Homeသတင်းမွန်လူမျိုးတို့၏ အတိတ်သမိုင်းမှသည် မျက်မှောက်ခေတ် နိုင်ငံရေးဖြတ်သန်းမှုအထိ ဖော်ပြထားသည့် “The Mon People” စာအုပ် ထုတ်ဝေမည်

မွန်လူမျိုးတို့၏ အတိတ်သမိုင်းမှသည် မျက်မှောက်ခေတ် နိုင်ငံရေးဖြတ်သန်းမှုအထိ ဖော်ပြထားသည့် “The Mon People” စာအုပ် ထုတ်ဝေမည်

-

မွန်လူမျိုးတို့၏ သမိုင်း၊ ယဉ်ကျေးမှုအမွေအနှစ်၊ အမျိုးသားရေးလက္ခဏာနှင့် မျက်မှောက်ခေတ် နိုင်ငံရေး၊ လူမှုရေး ဖြတ်သန်းမှုများကို စုံလင်စွာ ဖော်ပြထားသည့် “The Mon People” အမည်ရှိ အင်္ဂလိပ်ဘာသာ စာအုပ်သစ်ကို လာမည့်နိုဝင်ဘာလ ပထမပတ်အတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ စတင် ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစာအုပ်ကို ထုတ်ဝေနိုင်ရန်အတွက် မွန်လူမျိုးတစ်ဦးဖြစ်သည့် လွတ်လပ်သော သုတေသနပြုသူနှင့် စာရေးဆရာ Apar Hong Mon (အပါဟံင်မန်) က ၇ နှစ်ကျော်ကြာ လွတ်လပ်စွာ သုတေသနပြုကာ ရေးသားပြုစုခဲ့ရခြင်းဖြစ်သည်။

မွန်လူမျိုးတို့၏ ရှည်လျားသော သမိုင်းကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် နိုင်ငံရေး ကြိုးပမ်းမှုများကို စနစ်တကျမှတ်တမ်းတင်ကာ နောင်အနာဂတ်လမျိုးဆက်သစ်လူငယ်များထံ အသိ ပညာအမွေအနှစ်အဖြစ် လက်ဆင့်ကမ်းနိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် အဓိကထုတ်ဝေရခြင်းဖြစ်ကြောင်း စာရေးသူက ဆိုသည်။

အထူးသဖြင့် မြန်မာနှင့် ထိုင်းနိုင်ငံတို့အပြင် အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျနှင့် ဥရောပစသည့် ကမ္ဘာတစ်ဝန်းသို့ ရောက်ရှိနေထိုင်ကြသော မွန်ကလေးငယ်များနှင့် လူငယ်မျိုးဆက်သစ်များအနေဖြင့် မိမိတို့၏ ဘိုးဘွားအစဉ်အဆက်လူမျိုးရေးအမြစ်အနွယ်ကို ပိုမိုသိရှိနားလည်လာစေရန် ဦးတည်ထားသည်။

ထို့ကြောင့် မွန်လူမျိုးတို့၏ သမိုင်းဆိုင်ရာ အတွေ့ အကြုံများ၊ အမျိုးသားအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းမှုများကို ပညာရပ်ဆိုင်ရာ ရှုထောင့်မှ တင်ပြ ခြင်းအားဖြင့် မွန်လူမျိုးတို့၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အကြောင်းအရာများကို ပိုမိုနားလည်သဘော ပေါက်လာမည် ဖြစ်သည်။

၎င်းအပြင် မွန်နှင့် မြန်မာဘာသာစကားကို မဖတ်ရှုနိုင်တော့သည့် ပြည်ပရောက် မွန်လူငယ်များအပြင် နိုင်ငံတကာ သုတေသနပညာရှင်များ၊ ကျောင်းသားများနှင့် သမိုင်းစိတ်ဝင်စားသူများပါ မွန်လူမျိုးတို့ အကြောင်း ကျယ်ပြန့်စွာ လေ့လာနိုင်စေရန် အင်္ဂလိပ်ဘာသာဖြင့် ရေးသားရခြင်းဖြစ်ကြောင်း သိရသည်။

စုစုပေါင်း အခန်း ၂၄ ခန်း ပါဝင်သည့် ယင်းစာအုပ်တွင် ရှေးဟောင်းမွန်နိုင်ငံများ ထွန်းကားလာပုံ၊ မွန်ယဉ် ကျေးမှုနှင့် ဗုဒ္ဓဘာသာ၏ အခန်းကဏ္ဍ၊ မွန်အမျိုးသားရေးလှုပ်ရှားမှုနှင့် နိုင်ငံရေးသမိုင်းတို့အပြင် ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို အသေး စိတ် ထည့်သွင်းဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သားများ နေရပ်စွန့်ခွာရမှုနှင့် လူမှုစီးပွားအခက်အခဲများ၊ ထိုင်းနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ မွန်လူမှုအသိုင်းအဝိုင်းများ၏ မျက် မှောက်ခေတ် လူမှုဘဝနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေး ကြိုးပမ်းချက်များကိုပါ ထည့်သွင်းသုံးသပ် ထားကြောင်း သိရသည်။

“The Mon People” စာအုပ်ကို အဖုံးမာစာအုပ် (Hardcover) နှင့် အီလက်ထရွန်းနစ်စာအုပ် (eBook) ပုံစံနှစ်မျိုးဖြင့် ထုတ်ဝေမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း လက်လီဈေးနှုန်း (၇၇၅) ဘတ် သတ်မှတ်ထားကာ စာအုပ်မှာယူမှုနှင့် ဖြန့်ချိရေးအသေးစိတ်ကို စာရေးသူ၏ တရားဝင်ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်စာ မျက်နှာပေါ်တွင် ဆက်လက်ကြေညာသွားမည်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,900SubscribersSubscribe

Latest posts