Homeသတင်းတနင်္သာရီ ရေကြီး၊ တောင်ပြိုမှု ကယ်ဆယ်ရေးများ ဆက်လက်ဆောင်ရွက်နေ၊ လူသေဆုံးမှု တိုးလာ

တနင်္သာရီ ရေကြီး၊ တောင်ပြိုမှု ကယ်ဆယ်ရေးများ ဆက်လက်ဆောင်ရွက်နေ၊ လူသေဆုံးမှု တိုးလာ

-

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း ဖြစ်ပွါးခဲ့သည့် ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျှက်ရှိပြီး လူသေဆုံးမှု အရေအတွက် တိုးလာနေသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းကြောင့် ထားဝယ်ခရိုင်၊ သရက်ချောင်း၊ လောင်းလုံး၊ ထားဝယ်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုနှင့်တောင်ပြိုမှုများ ဖြစ်ပွါးခဲ့သည်။

ထားဝယ်အမျိုးသားအဖွဲ့ချုပ်၏ စက်တင်ဘာလ ၂၉ ရက်နေ့ စာရင်းအရ ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးတွင် အတည်ပြုထားနိုင်သည့်စာရင်းအရ သေဆုံးသူ ၃၂ ဦး ရှိသည်။

၎င်းပြင် ဒါဇင်နှင်ချီသည့် ဒေသခံများလည်း ပျောက်ဆုံးနေဆဲဟု ဆိုသည်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်
ဆောင်ရွက်လျက်ရှိပြီး သေဆုံးသူ အရေအတွက်
ဆက်လက်တိုးပွါးလာနိုင်ပါသည်ဟု ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

“ကယ်ဆယ်ရေးတွေ ဆက်လုပ်နေဆဲပါ တချို့ ကယ်ဆယ်ရေး မရောက်သေးတဲ့နေရာတွေလည်း ရှိတယ်။ ကယ်ဆယ်ရေးအတွက် စက်ပစ္စည်းတွေလည်း လိုအပ်နေတယ်။” ဟု ဒေသတွင်း လူမှုကယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထားဝယ်ဒေသတွင် ဖြစ်ပွါးနေသည့် ရေဘေး၊ တောင်ပြိုမှုဘေးများကို ကူညီကယ်ဆယ်ရန်အတွက် မွန်ပြည်နယ်၊ ကရင်ပြည်နယ်က ကယ်ဆယ်ရေးအဖွဲ့များလည်း စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထားဝယ်သို့ ရောက်ရှိနေပြီး ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်မည်ဟု သိရသည်။

ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုကြောင့် အဆောက်အဦးပေါင်း ၂၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုစာရင်း ဆက်လက်တိုးပွား လာနိုင်ပါသည်။

ဆက်သွယ်ရေးအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ထိခိုက်မှု အခြေအနေအသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးသည်လည်း ရှိသည်။

ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရေများပြန်ကျသွားသော်လည်း တောင်ပြိုထားသည့်နေရာများတွင် သွားလာမရပဲ ပိတ်မိနေကြဆဲဖြစ်သည်။

ဒေသတွင်းသတင်းဌာနဖြစ်သည့် Dawei Watch ၏ ဖော်ပြချက်အရ ထားဝယ်ခရိုင်၊ သရက်ချောင်း၊ လောင်းလုံး၊ ထားဝယ်မြို့နယ်အတွင်းက ရပ်ကွက်ကျေးရွာပေါင်း ၉၀ ကျော် ရေကြီး တောင်ပြိုမှုဘေး ခံခဲ့ရသည်။

ဓာတ်ပုံ – ဇမ္ဗူသီရိလူမှုကယ်ဆယ်ရေးအဖွဲ့

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts