Homeသတင်းမွန်တို့၏ ပထမဦးဆုံး ရာမညထီကို လာမည့် နိုဝင်ဘာလတွင် စတင်ရောင်းချသွားမည်

မွန်တို့၏ ပထမဦးဆုံး ရာမညထီကို လာမည့် နိုဝင်ဘာလတွင် စတင်ရောင်းချသွားမည်

-

မွန်ပြည်သစ်ပါတီ NMSP ဦးဆောင်စီစဉ်သည့် မွန်တို့၏ ပထမဦးဆုံး ရာမညထီကို လာမည့် နိုဝင်ဘာလတွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ရာမညထီမှ ရရှိလာသည့် အကျိုးအမြတ်များကို မွန်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုသွားမည်ဟု ပါဝင်ဆောင်ရွက်နေသူတို့က ပြောသည်။

ထီလက်မှတ်များကို မြေပြင် (Offline) လက်မှတ်များ ဝယ်ယူအားပေးနိုင်သလို၊ နိုင်ငံတကာမှ အားပေးသူများအနေဖြင့် ဒီဂျစ်တယ်လက်မှတ်များလည်း ဝယ်ယူအားပေးနိုင်ကြောင်း ဆိုသည်။

“မွန်တို့ရဲ့ ပထမဦးဆုံးထီလို့ ဆိုရမှာပေါ့။ လာမဲ့ နိုဝင်ဘာလမှာ ကျနော်တို့ စတင်ရောင်းချသွားမယ်။ Digital နဲ့ရော၊ Paper Ticket နဲ့ရော ဝယ်ယူအားပေးနိုင်ပါတယ်။ အောင်ဘာလေထီလိုပါပဲ။ ဒါပေမဲ့ တစ်လတစ်ကြိမ် ထုတ်ဝေသွားဖို့ စီစဉ်ထားတယ်။ ဒီအစီအစဉ်ကို မွန်ပြည်သစ်ပါတီ NMSP ကပဲ ဦးဆောင် လုပ်သွားမှာပါ” ဟု ရာမညထီတွင် ပါဝင်ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ကနဦးခြေလှမ်းအနေဖြင့် ရာမညထီကို မွန်ဒေသအပါအဝင် မွန်လူမျိုးများ တည်ရှိရာ နိုင်ငံတကာများတွင်လည်း တပြိုင်နက်တည်း ထိုးသွားနိုင်ရန် စီစဉ်ထားပြီး နိုင်ငံအလိုက် ဈေးနှုန်းများ သတ်မှတ်ကာ တစ်လတစ်ကြိမ် ထွက်နိုင်ရန် စီစဉ်ထားကြောင်း ဆိုသည်။

ရာမညထီ စျေးနှုန်း၊ ထီပေါက်ဆုငွေ ပေးအပ်မှုပုံစံ၊ ထီပေါက်စဉ်များနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ရာမညထီ လူမှုကွန်စာမျက်နှာ (Htee Mai Rehmonnya) တွင် အဆင့်အဆင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts