Homeသတင်းရေးဘီလူးအဖွဲ့အား ဖမ်းနိုင်သူကို ဆုကြေးချီးမြှင့်မည်ဟု ရေးအုပ်ချုပ်ရေးရုံး၌ ဆိုင်းပုဒ်ထောင်ထား

ရေးဘီလူးအဖွဲ့အား ဖမ်းနိုင်သူကို ဆုကြေးချီးမြှင့်မည်ဟု ရေးအုပ်ချုပ်ရေးရုံး၌ ဆိုင်းပုဒ်ထောင်ထား

-

မွန်သတင်းအေဂျင်စီ (၂၀၂၂  မတ်လ ၁၅)

မွန်ပြည်နယ် ရေးမြို့နယ် အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရေးဘီလူး ဒေသကာကွယ်ရေးတပ် (PDF) အဖွဲ့ကို ဖမ်းနိုင်သူအား ဆုကြေးချီးမြှင့်မည်ဟု အုပ်ချုပ်ရေးရုံး၌ ဆိုင်းပုဒ်ထောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဆိုင်းပုဒ်ကို အောင်မေတ္တာ ရပ်ကွက်ရုံးနှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရုံးရှေ့တို့တွင်  ဆိုင်းပုဒ်ထောင်ထားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဆိုင်းပုဒ်အကြီးကြီးနဲ့ ထောင်ထားတာ ၃၊ ၄ ရက် လောက်ရှိပြီ၊ PDF တွေကို ဖမ်းနိုင်ရင် ဆုကြေးပေးမယ်ပေါ့၊ ကြံ့ခိုင်ရေးရုံးမှာလည်း အဲ့ဒါမျိုးတွေ့တယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ PDF တပ်ဖွဲ့သည် ပြည်သူများကို သတ်ဖြတ်နေခြင်းကြောင့် ယခုကဲ့သို့ ဆိုင်းပုဒ် တင်ထားခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အလားတူ ရေးဘီလူးအဖွဲ့ကို ဆက်သွယ်သူများ၊ ကူညီထောက်ပံ့သူများနှင့် လူမှုကွန်ရက်စာမျက်နှာတွင် Likeနှင့် share ပြုလုပ်ထားသူများကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနှင့် အရေးယူသွားမည်ဖြစ်ကြောင်း  အဆိုပါ ဆိုင်းပုဒ်တွင် ရေးသားထားသည်။

ရေးမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများ မကြာခဏ သေနတ်ဖြင့် ပစ်ခံနေရပြီး ဖေဖော်ဝါရီလ ၂ ရက်က ရေးမြို့နယ် အစင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့် သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ရေးဘီလူးအဖွဲ့အား ဖမ်းနိုင်သူကို ဆုကြေးချီးမြှင့်မည့် ကြော်ငြာဆိုင်းပုဒ် (Photo: DVB)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts