Homeသတင်းရေဖြူနှင့် သရက်ချောင်းမြို့နယ်ထဲ ဝင်လာသည့်စစ်ကြောင်းက နေအိမ်တွေကို မီးရှို့

ရေဖြူနှင့် သရက်ချောင်းမြို့နယ်ထဲ ဝင်လာသည့်စစ်ကြောင်းက နေအိမ်တွေကို မီးရှို့

-

အောက်တိုဘာ ၂၅၊ ၂၀၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်အတွင်း ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းက ဒေသခံနေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသထဲ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာလ၂၄ ရက်နေ့က လဲရှောင်ရွာရှိ နေအိမ်သုံးလုံးထက်မနည်းကို မီးရှို့ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

အင်အား ၁၅၀ ခန့်ရှိသည့် အဆိုပါ စစ်ကြောင်းသည် နဘုလယ်ဒေသတဝိုက်ရှိ မူးဒူး၊ လဲရှောင်၊ ပရဒတ်၊ ထိန်ကြီး၊ ဘဝါ၊ ဘဝါကမ်းခြေ၊ မယင်းကြီး စသည့်ကျေးရွာတို့ကို လှည့်ပတ်သွားလာနေသည်ဟုလည်း ဆိုသည်။

အလားတူ သရက်ချောင်းမြို့နယ်ထဲ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကလည်း ကျောက်ခမောက်ရွာက အရပ်သားနေအိမ်တစ်လုံးကို မီးရှို့ခဲ့သည်။

စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ကျောက်ခမောက်ရွာနှင့် နဘုလယ်ဒေသတဝိုက်က ထောင်နှင့်ချီသည့် ဒေသခံတို့က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၁၉ ရက်နေ့ကတည်းက ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ကျေးရွာများထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF နှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်တို့က ဒေသခံနေအိမ် အလုံး ၂၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် နေအိမ်အများအပြားကိုလည်း မွှေနှောက်ဖျက်ဆီးခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts