spot_img
Monday, May 6, 2024
More
    spot_img
    Homeသတင်းကန်ချနပူရီဘက်သို့သယ်ဆောင်သည့် ICE မူးယစ်ဆေး ၃၀၀ ကီလိုဂရမ်ကျော် စံချိန်တင်ဖမ်းဆီးမိ

    ကန်ချနပူရီဘက်သို့သယ်ဆောင်သည့် ICE မူးယစ်ဆေး ၃၀၀ ကီလိုဂရမ်ကျော် စံချိန်တင်ဖမ်းဆီးမိ

    -

    မွန်သတင်းအေဂျင်စီ(ဇွန် ၂၃)

    ထိုင်းဘတ်ငွေသန်း ၃၄၀ တန်ဘိုးခန့်ရှိ အလေးချိန် ၃၀၀ ကီလိုဂရမ်ကျော် Ice မူးယစ်ဆေးဝါးဟုခေါ်ဆိုသော မက်သာဖက်တမင်းပုံဆောင်ခဲ Crystal methamphetamine များကို ကန်ချနပူရီဘက်သို့ သယ်ဆောင်သူယာဉ်မောင်းများနှင့်အတူ ပစ်ကပ်ထရပ်ကားများပေါ်မှ ဇွန်လ ၂၁ ညပိုင်းက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

    အဆိုပါ ညပိုင်း ၈ နာရီအချိန်ခန့်တွင် ထောင်ဖာဖွန် Thong Pha Phum ၃ လမ်းဆုံ စစ်ဆေးရေးဂိတ်၌ ယာဉ်မောင်း Wissanu Chanma (အသက် ၃၃ နှစ်) ထံမှ ၁၂၆ ထုတ်ရှိ Ice မူးယစ်ဆေးစုစုပေါင်း ၁၂၆ ကီလိုဂရမ်၊ ယာဉ်မောင်း Narong Suksaraphan (အသက် ၃၆ နှစ်) ထံမှ ၇ ထုတ်ပါ စိတ်ကြွဆေး ၁ သောင်း ၄ ထောင်ပြား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

    ယာဉ်မောင်း Narong က ၎င်းမူးယစ်ဆေးများကို မြန်မာလူမျိုး Nueng ဆိုသူထံမှ ဘတ်ငွေ ၃ သိန်း ၅ သောင်းတန်ဘိုးဖြင့် ဝယ်ယူခဲ့သည်ဟု ထိုင်းအာဏာပိုင်ထံ ဝန်ခံခဲ့သော်လည်း နေရာဒေသကို သတင်းတွင် ဖော်ပြခဲ့ခြင်းမရှိပေ။

    ထို့အတူ ယာဉ်မောင်း Wissanu ထုတ်ဖော်ပြောဆိုချက်အရ ညသန်းခေါင်ကျော်အချိန်ခန့်၌ Sai Yok စစ်ဆေးရေးဂိတ်တွင် ကားနှစ်စီးကို ဆက်လက်ရှာဖွေဖမ်းဆီးခဲ့ရာ Nissan ပစ်ကပ်ကားတစ်စီးထဲမှ Ice မူးယစ်ဆေး ၂၁၁ ကီလိုဂရမ်ကို လူ ၃ ယောက်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

    အဆိုပါဖမ်းဆီးမိသော အလေးချိန် ၃၃၇ ကီလိုဂရမ်ရှိ Ice မူးယစ်ဆေးဝါးများသည် ထိုင်းနိုင်ငံပြင်ပ မှောင်ခိုဈေးကွက်သို့ ရောက်ရှိသွားပါက ဘတ်ငွေ ၁ ဒဿမ ၇ ဘီလီယံအထိတန်ဖိုးရှိနိုင်ကြောင်း ကန်ချနပူရီ Lat Ya စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး Sarawut Chaisit က ဆိုသည်။

    အလားတူ Ice မူးယစ်ဆေးဝါး အလေးချိန် ၉၈၅ ကီလိုဂရမ်ကို ချွန်ပူရီသင်္ဘောဆိပ်မှ ဖိလစ်ပိုင်နိုင်ငံသို့ ပို့ဆောင်မည့်ကွန်တိန်နာသေတ္တာတွင်၎င်း၊ Ice မူးယစ်ဆေးဝါး အလေးချိန် ၁ တန်ခွဲခန့်ကို ဖထုံဌာနီ Pathum Thani တွင်၎င်း ယခုလအတွင်း စံချိန်တင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။


    Photo- ဖမ်းဆီးရမိသည့် Ice မူးယစ်ဆေးအထုတ်များ ( Bangkok Post)


    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,200SubscribersSubscribe
    spot_img

    Latest posts