Homeသတင်းမော်လမြိုင်တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသတ်သေ

မော်လမြိုင်တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသတ်သေ

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် ဒေါင်းမင်းရပ်နေ အမျိုးသမီးတစ်ဦး မတ်လ ၁၇ ရက်နေ့ နံနက် ၃ နာရီခွဲအချိန်ခန့်က ကြိုးဆွဲချ သတ်သေမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

ကြိုးဆွဲချသေဆုံးသူသည် အသက် ၄၀ နှစ်အရွယ်ခန့်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ပုဆိုးဖြင့် ကြိုးဆွဲချ ‌သတ်သေခဲ့ကြောင်း သိရသည်။

“သေဆုံးသူရဲ့ အမျိုးသားက ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေတာလို့ သိရတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသမီး ကြိုးဆွဲချသတ်သေသွားခဲ့သည့်နေအိမ်တွင် ကလေး ၄ ဦး ကျန်ရစ်နေခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းအား ရာမညအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်နေ အသက် ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦး ၎င်း၏နေအိမ်တွင် ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား‌ခဲ့သေးကြောင်း မြို့ခံများထံမှ သိရသည်။

“အိမ်တွင်းရေးကိစ္စ စိတ်ညစ်ပြီး လုပ်သွားတယ်။ သူ့အိမ်မှာက သူ့အမေရယ်၊ သူ့သားရယ်ရှိတယ်။ သူ့အမေ ထမင်းဝင်စားတဲ့အချိန်မှာ အိမ် အလယ်တည့်တည့်မှာ ပါကင်းကြိုးနဲ့ ကြိုးဆွဲချလိုက်တယ်” ဟု ရေးမြို့ရှိ လူမှုကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကြိုးဆွဲချ သေဆုံးသူရုပ်လောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့အကူအညီဖြင့် ရေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts