Homeသတင်းအရပ်ဖက်လူအဖွဲ့စည်းများ ကြိုတင်ခွင့်ပြုမိန့်တင်ရမည့်ကိစ္စ ပြန်လည်ပယ်ဖျက်မည်

အရပ်ဖက်လူအဖွဲ့စည်းများ ကြိုတင်ခွင့်ပြုမိန့်တင်ရမည့်ကိစ္စ ပြန်လည်ပယ်ဖျက်မည်

-

မွန်ပြည်နယ်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန အကြောင်းကြားစာ(Copy)

အရပ်ဖက်လူမှုအဖွဲ့စည်းများ မော်လမြိုင်မြို့နယ်ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများတွင် အလုပ်ရုံဆွေးနွေးပြုလုပ်ခြင်း၊ အစည်းအဝေးပြုလုပ်ခြင်းအား ခွင့်ပြုမိန့်ရရှိမှသာ ဆောင်ရွက်ရမည်ဆိုသော ထုတ်ပြန်ချက်ကို ပြန်လည်ပယ်ဖျက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

မေလ ၁၈ ရက်နေ့ ညနေပိုင်းတွင် မွန်ပြည်နယ်အစိုးရရုံး၌ မီဒီယာများကို ခေါ်ယူတွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားခြင်းဖြစ်သည်။

ဦးမြင့်သန်းဝင်းက “မွန်ပြည်နယ်အစိုးရအဖွဲ့ကို ကြိုတင်ခွင့်ပြုချက်တောင်းစရာမလိုဘူး၊ နောက်ပြီးတော့ မြို့နယ်ထွေအုပ်ကနေ ခွင့်ပြုမှ ဆောင်ရွက်ရမယ်ဆိုတာလည်း မဟုတ်ဘူး၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားစာကို ပြန်လည်ပယ်ဖျက်ပြီးတော့ ဆောင်ရွက်သွားမယ်” ဟု ပြောသည်။

၄င်းက ယင်းထုတ်ပြန်ချက်ကို ပယ်ဖျက်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနရုံးသို့ တနင်္လာနေ့တွင် ထုတ်ပြန်ချက်အသစ်ကို ဆက်လက်ညွှန်ကြားသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

မွန်ပြည်နယ်အစိုးရ လုံခြုံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတရပ်တွင် မော်မြိုင်မြို့နယ်အတွင်းရှိ ဟိုတယ်များ၌ အရပ်ဖက်လူမှူအဖွဲ့အစည်းများ အလုပ်ရုံဆွေးနွေးပြုလုပ်ပါက မွန်ပြည်နယ်အစိုးရထံ အသိပေးရမည့်ဆုံးဖြတ်ချက်အား အကောင်အထည်ဖော်သည့်နေရာတွင် နားလွဲမှုလွဲမှားခြင်းဖြစ်ကြောင်း ဆက်လက်ရှင်းပြသည်။

ဦးမြင့်သန်းဝင်းက “အသိပေးပြဖို့ ဆွေးနွေးခဲ့တာကို သက်ဆိုင်ရာ ခရိုင်ကနေ မြို့နယ်က တစ်ဦးချင်းအကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါမှာ ဒီလို (၁၀) ရက် ကြိုတင်ခွင့်ပြုမိန့်တင်ပြရမယ် ဆိုတာမျိုးဖြစ်သွားတယ်၊ ဒါကတော့ နားလည်မှုလွဲသွားတာပဲ” ဟု ပြောသည်။

အရပ်ဖက်လူမှူအဖွဲ့အစည်းများသည် ၂၀၁၆ ခုနှစ် အသင်းအဖွဲ့ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အလုပ်ရုံဆွေးနွေးပွဲကို လွတ်လပ်စွာဆောင်ရွက်နိုင်ကြောင်း မွန်ပြည်နယ်အစိုးရထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts