သုံ့ပန်းဥပဒေတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်ဆိုပေမဲ့ စစ်ကောင်စီက အခုလို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် မလိုအပ်ဘဲ အသက်တွေ ဆုံးရှုံးခဲ့ရတယ်” ဟု ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆ ဦးအပြင် ၆၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း MDY PDF က ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် စစ်သုံ့ပန်းများကိုလည်း MDY PDF က ဆေးကုသမှုများ ဆက်လက်လုပ်ဆောင်ပေးနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts