Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ဒေသဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် ပြည်နယ်အစိုးရအဖွဲ့ MoU လက်မှတ်ရေးထိုး

မွန်ဒေသဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် ပြည်နယ်အစိုးရအဖွဲ့ MoU လက်မှတ်ရေးထိုး

-

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာတစ်ဝိုက်တွင် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့ နှင့် Bedok Construction & Engineering Co,Ltd တို့အကြား ၂၀၁၇ ခုနှစ် မတ်လ ၉ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမတွင် နှစ်ဖက်နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေး ထိုးခဲ့ကြောင်း သိရသည်။

ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းတွင် ပါဝင်မည့် ရေနက်ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ စက်မှုဇုန် ဆောက်လုပ်သွားမည်ဖြစ်ပြီး ဒေသအတွင်းရှိ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဖြစ်သည့်အတွက် ကုမ္ပဏီနှင့် ပဏာမ သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှု နှင့် စည်ပင်ဝန်ကြီးဌာန ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြောသည်။

မွန်ပြည်နယ်အစိုးရနှင့် Bedok Construction & Engineering Co,Ltd တို့ MoU လက်မှတ်ရေးထိုးပွဲ(MOI)

လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် စည်ပင်ဝန်ကြီး ဦးမင်းထင်အောင်ဟန် က “မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပဏာမ နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးတာပဲလေ၊ ကျန်တာကျတော့ ပြည်နယ်အစိုးရအနေနဲ့ လုပ်ပိုင်ခွင့်မရှိဘူး၊ လျှပ်စစ် ၅၆၀ မဂ္ဂါဝပ်၊ ရေနက်ဆိပ်ကမ်း စီမံကိန်းအကုန်လုံးက ပြည်ထောင်စုနဲ့ ဆိုင်တယ်၊ ပြည်နယ်အစိုးရအနေနဲ့ ကန့်ကွက်မှုမရှိတဲ့အတွက် သဘောတူတယ်၊ နားလည်မှုစာချွန်လွှာ အသေးစားပေါ့” ဟု ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခုကဲသို့ လက်မှတ်ထိုးသဘောတူထားသည့် နားလည်မှုစာချွန်လွှာကို ပြည်နယ်လွှတ်တော်၊ ပြည်ထောင်စုအစိုးရသို့ ပေးပို့ရမည်ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် ခွင့်ပြုချက်ရရှိပြီးမှသာလျှင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

သံဖြူဇရပ်မြို့နယ်၊ သပြေရွာသစ်ကျေးရွာ မှ နိုင်မွန်ထောက “ ကုမ္ပဏီဘက်ကနေပြီးတော့ စက်မှုဇုန်၊ ငါး အအေးခန်းစက်ရုံလုပ်တာတော့ ဒေသဖွံ့ဖြိုးရေးအတွက် ကောင်းပါတယ်၊ ဒါပေမယ့် လျှစ်စစ်ဓာတ် အားပေး စက်ရုံကျတော့ ဂက်စ်နဲ့ ထုတ်မယ်လို့ပြောထားတယ်၊ ဂက်စ်မရှိရင် ကျောက်မီးသွေးနဲ့ လျှပ်စစ်မီး ထုတ်မှာကို ဒေသခံတွေက စိုးရိမ်နေတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် Bedok Construction & Engineering Co,Ltd ကုမ္ပဏီအနေဖြင့် အနင်းရွာပတ်ဝန်းကျင်တွင် စီမံကိန်းများအတွက် မြေနေရာ များလိုက်ပါဝယ်ယူနေပြီး သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်စပ်ကြားရှိ အနင်း ကျေးရွာ၊ သပြေရွာသစ်နှင့် ပလိုင်မှူးရွာဘက်တွင် မြေ ဧက ၇၀ဝ ကျော်ဝယ်ယူထားပြီးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts