Homeသတင်းမွန်ပြည်နယ်တွင် ၅၀ဝ တန် ထီလက်မှတ်များ ရောင်းအားကောင်း

မွန်ပြည်နယ်တွင် ၅၀ဝ တန် ထီလက်မှတ်များ ရောင်းအားကောင်း

-

မွန်ပြည်နယ်တွင် ကျပ်သိန်း ၁ သောင်းဆု ကျပ် ၅၀ဝ တန် ထီလက်မှတ်များ ရောင်းအားကောင်းနေသည်ဟု ထီအရောင်းကိုယ်စားလှယ်များနှင့် ပြည်နယ် အခွန်ဦးစီးဌာနထံမှ သိရသည်။

ပြည်နယ်တခုလုံးတွင် စာချုပ် ချုပ်ဆိုထားသည့် ထီအရောင်းကိုယ်စားလှယ်ပေါင်း ၁၈၇ ဦးနှင့် အရန်ထီ ရောင်းချသူ ၁၃ ဦးရှိပြီး ကျပ် ၅၀ဝ တန် ထီအုပ်ရေ ၂၃၄၄၈ နှင့် ကျပ် ၂၀ဝ တန် ထီအုပ်ရေ ၁၅၁၅ အုပ်တို့ကို ထီအရောင်းကိုယ်စားလှယ်တို့ထံ ပြည်နယ် အခွန်ဦးစီးဌာနက ထုတ်ပေးထားသည်။

ထီလက်မှတ်အရောင်းဆိုင်(MNA)

“၅၀ဝ တန် ထီလက်မှတ်က ဆုကြေးတွေ များတော့ လူတွေ စိတ်ဝင်စားမှု များတော့ ရောင်းအားကောင်းတဲ့ သဘောပါ။ တိုးလာတဲ့ ကိုယ်စားလှယ် ၁၃ ဦးကို အခု အရန်ထီ လက်မှတ်ပဲ ချထားပေးတယ်။ သုံးလပြည့်မှ ပင်မ ထီရောင်းဖို့ ချပေးမယ်။ ကိုယ်စားလှယ်တွေက ထီလက်မှတ်တွေကို အများကြီး ဝယ်ယူဖို့ လျောက်တဲ့အခါ အန်တီတို့မှာရှိတဲ့ ထီလက်မှတ်နဲ့ တွက်ပြီးပေးရတော့ ကိုယ်စားလှယ်တွေ လိုချင်တဲ့ စောင်ရေအတိုင်း မချပေးနိုင်တာလဲရှိတယ်” ဟု မွန်ပြည်နယ်အခွန် ဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုဦးက ပြောသည်။

ထီအရောင်းကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနထံတွင် ထုတ်ယူမည့် ထီလက်မှတ် အစောင်ရေတန်ဖိုးငွေပမာဏအတိုင်း အာမခံထားပြီး ကိုယ်စားလှယ်အဖြစ် လျှောက်ထားကြရမည်ဖြစ်သည်။

“၂၀ဝ တန် ထီတုန်းကထက် အခု ၅၀ဝ တန် ထီလက်မှတ်တွေက ပိုရောင်းအားကောင်းတယ်၊ ဆုကြေးငွေများလာလို့ ၅၀ဝ တန် ထီကို ပိုစိတ်ဝင်စားလာကြတယ်၊ ကျနော့်ဆိုင် တစ်နေ့ကို လေးသိန်း ကျော်ဖိုးလောက် ရောင်းရတယ်၊ ၂၀ဝ တန် ထီတုန်းကဆို တစ်နေ့ တစ်သိန်းတောင်မပြည့်ဘူး” ဟု မော်လမြိုင် အမှတ်(၁) ဈေးအနီးတွင် ထီရောင်းနေသည့် ကိုယ်စားလှယ်တဦးက ပြောသည်။

ထီအရောင်းကိုယ်စားလှယ်များသည် အခွန်ဦးစီးဌာနက သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း ရောင်းချရမည်ဖြစ်ပြီး စည်းကမ်းချိုးဖောက်ပါက အမည်ပျက်စာရင်းသွင်းခြင်း၊ အာမခံထားသည့်ငွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း၊ ထီရောင်းဝယ်မှု ရပ်ဆိုင်းခြင်းများ ပြုလုပ်သွားမည်ဟု ဒေါ်ချိုချိုဦးက ဆက်ပြောသည်။

ဆုကြေးငွေ ကျပ်သိန်း ၁ သောင်းဆု ကျပ် ၅၀ဝ တန် ထီလက်မှတ်များကို ပင်းရင်းထီဆိုင်များနှင့် မြို့တွင်းထီဆိုင်များက ကျပ် ၅၀ဝ ဖြင့်သာ ရောင်းချနေကြသော်လည်း တွန်းလှည်းအရောင်းသမား၊ လက်ပွေ့ရောင်းသမားတို့က ထီ ၁ စောင်လျှင် ကျပ် ၅၅၀၊ ၆၀ဝ၊ ၇၀ဝ ရောင်းချမှုရှိနေသည်ဟု ထီအရောင်းကိုယ်စားလှယ်တို့က ပြောသည်။

မွန်ပြည်နယ်တွင် ၂၀ဝ တန် ထီလက်မှတ်ရောင်းချခဲ့စဉ်က တစ်လလျှင် ထီအုပ်ရေ ၁၇၀၇၆၈ ရောင်းချခဲ့သည်ဟု ပြည်နယ်အခွန်ဦးစီးဌာနမှ သိရသည်

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts