Homeသတင်းရေးတွင် သတင်းရဲတပ်ဖွဲ့ ရဲအုပ်တစ်ဦး ပစ်သတ်ခံရ

ရေးတွင် သတင်းရဲတပ်ဖွဲ့ ရဲအုပ်တစ်ဦး ပစ်သတ်ခံရ

-

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်သုခရပ်ကွက်တွင် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက သတင်းရဲတပ်ဖွဲ့ (SB) မှ ရဲအုပ်တစ်ဦးပစ်သတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။

ရေးမြို့နယ် သတင်းရဲတပ်ဖွဲ့ တပ်ဖွဲ့စု (၁၁) မှ တာဝန်ခံရဲအုပ် မြင့်လွင်သည် ယမန်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က အောင်သုခရပ်ကွက်အတွင်းမှ ကားဖြင့် တစ်ဦးတည်း မောင်းထွက်လာစဥ◌် ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား သေနတ်သမားနှစ်ဦးက သေနတ်အရှည်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲအုပ်မြင့်လွင်သည် ယာဘက်နားထင်ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု မြို့ခံတို့ထံမှ သိရသည်။ 

“ဘယ်သူ့လက်ချက်လဲဆိုတာကတော့ မသိသေးဘူး။ ထုတ်ပြန်တာဘာညာလဲ မတွေ့သေးဘူး။ လက်ရှိကတော့ စစ်ဆေးမှုတွေတော့ ရှိနေတာပေါ့” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။ 

ရဲအုပ်မြင့်လွင် ပစ်ခတ်ခံရပြီးနောက် ရေးမြို့ပေါ်နှင့် မြို့အဝင်အထွက်နေရာတို့တွင် စစ်ကောင်စီတပ်နှင့် ရဲပူးပေါင်းအဖွဲ့တို့မှ လုံခြုံရေးတင်းကျပ်ထားပြီး လမ်းသွားလမ်းလာများကိုလည်း စစ်ဆေးမှုပြုလုပ်နေသည်ဟု မြို့ခံတို့က ဆိုသည်။

သေဆုံး ရဲအုပ်မြင့်လွင်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ ရေးဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း လမိုင်းမြို့တွင် ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ် ညီညီဝင်း ရေးပြောက်ကျားအဖွဲ့ (YGF) က ပစ်သတ်ခဲ့သလို ၂၀၂၂ ခုနှစ်အတွင်းကလည်း လမိုင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ပစ်သတ်ခံခဲ့ရသည်။

ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ၊ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ စစ်ကောင်စီသတင်း ဒလန်ဆိုပြီး စွပ်စွဲခံရသူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts