Homeသတင်းရေး-ထားဝယ်ကားလမ်းပေါ်က တံတားတစ်စင်းပြိုကျ၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေ 

ရေး-ထားဝယ်ကားလမ်းပေါ်က တံတားတစ်စင်းပြိုကျ၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေ 

-

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မလွှဲတောင်နှင့် ကလိန်အောင်မြို့ကြား ကော့လှိုင်ကျေးရွာအနီး ရေး-ထားဝယ် ကားလမ်းပေါ်ရှိ တံတားတစ်စင်း ယမန်နေ့ ညနေပိုင်းက ပြိုကျသွားပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဩဂုတ်လ ၂၁ ရက်နေ့ ည ၆ နာရီအချိန်ခန့်က ကော့လှိုင်ကျေးရွာအနီး ရေး-ထားဝယ်ကားလမ်းပေါ်ရှိ တံတားပေါ် ကုန်တင်ယာဥ်တစ်စီးဖြတ်သွားပြီးနောက် တံတား ပြိုကျခဲ့ခြင်းဖြစ်ကြောင်း တံတားပြိုကျသွားပြီးနောက် ကားများ ဖြတ်သန်းသွားလာလို့မရပဲ ပိတ်မိနေကြောင်း ဆိုသည်။ 

“ရေးဘက်ကနေ ထားဝယ်ဘက်ကို သွားမယ့် ယာဥ်တွေရော၊ ထားဝယ်ဘက်ကနေ ရေးဘက်ကိုသွားမယ့်ယာဥ်တွေပါ အကုန် ပိတ်မိနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ပြိုကျသွားသည့် တံတားကို သက်ဆိုင်ရာမှ အမြန်ဆုံးပြင်ဆင်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် မော်တော်ယာဥ်များ ဖြတ်သန်းသွားလာနိုင်ရန် ဆောင်ရွက်နေကြကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ရေး- ထားဝယ်ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၅၁/၈) အနီးရှိ အရှည် (၁၅) ပေ၊ အကျယ် (၁၈) ပေခန့်ရှိ သံကူကွန်ကရစ်တံတားမှာ ပြိုကျသွားခြင်းဖြစ်သည်။

အဆိုတံတားသည် ပြီးခဲ့သည့်နှစ်ကတည်းက ပြင်ဆင်ရန်လိုအပ်နေပြီး ယခုရက်ပိုင်းအတွင်း ကတ္တရာလမ်း မြေသားနိမ့်ကျနေသည့်အတွက် သဲ၊ ကျောက်များဖြင့် ယာယီမြေဖို့ပြင်ဆင်ထားရသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts