မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News

Monthly Archives: June 2019

လက်နက်ချအလင်းဝင် MPDF (အထူး) တပ်ဖွဲ့ဆက်ဆံရေးရုံးမှ လက်နက်နှင့် မူးယစ်ဆေးဝါးဖမ်းဆီးရမိ

မွန်သတင်းအေဂျင်စီ(ဇွန် ၂၆) အစိုးရထံ လက်နက်ချအလင်းဝင်ထားသော မွန်ငြိမ်းချမ်းကာကွယ်ရေး(အထူး) တပ်ဖွဲ့ (Mon People Defend Force-MPDF) ဖားအောက်ကျေးရွာ ဆက်ဆံရေးရုံးမှ တရားမဝင်လက်နက် များနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ “ဖမ်းမိတာဟုတ်တယ်၊ အဲဒီဖားအောက်ရွာဘက်မှာ လုံခြုံရေးတွေဆောင်ရွက်ဖို့ နိုင်ချယ်ရီတို့က အထူးလုံခြုံရေးဆိုပြီး အစိုးရတပ်နဲ့ ညှိနှိုင်းပြီးတော့ ဆက်ဆံရေးရုံးဖွင့်ထားတာပါ၊ သူတို့ကို မူးယစ်ဆေးဝါးတွေ ဖမ်းဆီးဖို့အဓိက တာဝန်ပေးထားပြီးတော့ ကိုယ်တိုင်က အရောင်းအဝယ်လုပ်နေတာ မဖြစ်သင့်ဘူး၊ တရားဥပဒေအရပြစ်ဒဏ်ကျခံပြီးရင်လည်းပဲ အဖွဲ့အစည်းကိုလည်းထိခိုက်စေတဲ့အတွက် ပြစ်မှုကျူးလွန်တဲ့ နိုင်အောင်တို့ကို ထပ်မံအရေးယူရဦးမယ် ” ဟု MPDF (အထူး) အဖွဲ့ ဥက္ကဌ နိုင်ရွှေအောင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိစစ်သည်အင်းအား ၄၀ ဦးကျော်ခန့်၊ …

Read More »

လက်နက်ချအလင်းဝင် DKBA ခွဲထွက်အဖွဲ့ BGF နှင့်ပူးပေါင်းမည့်အလားအလာရှိ

မွန်သတင်းအေဂျင်စီ(ဇွန် ၂၄) ကရင်လက်နက်ကိုင်အဖွဲ့ (DKBA) ခွဲထွက်အဖွဲ့တစ်ဖွဲ့က ဇွန်လ ၂၃ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ လက်နက်ချအလင်းဝင်ခဲ့ပြီးနောက် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF နှင့် ပူးပေါင်းမည်ဖြစ်ကြောင်း BGF ပြောခွင့်ရ ဗိုလ်မှူးနိုင်မောင်ဇော်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။ “အရင်ကတည်းက ကျနော်တို့နဲ့ပူးပေါင်းဖို့ ဆွေးနွေးထားပြီးသား၊ ကျနော်ထင်တယ် ဆွေးနွေးပြီးသားဆိုတော့ အခုလည်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာပြီဆိုတော့ ကျနော်တို့ BGF နဲ့ လာပူးပေါင်းတာပေါ့”ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ဆိုသည်။ လှိုင်းဘွဲမြို့နယ် ပန်တော်မှီရွာအခြေစိုက် BGF အမှတ် ၁ဝ၁၁ တပ်ရင်း၌ အဆိုပါ DKBA ခွဲထွက် ၄၅ ယောက်က လက်နက်မျိုးစုံ ၂၉ လက်နှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခြင်း အခမ်းအနားကျင်းပခဲ့ခြင်းဖြစ်ပြီး …

Read More »

အဂတိလိုက်စားမှုကိုမပြင်ဆင်နိုင်ပါက ပြည်သူများဒဏ်ခတ်မှုကိုခံကြရမည်ဟု မွန်ဝန်ကြီးချုပ်ပြော

ရူပါဗလွဲ (မော်လမြိုင်-ဇွန် ၂၄) ငွေကြေးပေးနိုင်သည့် လုပ်ငန်းရှင်များဘက်ကို နေ့ချင်းညချင်း ပွဲစားဆန်ဆန်ဆောင်ရွက်နေမှုများအား အမြန်ဆုံးသတိဖြင့် ပြင်ဆင်သွားကြရန် မပြင်ဆင်နိုင်ပါက ပြည်သူများ၏ ဒဏ်ခတ်မှုကို ခံကြရမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့် “အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲ” တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မိန့်ခွန်းပြောကြားခဲ့သည်။ “လုပ်ပိုင်ခွင့်၊ ခွင့်ပြုမိန့်များပေးတဲ့နေရာများမှာ ရိုးသားတဲ့ နွမ်းပါးတဲ့ပြည်သူများအတွက်မူ ရုံးလုပ်ထုံးလုပ်နည်းတွေကို အကြောင်းပြ၊ ကာလအကန့်အသတ်မရှိ အချိန်ကြန့်ကြာအောင် ဆောင်ရွက်နေကြပြီး ငွေကြေးပေးနိုင်တဲ့ လုပ်ငန်းရှင်များအတွက်မူ နေ့ချင်းညချင်း ဆောင်ရွက်နေမှုများ၊ မတော်လောဘဖြင့် ငွေကြေးအများအပြားပေးမှ ထုတ်ပေးရမယ့်ပုံစံများ ထုတ်ပေးခြင်း၊ လိုအပ်သည်များ လုပ်ပေးခြင်းတို့ကို ပွဲစားဆန်ဆန်ဆောင်ရွက်နေသူများလည်း အမြန်ဆုံးသတိနဲ့ ပြင်ဆင်သွားကြဖို့ မပြင်ဆင်နိုင်ပါက ပြည်သူရဲ့ဒဏ်ခတ်မှုကို ခံကြရမှာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။ မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ …

Read More »

ကန်ချနပူရီဘက်သို့သယ်ဆောင်သည့် ICE မူးယစ်ဆေး ၃၀၀ ကီလိုဂရမ်ကျော် စံချိန်တင်ဖမ်းဆီးမိ

မွန်သတင်းအေဂျင်စီ(ဇွန် ၂၃) ထိုင်းဘတ်ငွေသန်း ၃၄၀ တန်ဘိုးခန့်ရှိ အလေးချိန် ၃၀၀ ကီလိုဂရမ်ကျော် Ice မူးယစ်ဆေးဝါးဟုခေါ်ဆိုသော မက်သာဖက်တမင်းပုံဆောင်ခဲ Crystal methamphetamine များကို ကန်ချနပူရီဘက်သို့ သယ်ဆောင်သူယာဉ်မောင်းများနှင့်အတူ ပစ်ကပ်ထရပ်ကားများပေါ်မှ ဇွန်လ ၂၁ ညပိုင်းက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ အဆိုပါ ညပိုင်း ၈ နာရီအချိန်ခန့်တွင် ထောင်ဖာဖွန် Thong Pha Phum ၃ လမ်းဆုံ စစ်ဆေးရေးဂိတ်၌ ယာဉ်မောင်း Wissanu Chanma (အသက် ၃၃ နှစ်) ထံမှ ၁၂၆ ထုတ်ရှိ Ice မူးယစ်ဆေးစုစုပေါင်း ၁၂၆ ကီလိုဂရမ်၊ ယာဉ်မောင်း Narong Suksaraphan …

Read More »

အဂတိကော်မရှင်ထံတိုင်ကြားခံရမှု မှတ်ချက်ပေးစရာမရှိကြောင်း ဝန်ကြီးချုပ်ပြော

ရွှေရိုး (မော်လမြိုင်၊ ဇွန်၂၁) အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံထားရခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးစရာမရှိကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။ “မှတ်ချက်ပေးစရာမရှိဘူး။ ဘာမှ ပြောစရာမလိုဘူး။ ဘာမှ မပြောဘူး”ဟု ဒေါက်တာအေးဇံက ပြောသည်။ မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာရှိ ရွာလယ်ဓမ္မာရုံတွင် ကျင်းပသည့်လူထုတွေ့ဆုံပွဲအပြီး တိုင်ကြားခံရသည့်ကိစ္စနှင့် ပတ်သက်၍ သတင်းမီဒီယာများက မေးမြန်းရာတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ပြီးခဲ့တဲ့ လွှတ်တော်ပုံမှန်အစည်းအဝေးမှာတော့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးရဲ့မေးခွန်းကို ဝန်ကြီးနဲ့ ဝန်ကြီးချုပ်ဖြေဆိုခဲ့တာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မကိုက်ဘူး။ လွဲမှားနေတယ်။ နောက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့လည်း ငြိစွမ်းနေတယ်။ အဲဒီလို မြင်တဲ့အတွက် တိုင်ကြားထားတဲ့သဘောပါပဲ” ဟု တိုင်ကြားသူများကိုယ်စား ရေးမြို့နယ် အခြေစိုက် …

Read More »

ပေါင်မြို့နယ် မိုးစပါးစိုက်ဧက သုံးသောင်းခန့် ရေကြီးနစ်မြုပ်

ရူပါဗလွဲ (ဇွန် -၂၀) မွန်ပြည်နယ် ပေါင်မြို့နယ်၊ ကျုံဟော်ရွာရှိ ကတိုက်ဆည်ရေထိန်းတံခါးမှာ နုန်းမြေများပိတ်ဆို့မှုကြောင့် ကျေးရွာ (၁၁) ရွာတွင် မိုးစပါးစိုက်ဧက သုံးသောင်းကျော်ခန့် ရေနစ်မြှပ်နေကြောင်း ဒေသခံ တောင်သူလယ်သမားများထံမှ သိရသည်။ ဒေသခံတောင်သူလယ်သမားများ စုပေါင်း၍ ကတိုက်ဆည် ရေထိန်းတံခါးကိစ္စနှင့်ပတ်သက်ပြီး ဇွန်လ (၁၉) ရက်နေ့က ပေါင်မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လယ် ၁၀ ဧကပိုင် တောင်သူတစ်ဦးဖြစ်သည့် ဒေါ်ဖွားသန့်က “မနှစ်က မျိုးတွေပြန်ရသေးတယ် ဒီနှစ်က ဘယ်လိုမှမရတော့ဘူး ဒီနှစ်ရေက လက်နှစ်လုံးလောက်လျော့ရင် မိုးပြန်ရွာချတာနဲ့ ရေတစ်တောင်လောက် ထပ်တက်လာတယ်၊ အဲ့တစ်တောင်က မလျော့တော့ပြန်ဘူး” ဟု ပြောသည်။ ယခုနှစ် မိုးဦးရာသီရေကြီးနစ်မြှပ်မှုကြောင့် မျိုးစပါးနှင့် ဓာတ်မြေသြဇာများ …

Read More »

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ သည် မွန်ပြည်နယ်နှင့် သက်ဆိုင်သလော

မင်းထက်အောင် နိုင်ငံတော်မှ ဘတ်ဂျက်ငွေကျပ်သန်း ၁၀၀၀ ချပေးခဲ့သော ရေးမြို့နယ်၊ အောင်သပြေ(နှစ်ကရင်လမ်းဝ)- နှစ်ကရင်ကျေးရွာချင်းဆက်လမ်း (၄/၃) မိုင်အား မြေသားတာဘောင်ချဲ့ခြင်း၊ (၁/၄) မိုင်အား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအတွက် တင်ဒါမခေါ်ခဲ့သည်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှုတ်မိန့်ဖြင့် ဆောင်ရွက်ခဲ့သည်ဟု ပြီးခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ဝန်ကြီးချုပ်ကိုယ်တိုင် အတိအလင်းဖြေကြားခဲ့သဖြင့် ပွဲအတော်ဆူသွားသည်။ သို့ရာတွင် ဝန်ကြီးချုပ်က ကတ်ဘိနက်အစည်းအဝေး တစ်ခုတွင် သူ့သဘောနှင့်သူ တင်ဒါမခေါ်ဖို့ တာဝန်ယူဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးမင်းတင်အောင်ဟန်က လွှတ်တော်အစည်းအဝေးနှင့် မီဒီယာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဦးမင်းထင်အောင်ဟန်က “အဲဒါကြာပြီ၊ ကျနော်လျှပ်စစ်ဝန်ကြီး တာဝန်ထမ်းဆောင်စဉ်ကတည်းက ကျနော်တို့အစိုးရ ကတ်ဘိနက်မှာဆုံးဖြတ်တဲ့ကိစ္စ၊ အဲဒါဘယ်လိုဖြစ်လဲဆိုတော့ ကတ်ဘိနက်မှာ …

Read More »

ကလေးများဖျားနာလျှင် စပ်ဆေးများနှင့် ဗမာဆေးများမတိုက်သင့်ကြောင်း ပြည်နယ်ကျန်းမာရေးအရာရှိ တိုက်တွန်း

စန္ဒာဉာဏ် (မော်လမြိုင်၊ ဇွန် ၁၉) ယခုအခါ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားနေသဖြင့် ကလေးများဖျားနာလျှင် စပ်ဆေးများနှင့် ဗမာဆေးများ မတိုက်သင့်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင်က တိုက်တွန်းလိုက်သည်။ ဒေါက်တာစည်သူရဲနောင်က “စပ်ဆေးတွေ ဗမာဆေးတွေမတိုက်ဖို့ အဓိကတိုက်တွန်းချင်တယ်၊ ဘာဖြစ်လို့မတိုက်စေချင်လဲဆိုတော့ စပ်ဆေးတွေဆိုတာ အကိုက်အခဲပျောက်ဆေးတွေ အများကြီးပါဝင်နေတယ်၊ အဲဒီတော့ သွေးလွန်တုတ်ကွေးဆိုတဲ့အတိုင်း ခန္ဓာကိုယ်ထဲက သွေးတွေထွက်နေတယ်၊ အကိုက်အခဲပျောက်ဆေးတိုက်ရင် သွေးထွက်တာပိုဆိုးလာမယ်၊ ကုသရေးမှာတော်တော်သတိထားရတယ် အဲဒီဆေးတွေသောက်ထားရင် ပိုပြီးအန္တရာယ်ရှိတယ်၊ ဗမာဆေးက အညိုရောင်ရှိတယ်၊ ကလေးရောဂါအခြေအနေဆိုးရင် အညိုရောင်တင်မကဘူး ကော်ဖီအနက်ရောင်တွေ အန်တယ်၊ တိုက်ထားတဲ့ဆေးကြောင့်အန်တာလား၊ သွေးလွန်တုတ်ကွေးဆိုးလာလို့ အန်တာလား ခွဲခြားလို့ မသိနိုင်ဘူး” ဟု ဆိုသည်။ မွန်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၈ ရက်နေ့အထိ …

Read More »

လိင်ပိုင်းအကြမ်းဖက်မှုနွံမှ အမျိုးသမီးတို့ရဲ့ ဘဝမလုံခြုံမှုများ

ဝံသမွန် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အိမ်တွင်းအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ ကလေးသူငယ်တွေနဲ့ မသန်စွမ်းတဲ့အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုမို များပြားလာခဲ့တာကို နေရာတိုင်းမှာလိုလို တွေ့မြင်နေရပါတယ်။ အဲဒီအပေါ်မှာတော့ မုဒိမ်းမှုကျုးလွန်ခံရတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ၊ မသန်စွမ်းအမျိုးသမီးတွေ ကတော့ စိတ်ပိုင်းရော၊ ရုပ်ပိုင်းဆိုင်ရာပါ အကြမ်းဖက်ခံရတဲ့အတွက် ကာယကံတွေရဲ့စိတ်ခံစားချက်၊ မိသားစုဝင်တွေရဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီး သူတို့တွေရဲ့ ဂုဏ်သိက္ခာနဲ့ လုံခြုံမှုအတွက် ရေးသားဖော်ပြမှုတွေ သိပ်မရှိကြပါဘူး။ ဒါတွေဟာ ဘာကြောင့်ဒီလိုမျိုးများပြားလာခဲ့သလဲ၊ မုဒိမ်းမှုတွေနဲ့ပတ်သက်ပြီး အရေးယူမှုတွေ အားနည်းနေတာကြောင့်လားဆိုတာကို လူမှုပတ်ဝန်းကျင်မှာ ဒွိဟဖြစ်စေခဲ့ပါတယ်။ အဲဒီလိုလိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့် အကြမ်းဖက်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ရင်တွင်းခံစားချက်ကို ဘေးလူ တစ်ဦးအနေနဲ့သာမာန်အဖြစ်အပျက်လို့သာခံစားရပေမယ့် တကယ့် စိတ်ခံစားချက်၊ ကိုယ်ချင်းစာစိတ်လေးနဲ့ …

Read More »

မွန်ဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထား

ရွှေရိုး (မော်လမြိုင်၊ ဇွန် ၁၈) မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ဦးတို့အား စိစစ်အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး (ရန်ကုန်ရုံးခွဲ) သို့ ယနေ့ ဇွန်လ ၁၈ ရက်နေ့စွဲဖြင့် မွန်ပြည်နယ် လူမှုအဖွဲ့အစည်းအချို့က တိုင်ကြားထားကြောင်း သိရသည်။ တင်ဒါလုပ်ထုံးလုပ်နည်းများ၊ ငွေရေးကြေးရေးလုပ်ထုံးလုပ်နည်းများနှင့် မညီပဲ လုပ်ကိုင်ခဲ့သည့်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ညိစွန်းမှု ရှိ၊ မရှိ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးပေးနိုင်ရန်နှင့် လိုအပ်သလိုအရေးယူဆောင်ရွက်ပေးနိုင်ရန် တိုင်ကြားခဲ့သည်ဟု ရေးမြို့နယ်အခြေစိုက် ရေတော်ဝင်သတင်းလွှာ အယ်ဒီတာချုပ် ဦးအောင်နိုင်ဝင်းက ပြောသည်။ “ပြီးခဲ့တဲ့ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ချောင်းဆုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး မေးမြန်းခဲ့တဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့ ပြည်နယ်အစိုးရရဲ့ ဝန်ကြီးနဲ့ ဝန်ကြီးချုပ်ဖြေဆိုခဲ့တာ ဥပဒေလုပ်ထုံး လုပ်နည်းနဲ့ …

Read More »