Homeသတင်းညမထွက်ရအမိန့်ကို ရုပ်သိမ်းဟု TNLA ထုတ်ပြန်

ညမထွက်ရအမိန့်ကို ရုပ်သိမ်းဟု TNLA ထုတ်ပြန်

-

၁၀၂၇ စစ်ရေးကာလအတွင်း ထုတ်ပြန်ကန့်သတ်ထားသည့် ညမထွက်ရအမိန့်များကို ပြန်လည်ရုပ်သိမ်းကြောင်း ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ယနေ့ (မတ်လ ၆ ရက်)မှာ ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ဆင်ရေးကာလအတွင်း ထိန်းချုပ်ထားသည့်မြို့များကို ည ၉ နာရီမှ မနက် ၆ နာရီထိ မထွက်ရအမိန့်၊ ည ၁၀ နာရီမှ မနက် ၄ နာရီထိ မထွက်ရအမိန့်များကို လိုအပ်သလို ထုတ်ပြန်ထားပြီး အုပ်ချုပ်ခဲ့သည့် မြို့ ၇ မြို့ကို ရုပ်သိမ်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ  နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုင်းလုံနှင့် မိုင်းငေါ့တို့ကို TNLA က သိမ်းပိုက်ခဲ့သည်။

လက်ရှိတွင် အဆိုပါ မြို့ ၇ မြို့ကို တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကျားဖြန့်အပါအဝင် လောင်းကစားများ ကင်းစင်ရေး၊ ဒေသတည်ငြိမ်ရေးများ ဆောင်ရွက်နေကြောင်း TNLA က ဆိုသည်။

ထိုနောက် စစ်ကောင်စီမှ TNLA ထိန်းချုပ်ထားသည့် မန်တုံ၊ နမ့်ဆန်၊ နမ္မတူ မြို့များကို အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ မတ်လ ၄ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

“အဲဒီလို ကြေညာလိုက်တော့ ဒေသခံတွေက တန်ပြန်ထိုးစစ်ပြန်ဆင်မယ်ပေါ့၊ ကြောက်နေကြတာ၊ လေကြောင်းတိုက်ခိုက်မှုတွေကို စိုးရိမ်ကြတာပေါ့။ အဓိကတော့ လေကြောင်းတိုက်ခိုက်မှုပေါ့ ကျနော်တို့ စိုးရိမ်ရတာ၊ မြေပြင်အနေအထားတော့ ကျနော်တို့ဆီတော့ ရောက်လာနိုင်တဲ့ အနေအထား မရှိဘူး” ဟု နမ့်ဆန်ဒေသခံတစ်ဦးက ပြောသည်။

တအာင်းဒေသတွင်း ထိုက်သင့်သည့် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လည်ပတ်ပြီး အုပ်ချုပ်ရေးယန္တယားများ လည်ပတ်နေချိန် ဒေသတွင်းနေလူထုများ ထိတ်လန့်စေရန် စစ်ကောင်စီက ဆောင်ရွက်လာကြောင်း TNLA က ပြောသည်။

တရုတ်နိုင်ငံ၏ ဦးဆောင်မှုဖြင့် စစ်ကောင်စီနှင့် TNLA တို့သည် ဟိုင်ဂင်သဘောတူစာချုပ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့က လက်မှတ်ရေးထိုးကာ မြောက်ပိုင်းဒေသတွင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts