Homeငြိမ်းချမ်းရေးကြာအင်းဆိပ်ကြီးမှ CDM ကျောင်း ဆရာကို အမှုသုံးခုနှင့် ထောင် ၁၇နှစ်ချ

ကြာအင်းဆိပ်ကြီးမှ CDM ကျောင်း ဆရာကို အမှုသုံးခုနှင့် ထောင် ၁၇နှစ်ချ

-

မွန်သတင်းအေဂျင်စီ ( ၂၀၂၂ ၊ မတ်လ ၁၆)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခုတ်ခွားကျေးရွာမှ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ကျောင်းဆရာတစ်ဦးအား တရားစွဲဆိုထားသည့် ပုဒ်မ ၃ ခုအတွက် အလုပ်နှင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့မှ CDM မူလတန်း ကျောင်းဆရာ ကိုဟိန်းထက်အောင်ကို ဘားအံ တောင်ကလေး အကျဥ်းထောင်၏ အထူးတရားရုံးမှ မတ် ၉ ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“CDM လုပ်လို့ ဒီလောက်ထိ အမိန့်ချတယ်ဆိုတာက မဖြစ်သင့်ဘူး။ အလုပ်ကြမ်းလည်း ပါတယ်။ စွဲထားတဲ့ အမှုက ၅၀၅ အပြင် လက်နက်အမှုတွေလဲပါတော့ ဒီလောက်ထိ နှစ်များသွားတာဖြစ်နိုင်တယ်” ဟု ၎င်း၏ မိသားစုဝင်များနှင့် နီးစပ်သူက ပြောသည်။

မူလတန်းပြ ကျောင်းဆရာ ကိုဟိန်းထက်အောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က)၊ ၅၀ (စျ)တို့နှင့် တရားစွဲခံထားရပြီး အမိန့်ချခံခဲ့ရခြင်း ဖြစ်သည်။

ကြာအင်းဆိပ်ကြီးမှ အခြားသော CDM ပညာရေးဝန်ထမ်းအချို့ကိုလည်း နစကကောင်စီက ထောင်ဒဏ်နှစ်ရှည် ချမှတ်ထားကြောင်း သိရသည်။

Caption; CDM ကျောင်းဆရာ ကိုဟိန်းထက်အောင် (KIC)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts