spot_img
Monday, April 22, 2024
More
    spot_img
    Homeသတင်းခလယ်-တံခွန်တိုင်တွင် တိုက်ပွဲဖြစ်ပွားနေပြီး ထွက်ပြေးတိမ်းရှောင်နေရသူ ၂၀၀၀ ခန့်အထိ ရှိလာ

    ခလယ်-တံခွန်တိုင်တွင် တိုက်ပွဲဖြစ်ပွားနေပြီး ထွက်ပြေးတိမ်းရှောင်နေရသူ ၂၀၀၀ ခန့်အထိ ရှိလာ

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့ကြား ပြင်းထန်တိုက်ပွဲဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်နေရသူ ၂၀၀၀ ခန့်အထိ ရှိလာကြောင်း သိရသည်။

    စစ်ကောင်စီတပ်စစ်ကြောင်းသည် စက်တင်ဘာ ၁၂ ရက်နေ့က ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စု မြို့ဟောင်းကျေးရွာသို့ ဝင်ရောက်လာခဲ့သည့်အတွက် ဒေသခံအချို့ ဘေးလွတ်ရာသို့ စတင်တိမ်းရှောင်ခဲ့ကြသည်။

    ယင်းနောက် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် စစ်ကောင်စီတပ်နှင့် စက်တင်ဘာလ ၁၄ ရက်နေ့  နံနက်ပိုင်းကစပြီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြသည်။

    တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုပါ လုပ်ဆောင်ခဲ့သည့်အတွက် ခလယ်-တံခွန်တိုက်ကျေးရွာအုပ်စုအတွင်းရှိ ခလယ်ရွာကြီး၊ ခလယ်ရွာလေး၊ ခလယ်တံခွန်တိုင် အစရှိသည့် ကျေးရွာတို့မှ ဒေသခံများ ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

    “မနေ့ (စက်တင်ဘာ ၁၄) ကတည်းက ပစ်ခတ်မှု ဖြစ်နေတာ။ ဒီနေ့ (စက်တင်ဘာ ၁၅) လည်း အခြေအနေမကောင်းဘူး။ မနက်ပိုင်းမှာ သေနတ်သံကြားသေးတယ်။ စစ်ဘေးရှောင်က ၂၀၀၀ ဝန်းကျင်လောက် ရှိနေတယ်။ (ဒေသခံ) အချို့က စစ်ကြောင်းထိုးဝင်လာတဲ့နေ့ကတည်း တိမ်းရှောင်နေကြတယ်။ အခု တိုက်ပွဲဖြစ်တော့ ထပ်ပြေးကြတော့ လူကများလာတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦးက ပြောသည်။

    လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရသူ ၂၀၀၀ ခန့်ရှိကြောင်း၊ အများစုသည် အနီးနားရွာရှိ ဘုန်းကြီးကျောင်းတို့တွင် နေထိုင်နေရကြောင်း အချို့ကလည်း နီးစပ်ရာဆွေမျိုး မိတ်ဆွေတို့ထံ နေနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။ 

    “အနီးနားရွာမှာ နေထိုင်ရတာရှိတယ် မနေ့တုန်းကဆို (စက်တင်ဘာ ၁၄) မိုးလည်းရွာနေတယ်။ ထပ်ပြေးလာတဲ့လူတွေ များလာတော့ စားရေး၊ သောက်ရေး၊ နေရာထိုင်ခင်းနဲ့ သွားလာရေးက အခက်အခဲဖြစ်နေတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

    ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာခရိုင် တပ်မဟာ (၆) နယ်မြေထဲရှိ ခလယ်-တံခွန်တိုင်‌ကျေးရွာအုပ်စုတွင်

     စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသည်။ 

    တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်မှ အရပ်သားများအား ဖမ်းဆီးတာ၊ သတ်ဖြတ်ခံရတာတွေလည်း ရှိနေကြောင်း၊ တိုက်ပွဲကြောင့် ထောင်နှင့်ချီသည့်ဒေသခံများ မကြာခဏ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။   

    ခလယ်-တံခွန်တိုင်‌ဘက်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသတွင်းရှိ နောင်ဒေ့၊ ပုလိန်၊ ခလယ်၊ တံခွန်တိုင် အစရှိသည့် ‌ကျေးရွာတို့မှ ဒေသခံများ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,500SubscribersSubscribe
    spot_img

    Latest posts